ခဝေးဆွဲတဲ့နန်းကြီးသုတ်

မြင်းမူမြို့တွင် စစ်ကား ၉ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု Non CDM ထွေအုပ် ဝန်ထမ်း ၁ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ အထက ၁ ကျောင်းကို ဝင်ရောက်လာသော စစ်ကား ၉ စီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း CDSOM မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း သံပြားကား ၉ စီးဖြင့် ဝင်ရောက်လာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို CDSOM 001 Drone Team နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များက Shar Htoo Waw နည်းပညာ Fixed Wing Drone ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ-CDSOM 001 Drone Team နှင့် မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ- MCRF ၊ မြောင်မြို့နယ် ပ.လ.ဖ ၊ ဝံပုလွေပြောက်ကျားအဖွဲ့-ခင်ဦး တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၃ စီး ထပ်မံရောက်ရှိလာပြီး စုစုပေါင်း အင်အား ၃၀၀ ခန့်ဖြင့် မြင်းမူမြို့ အထက ၁ ကျောင်းတွင် တပ်စွဲခဲ့ပြီး ၆၀ မမ လက်နက်ကြီးများဖြင့် မြင်းမူမြို့ပေါ်ရှိ နေအိမ်များကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်များကို ပစ်ခတ်ခဲ့သောကြောင့် မာဃရပ်ကွက်မှ အသက် ၇၅ နှစ်အရွယ် အဖွားအို ၁ ဦး၊ ဈေးအကွေ့ ဆေးဆိုင်မှ အမျိုးသား ၁ ဦးနှင့် Non CDM ထွေအုပ် ဝန်ထမ်း ၁ ဦးတို့ သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“တော်လှန်ရေး အဖွဲ့က Drone Mission လုပ်တဲ့အတွက် မြို့ထဲကို ရမ်းပစ်တယ်လို့ သိရပါတယ်။ မြင်းမူ အထက ၁ စာသင်ကျောင်းထဲက စစ်ခွေးတွေပစ်တာ မြို့ပေါ် မာဃရပ်ကွက်က ၇၅ နှစ်အရွယ် အမေကြီး တစ်ယောက်နဲ့ ဈေးအကွေ့ဆေးဆိုင်က ယောကျာ်းလေးတစ်ယောက်လို့ သိရတယ်။ Non CDM ထွေအုပ် ဝန်ထမ်း ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးတယ်” ဟု Black Eagle Defence Force – MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ျမင္းမူၿမိဳ႕တြင္ စစ္ကား ၉ စီးကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ဒ႐ုန္းျဖင့္ ဗုံးက်ဲ တိုက္ခိုက္၊ စစ္တပ္က လက္နက္ႀကီးျဖင့္ ျပန္လည္ ပစ္ခတ္မႈ Non CDM ေထြအုပ္ ဝန္ထမ္း ၁ ဦးႏွင့္ ျပည္သူ ၂ ဦး ေသဆုံး
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၉
စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕ရွိ အထက ၁ ေက်ာင္းကို ဝင္ေရာက္လာေသာ စစ္ကား ၉ စီး ဒ႐ုန္းျဖင့္ ဗုံးက်ဲ တိုက္ခိုက္ခဲ့ေၾကာင္း CDSOM ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္လုံၿခဳံေရးအဖြဲ႕ထံမွ သိရသည္။
ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ မြန္းလြဲ ၁၂ နာရီခန႔္တြင္ ျမင္းမူၿမိဳ႕ အထက ၁ ေက်ာင္းဝင္းအတြင္း သံျပားကား ၉ စီးျဖင့္ ဝင္ေရာက္လာသည့္ အင္အား ၂၀၀ ပါ အၾကမ္းဖက္ စစ္တပ္ ယာဥ္တန္းကို CDSOM 001 Drone Team ႏွင့္ မဟာမိတ္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက Shar Htoo Waw နည္းပညာ Fixed Wing Drone ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံၿခဳံ ေရးအဖြဲ-CDSOM 001 Drone Team ႏွင့္ ျမင္းမူၿမိဳ႕ျပေတာ္လွန္ေရးအဖြဲ- MCRF ၊ ေျမာင္ၿမိဳ႕နယ္ ပ.လ.ဖ ၊ ဝံပုေလြေျပာက္က်ားအဖြဲ႕-ခင္ဦး တို႔က ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရွိရသည္။
ယင္းေန႔ ညေန ၃ နာရီခန႔္တြင္ အၾကမ္းဖက္ စစ္တပ္၏ စစ္ကား ၃ စီး ထပ္မံေရာက္ရွိလာၿပီး စုစုေပါင္း အင္အား ၃၀၀ ခန႔္ျဖင့္ ျမင္းမူၿမိဳ႕ အထက ၁ ေက်ာင္းတြင္ တပ္စြဲခဲ့ၿပီး ၆၀ မမ လက္နက္ႀကီးမ်ားျဖင့္ ျမင္းမူၿမိဳ႕ေပၚရွိ ေနအိမ္မ်ားကို ပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္။
အၾကမ္းဖက္ စစ္တပ္၏ လက္နက္ႀကီးမ်ားျဖင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ားကို ပစ္ခတ္ခဲ့ေသာေၾကာင့္ မာဃရပ္ကြက္မွ အသက္ ၇၅ ႏွစ္အ႐ြယ္ အဖြားအို ၁ ဦး၊ ေဈးအေကြ႕ ေဆးဆိုင္မွ အမ်ိဳးသား ၁ ဦးႏွင့္ Non CDM ေထြအုပ္ ဝန္ထမ္း ၁ ဦးတို႔ ေသဆုံးၿပီး ၅ ဦးထိခိုက္ဒဏ္ရာရရွိ ခဲ့ေၾကာင္း သိရသည္။
“ေတာ္လွန္ေရး အဖြဲ႕က Drone Mission လုပ္တဲ့အတြက္ ၿမိဳ႕ထဲကို ရမ္းပစ္တယ္လို႔ သိရပါတယ္။ ျမင္းမူ အထက ၁ စာသင္ေက်ာင္းထဲက စစ္ေခြးေတြပစ္တာ ၿမိဳ႕ေပၚ မာဃရပ္ကြက္က ၇၅ ႏွစ္အ႐ြယ္ အေမႀကီး တစ္ေယာက္နဲ႔ ေဈးအေကြ႕ေဆးဆိုင္က ေယာက်ာ္းေလးတစ္ေယာက္လို႔ သိရတယ္။ Non CDM ေထြအုပ္ ဝန္ထမ္း ၁ ဦး စုစုေပါင္း ၃ ဦး ေသဆုံးတယ္” ဟု Black Eagle Defence Force – MMU အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *