မြောက်ဥက္ကလာပ အီးပီစီ💣💣💣အုန်းး အုန်းး အုန်းး

မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးအနီးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲ

ရန်ကုန်၊ မတ် ၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံးတွင် ယနေ့ ညနေပိုင်း ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၆ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ မြိုနယ်လျှပ်စစ်ရုံးအနီးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အခုညနေ ၆ နာရီ ၁၆ မိနစ်အချိန် မြောက်ဥက္ကလာ ၂ လုံးဆက်တိုက် အုန်းကနဲပဲ။ အသံကတော့ အောင်ချက်ပဲ။ လူထိခိုက်မှုတော့မရှိဘူး။ မီတာရုံးကို ဖောက်တာလို့ သိရတယ်။

စစ်သားနဲ့ရဲတွေ လာစစ်ပြီး ဗုံးကျန်၊ မကျန် ထပ်လာစစ်တယ်။” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။ ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေး ယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *