ကိုလှဆွေတို့ ဘယ်လိုဖြစ်ကြတာတုန်း

ဟားခါးမြို့က စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက် ရုံးတခုမှာ လုံခြုံရေးယူထားတဲ့ ရဲ ၅ ဦးကို လက်နက်များနဲ့အတူ ဖမ်းဆီးထိန်းသိမ်း…
++++++++++++++
မတ်လ ၈ – ၂၀၂၄

ချင်းပြည်နယ်၊ ဟားခါးမြို့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံးမှာ လုံခြုံရေးယူထားတဲ့ ရဲအရာရှိ ၁ ဦးအပါ ရဲ ၅ ဦးကို လက်နက်များနဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Chinland Defense Force – Hakha က ထုတ်ပြန်ထားပါတယ်။

ဟားခါးမြို့ပေါ်က နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံးကို လုံခြုံရေးယူထားတဲ့ ရဲအုပ် ၁ ဦး အပါအဝင် ရဲတပ်သား ၅ ဦးကို မတ်လ ၆ ရက်နေ့ ညပိုင်းက သေနတ် ၆ လက်၊ ခဲယမ်းများနဲ့အတူ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများကို ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *