Breaking News -ကနီမြို့ ဆို့အောက်

Breaking News – ကနီမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိ

မတ်လ ၇

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အတည်ပြုသိရသည်။

ကနီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက မတ် ၂ ရက်နေ့၌ စတင်၍ တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် အပြီးသတ်ထိန်းချုပ်သိမ်းပိုက်နိုင်လိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ထံမှ သိရသည်။

” စကစ ဆယ့်နှစ်ယောက် အရှင်မိတယ်။ ဒီကနေ့ညနေမှာ အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။တိုက်ပွဲတွင် အခြေအနေမလှတော့သဖြင့် စစ်ကောင်စီတပ်ဖွဲ့အချို့မှာ ရေယာဥ်ဖြင့် မြစ်ကြောင်းအတိုင်း ထွက်ပြေးရန်ကြံစည်သော်လည်း အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ကနီမြို့တိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်း၊ ထွေအုပ်ရုံးတို့၌ အထိုင်ချခံစစ်ပြင်ကာ ကျန်စစ်ကောင်စီတပ်များက ဘုရားကုန်းပေါ်သို့ပြေး၍ ခုခံစစ်ဆိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတစ်လျှောက်နေ့စဥ်ရက်ဆက် လေကြောင်းပစ်ကူများအသုံးပြုခဲ့သောကြောင့် ရပ်ကွက်အချို့မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူအချို့လည်း ​ေ.သ.ဆုံး.ခဲ့ကြောင်းသိရသည်။ သို့သော် အရေအတွက်ကို အတည်ပြုဆဲဖြစ်သည်။တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးအခြေအနေကိုလည်း စုံစမ်းလျက်ရှိပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *