🚁🚁🚁မီးခိုးအူသွားတဲ့(ရုပ်သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လေထီးဖြင့် ခုန်ထွက်လွတ်မြောက်(ရုပ်/သံ)

■ လေတပ်ဖရဲသီး သတင်းရင်းမြစ်က တိုက်လေယာဉ်ပျက်ကျမှု အတည်ပြု

ဖေဖော်ဝါရီ ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးပျက်ကျသွားပြီး လယ်ကွင်းထဲတွင် မီးလောင်ကျွမ်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန် စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို့ စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်တစ်စီး ပျက်ကျလာကြောင်း ၊ လေယာဉ်မှူးမှာမူ လေထီးဖြင့် ခုန်ထွက်လာနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“လေယာဉ်က ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာ ပျက်ကျတယ်။ စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက် တောင်ဘက် မှာ ပျက်ကျတာ။ အခု ရဟတ်ယာဉ်တွေ အများကြီးပဲ လာနေတယ်။ ရဲတွေလည်း လာနေကြပြီ။ လေယာဉ်မှူးကတော့တ စ်ဦးတည်းပဲ။ လေယာဉ်ကတော့ မီးလောင်နေတယ်” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္တြင္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္တစ္စီး ပ်က္က်၊ ေလယာဥ္မႉး ေလထီးျဖင့္ ခုန္ထြက္လြတ္ေျမာက္(႐ုပ္/သံ)
■ ေလတပ္ဖရဲသီး သတင္းရင္းျမစ္က တိုက္ေလယာဥ္ပ်က္က်မႈ အတည္ျပဳ
ေဖေဖာ္ဝါရီ ၂၉
မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္တြင္ ယေန႔ မြန္းလြဲပိုင္းတြင္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္တစ္စီးပ်က္က်သြားၿပီး လယ္ကြင္းထဲတြင္ မီးေလာင္ကြၽမ္းေနေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္ အခ်ိန္ စလင္းၿမိဳ႕နယ္၊ ႀကိဳဝန္းေက်း႐ြာ အေနာက္ေတာင္ဘက္ လယ္ကြင္းထဲသို႔ စစ္ေကာင္စီတပ္ဘက္မွ တိုက္ေလယာဥ္တစ္စီး ပ်က္က်လာေၾကာင္း ၊ ေလယာဥ္မႉးမွာမူ ေလထီးျဖင့္ ခုန္ထြက္လာႏိုင္ေၾကာင္း ေဒသျပည္သူတစ္ဦးက ရွင္းျပသည္။
“ေလယာဥ္က ဒီေန႔ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္မွာ ပ်က္က်တယ္။ စလင္းၿမိဳ႕နယ္၊ ႀကိဳဝန္းေက်း႐ြာ အေနာက္ ေတာင္ဘက္ မွာ ပ်က္က်တာ။ အခု ရဟတ္ယာဥ္ေတြ အမ်ားႀကီးပဲ လာေနတယ္။ ရဲေတြလည္း လာေနၾကၿပီ။ ေလယာဥ္မႉးကေတာ့တ စ္ဦးတည္းပဲ။ ေလယာဥ္ကေတာ့ မီးေလာင္ေနတယ္” ဟု ေဒသျပည္သူက ရွင္းလင္းေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *