သီရိပျံချီဘွဲ့ တောင်ရလိုက်သေးတယ်

ဝိုင်းမော်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်း ကို KIA က ပစ်ခတ် တိုက်ခိုက်မှု ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ မတ် ၇

ကချင်ပြည်သူနယ်၊ ဝိုင်းမော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်း ကို KIA က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၇ ရက်နေ့တွင် လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်း ဦးဆောင်သော အဖွဲ့ကို KIA က ဝိုင်းမော်မြို့ အထွက်တွင် ကြားဖြတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“လီဆူး ပြည်သူ့စစ် ခေါင်းဆောင် ရွှေမင်းသေပြီ ဒီနေ့ မနက် ဝိုင်းမော်အထွက်မှာ KIA ကကြားဖြတ် တိုက်ခိုက်လို့ သေတာ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်းသည် စစ်ကောင်စီက ချီးမြှင့်သည့် သီရိပျံချီဘွဲ့ကို ရရှိထားသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရထားခဲ့ကြောင်း၊ ဦးရွှေမင်းသည် ပြည်သူ့စစ်အဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ နိုဝင်ဘာလ ၁ ရက်နေ့အချိန် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

ဝိုင္းေမာ္ၿမိဳ႕နယ္တြင္ စစ္တပ္ လက္ေအာက္ခံ လီဆူး ျပည္သူ႔စစ္ ေခါင္းေဆာင္ ေ႐ႊမင္း ကို KIA က ပစ္ခတ္ တိုက္ခိုက္မႈ ပြဲခ်င္းၿပီး ေသဆုံး
ရန္ကုန္၊ မတ္ ၇
ကခ်င္ျပည္သူနယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္တပ္ လက္ေအာက္ခံ လီဆူး ျပည္သူ႔စစ္ ေခါင္းေဆာင္ ေ႐ႊမင္း ကို KIA က ပစ္ခတ္ တိုက္ခိုက္ရာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း ေဒသတြင္း စစ္ေရး သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ယေန႔ မတ္လ ၇ ရက္ေန႔တြင္ လီဆူး ျပည္သူ႔စစ္ ေခါင္းေဆာင္ ေ႐ႊမင္း ဦးေဆာင္ေသာ အဖြဲ႕ကို KIA က ဝိုင္းေမာ္ၿမိဳ႕ အထြက္တြင္ ၾကားျဖတ္ တိုက္ခိုက္ရာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။
“လီဆူး ျပည္သူ႔စစ္ ေခါင္းေဆာင္ ေ႐ႊမင္းေသၿပီ ဒီေန႔ မနက္ ဝိုင္းေမာ္အထြက္မွာ KIA ကၾကားျဖတ္ တိုက္ခိုက္လို႔ ေသတာ” ဟု ေဒသတြင္း စစ္ေရး သတင္းရင္းျမစ္က ေျပာဆိုသည္။
စစ္တပ္လက္ေအာက္ခံ ျပည္သူ႔စစ္ ေခါင္းေဆာင္ ဦးေ႐ႊမင္းသည္ စစ္ေကာင္စီက ခ်ီးျမႇင့္သည့္ သီရိပ်ံခ်ီဘြဲ႕ကို ရရွိထားသူျဖစ္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာအတြက္ အႏိုင္ရထားခဲ့ေၾကာင္း၊ ဦးေ႐ႊမင္းသည္ ျပည္သူ႔စစ္အဖြဲ႕ကို စစ္တပ္အာဏာသိမ္းၿပီး ၂၀၂၁ ႏိုဝင္ဘာလ ၁ ရက္ေန႔အခ်ိန္ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္တြင္ ဖြဲ႕စည္းခဲ့ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *