ကြောက်စိတ်တွေသွင်းပြီး ကျုံးသွင်းနေတာ

ရန်ကုန်တွင် စစ်ကောင်စီ၏ ဖမ်းဆီး​ခြင်းခံရမည်ကို စိုးရိမ်သဖြင့် Smart Card ပြုလုပ်သူများလာ

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၂၉ ရက်

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရမည့်ကို စိုးရိမ်သဖြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးမှတ်ပါဝင်သော Smart Card ပြုလုပ်သူများလာ‌ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေကို အတည်ပြုခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ညပိုင်းအချိန် သွားလာနေသူများကို ဖမ်းဆီးနေခြင်းကြောင့် Smart Card ပြုလုပ်ရန်စိတ်ဝင်စားသူများလာကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

ိ”ကျွန်တော်တို့နားမှာ ( ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိရပ်ကွက်) နှစ်ပတ်တစ်ကြိမ်လာလုပ်တယ် ။ မှတ်ပုံတင် မိတ္တူပါရင်ကိုရပြီ ။ သူတို့ဆီမှာ အချက်အလက်က ရှိပြီးသား​တွေ။ တစ်ခုခုလွဲတာကို ကျပ် ၂၅၀၀၀ လောက်ပေးလိုက်ရုံနဲ့ရပြီ။ အခုက တစ်နေရာသွားရင်စစ်ဆေးတာများလွန်းလို့ Smart Card စာရွက်ထောင်ပြလိုက်ရင် ကြည့်တောင်မကြည့်တော့ဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရန်ကုန်မြို့ အဝင် အထွက်ဂိတ်များအပါအဝင် မြို့ထဲအတွင်း သွားလာနေစဥ် စစ်ဆေးခံရခြင်းများရှိပါက Smart Card စာရွက်ထုတ်ပြလိုက်လျှင် အဆင်ပြေကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

စစ်ကောင်စီသည် ယခင်ကတည်းကရှိသော ပန်းခင်းလမ်းစီမံချက်ဖြင့် မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ပြုလုပ်ပေးနေပြီး မှတ်ပုံတင်ရှိသူများကို Smart Card ပြောင်းလဲပေးနေကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

” ညဘက် တက္ကစီဆွဲနေတာဆိုတော့ တစ်ခုခုဖြစ်ရင်ပြရလွယ်အောင် Smart Card လုပ်ထားလိုက်တာ။ မှတ်ပုံတင်နဲ့ smart card ထဲက မွေးသက္ကရာဇ်တော့မတူဘူး။ လဝကက အမှားအတိုင်းလုပ်မလားမေးတော့ အဲဒီအတိုင်းပဲလုပ်လိုက်တာ။ ကျန်တာတော့တူတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ‌ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ e-Government စနစ်အကောင်အထည်ဖော်ရာတွင် အခြေခံဖြစ်သော e-ID စနစ်အကောင်အထည်‌ဖော်သည့်အနေဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူသည့် လုပ်ငန်းနှင့်တွဲ၍ တစ်ပြိုင်နက်တည်း ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်းသိရသည်။

e – ID စနစ်တွင် ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကို Database တွင်သိမ်းဆည်း၍ Unique ID နံပါတ် ဂဏန်း (၁၀) ပါဝင်သော Smart Card ထုတ်ပေးခြင်းဖြစ်သော်လည်း မှားယွင်းမှုများစွာရှိကြောင်း Smart Card ပြုလုပ်ထားသည့် စစ်ကောင်စီလရ်အောက်ခံ Non CDN ဝန်ထမ်းများထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

ရန္ကုန္တြင္ စစ္ေကာင္စီ၏ ဖမ္းဆီး​ျခင္းခံရမည္ကို စိုးရိမ္သျဖင့္ Smart Card ျပဳလုပ္သူမ်ားလာ
ဧရာဝတီတိုင္းမ္
ေဖေဖာ္ဝါရီ ၂၉ ရက္
ရန္ကုန္ၿမိဳ႕တြင္ စစ္ေကာင္စီ၏ ဖမ္းဆီးျခင္းခံရမည့္ကို စိုးရိမ္သျဖင့္ ဒစ္ဂ်စ္တယ္ ကိုယ္ေရးမွတ္ပါဝင္ေသာ Smart Card ျပဳလုပ္သူမ်ားလာ‌ေၾကာင္း သိရသည္။
စစ္ေကာင္စီသည္ စစ္မႈထမ္း ဥပေဒကို အတည္ျပဳခဲ့ၿပီးေနာက္ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ညပိုင္းအခ်ိန္ သြားလာေနသူမ်ားကို ဖမ္းဆီးေနျခင္းေၾကာင့္ Smart Card ျပဳလုပ္ရန္စိတ္ဝင္စားသူမ်ားလာေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားထံက သိရသည္။
ိ”ကြၽန္ေတာ္တို႔နားမွာ ( ရန္ကုန္ၿမိဳ႕ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိရပ္ကြက္) ႏွစ္ပတ္တစ္ႀကိမ္လာလုပ္တယ္ ။ မွတ္ပုံတင္ မိတၱဴပါရင္ကိုရၿပီ ။ သူတို႔ဆီမွာ အခ်က္အလက္က ရွိၿပီးသား​ေတြ။ တစ္ခုခုလြဲတာကို က်ပ္ ၂၅၀၀၀ ေလာက္ေပးလိုက္႐ုံနဲ႔ရၿပီ။ အခုက တစ္ေနရာသြားရင္စစ္ေဆးတာမ်ားလြန္းလို႔ Smart Card စာ႐ြက္ေထာင္ျပလိုက္ရင္ ၾကည့္ေတာင္မၾကည့္ေတာ့ဘူး” ဟု သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ေနထိုင္သူ အမ်ိဳးသားတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။
ရန္ကုန္ၿမိဳ႕ အဝင္ အထြက္ဂိတ္မ်ားအပါအဝင္ ၿမိဳ႕ထဲအတြင္း သြားလာေနစဥ္ စစ္ေဆးခံရျခင္းမ်ားရွိပါက Smart Card စာ႐ြက္ထုတ္ျပလိုက္လွ်င္ အဆင္ေျပေၾကာင္း ၎ က ဆက္လက္ေျပာၾကားသည္။
စစ္ေကာင္စီသည္ ယခင္ကတည္းကရွိေသာ ပန္းခင္းလမ္းစီမံခ်က္ျဖင့္ မွတ္ပုံတင္မရွိသူမ်ားကို မွတ္ပုံတင္ျပဳလုပ္ေပးေနၿပီး မွတ္ပုံတင္ရွိသူမ်ားကို Smart Card ေျပာင္းလဲေပးေနေၾကာင္း စစ္ေကာင္စီ၏ လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနထံမွ သိရသည္။
” ညဘက္ တကၠစီဆြဲေနတာဆိုေတာ့ တစ္ခုခုျဖစ္ရင္ျပရလြယ္ေအာင္ Smart Card လုပ္ထားလိုက္တာ။ မွတ္ပုံတင္နဲ႔ smart card ထဲက ေမြးသကၠရာဇ္ေတာ့မတူဘူး။ လဝကက အမွားအတိုင္းလုပ္မလားေမးေတာ့ အဲဒီအတိုင္းပဲလုပ္လိုက္တာ။ က်န္တာေတာ့တူတယ္” ဟု တကၠစီယာဥ္ေမာင္းတစ္ဦးက ဧရာဝတီတိုင္းမ္ကို ‌ေျပာသည္။
လက္ရွိတြင္ စစ္ေကာင္စီသည္ ျမန္မာႏိုင္ငံ၏ e-Government စနစ္အေကာင္အထည္ေဖာ္ရာတြင္ အေျခခံျဖစ္ေသာ e-ID စနစ္အေကာင္အထည္‌ေဖာ္သည့္အေနျဖင့္ လူတစ္ဦးခ်င္းစီ၏ ကိုယ္ေရးအခ်က္အလက္ႏွင့္ ဇီဝဆိုင္ရာအခ်က္အလက္မ်ားေကာက္ယူသည့္ လုပ္ငန္းႏွင့္တြဲ၍ တစ္ၿပိဳင္နက္တည္း ၂၀၂၄ ခုႏွစ္ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းေကာက္ယူေနျခင္းျဖစ္ေၾကာင္းသိရသည္။
e – ID စနစ္တြင္ ကိုယ္ေရးအခ်က္အလက္ (Biographic Data) ႏွင့္ ဇီဝဆိုင္ရာ အခ်က္အလက္ (Biometric Data) ကို Database တြင္သိမ္းဆည္း၍ Unique ID နံပါတ္ ဂဏန္း (၁၀) ပါဝင္ေသာ Smart Card ထုတ္ေပးျခင္းျဖစ္ေသာ္လည္း မွားယြင္းမႈမ်ားစြာရွိေၾကာင္း Smart Card ျပဳလုပ္ထားသည့္ စစ္ေကာင္စီလရ္ေအာက္ခံ Non CDN ဝန္ထမ္းမ်ားထံက သိရသည္။
ဓာတ္ပုံ – လူမႈကြန္ရက္

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *