မန်းလေး UG တွေကို လေးစားတယ်

မန္တလေးတွင် မြို့အဝင်၊အထွက် စောင့်ကြည့် CCTV အထိုင်စက်အား ဖောက်ခွဲဖျက်ဆီး

စစ်ကောင်စီ​၏ မန္တလေးမြို့အဝင်၊အထွက် မှတ်တမ်းတင် စောင့်ကြည့် CCTV ကင်မရာအထိုင်စက်အား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အောင်စည်တော် AST-MDY- ရွှေတောင်ပံ စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။မတ်လ ၇ရက် နံနက် ၈နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊၂၂လမ်းနှင့် ကန် ပတ်လမ်းပေါ်ရှိ CCTV Main Server အထိုင်ပုံးအား ဖောက်ခွဲဖျက်ဆီးခဲ့ရာ အသုံးပြု၍ မရသည်အထိ ဖောက်ခွဲနိုင်ခဲ့ကြောင်း AST-MDY- ရွှေတောင်ပံ စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

“၂၂နဲ့ ကန်ပတ်လမ်းအထိုင်က ရွှေကျင်တိုးဂိတ်ကို ထိန်းထားတာပါ။”ဟု ၎င်းက ရှင်းပြသည်။ရွှေကျင်တိုးဂိတ်မှာ မန္တလေး-မတ္တရာလမ်းမကြီးပေါ်တွင်တည်ရှိပြီး တော်လှန်ရေးအားကောင်းနေသော စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမြောက် ခြမ်းတို့ရှိ ဒေသများနှင့် အဝင်၊ အထွက်ပြုရာဂိတ်တစ်ခု ဖြစ်သည်။

အလားတူ အခြားတစ်နေရာရှိ မန္တလေးမြို့အဝင်အား ထိန်းချုပ်ထားသော CCTV အထိုင်အား ဖောက်ခွဲရန် စီစဥ်ခဲ့သော်လည်း အထိုင်ပုံးပတ်လည်တွင် ပြည်သူများရှိနေ၍ စစ်ဆင်ရေးရုပ်သိမ်းခဲ့ကြောင်း AST-MDY- ရွှေတောင်ပံ စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

မန္တလေးမြို့အဝင်နေရာများအား စစ်တပ်က တင်းကြပ်စွာ ထိန်းချုပ်ထား၍ သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအား ထိခိုက်စေလိုမှုမရှိဟု အောင်စည်တော်၏ ရွှေတောင်ပံစစ်ဆင်ရေး (မန္တလေး)က ထပ်မံအသိပေးသည်။

စစ်အုပ်စုကြီးစိုးနေသော မန္တလေးမြို့ပေါ်တွင် ပုံမှန်အနေအထားဖြင့် သွေးအေးမနေစေရန် အဓိကရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ရဲဘော်များသည် အချိန်အခါ အခွင့်အရေးအား စောင့်စားနေခြင်းသာဖြစ်ပြီး သွေးအေးသွားမည်မဟုတ်ဟု အောင်စည်တော်၏ ရွှေတောင်ပံစစ်ဆင်ရေး (မန္တလေး)က ထုတ်ပြန်ထားသည်။

(မန္တလေးမြို့အဝင် နေရာတခုအား တွေ့ရစဉ်။ ဓာတ်ပုံ – The Burmese Nomad)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *