၂ကျပ်ကွက်နင်းတဲ့ခဝေး(ရုပ်သံ)
မြင်းခြံကံစွယ်ဘုန်းကြီးကျောင်းကိုစစ်တပ်ကမီးရှို့ပြီး PDFလွှဲချပေမယ့် ဒေသခံတွေက စစ်တပ်ကမီးရှို့သွား ( ရုပ်/သံ)
မတ်လ ၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံဆွယ်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး PDFတွေမီးရှို့တာလို့ လွှဲချပေမယ့် ဒေသခံပြည်သူတွေက စစ်တပ်မီးရှို့သွားတာကို ရုပ်/သံနဲ့တကွ ချပြလာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ညနေ၃နာရီခန့်က ကံစွယ်ရွာထဲကို အကြမ်းဖက်ဝင်ရောက်လာပြီးကျေးရွာအတွင်း ကျန်ရှိနေသေးတဲ့ပြည်သူအချို့ကို ဖမ်းဆီးကာ ကံဆွယ် ကျေးရွာ ဘုန်းကြီးကျောင်း (ဒေသအခေါ် မြောက်ကျောင်း)ကို မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးထားသော ပြည်သူများကို PDF တပ်ဖွဲ့က မီးရှို့သွားတယ် အော်ခိုင်းကာ ဓာတ်ပုံရိုက်ယူသွားပြီးဘုန်းကြီး ကျောင်းမီးလောင်ရာကတဆင့် အနီးအနားရှိ ပြည်သူ့နေအိမ် ၇ လုံးပါ မီးလောင်ပြာကျသွားတာလို့သိရပါတယ်။
“ခွေးတွေက သူတို့ဘာသာသူတို့ဘုန်းကြီးကျောင်းကိုမီးရှို့တယ်။ ပြီးတော့ PDFတွေက ရှို့သွားတာလို့အော်ခိုင်ပြီး မှတ်တမ်းတင်သွားသေးတယ်။ အတော်ယုတ်တဲ့ခွေးတွေ။ ဘုန်းကြီးကျောင်းနဲ့အိမ်၇လုံး ပြာကျသွားတယ်။ ဘယ်PDFကမှမီးမရှို့ဘူးခွေးတပ်ကရှို့တာ”လို့ကံဆွယ်ရွာသားတဦးက ပြောပါတယ်။
မြင်းခြံခရိုင်အတွင်းက အကြမ်းဖက်စစ်အုပ်စုကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏတိုက်ခိုက်ချေမှုန်းနေသလို အကြမ်းဖက်စစ်အုပ်စုတပ်ကလည်း ဒေသခံနေအိမ်တွေကိုမီးနဲ့ရှို့၊ တန်ဖိုးကြီးပစ္စည်းတွေကိုအဓမ္မခိုးယူနေကြတာဖြစ်ပါတယ်။
မတ်လ ၇
Comments
No comments yet. Why don’t you start the discussion?
Leave a Reply
Your email address will not be published. Required fields are marked *