ခုလိုကျတော့လည်းကြောက်လိုက်တာပြားနေရော(ရုပ်သံ)

ဒေါ့ဖုန်းယန်ခလရ ၁၄၂ကစစ်သားတွေ လက်နက်ချအညံ့ခံ (ရုပ်သံ)

မတ်လ ၈

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲက အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ခလရ ၁၄၂တပ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချအညံ့ခံထားတဲ့ ရုပ်/သံလူမှု့ကွန်ယက်ပေါ်ပျံ့နှံ့လာပါတယ်။

မနေ့က အဲ့ဒီစခန်းကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ စခန်းပေါ်ကစစ်သားတွေလက်နက်ချအညံ့ခံလာတာဖြစ်ပြီး စခန်းကိုတော့ မီးရှို့ဖျက်စီးလိုက်ပြီလို့သိရပါတယ်။

စစ်အုပ်စုဘက်က ကချင့်စစ်မျက်နှာမှာ အရေးမလှဖြစ်နေပြီး မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြသလို ဝေဟင်ကနေပါ ဗုံးကြဲတိုက်ခိုက်နေကြတယ်လို့သိရပါတယ်။

KIAဘက်က မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းပေါ်က စစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်နေပြီး မနေ့က စစ်အုပ်စုစခန်း ၉ခုထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်နေသလို ဒီနေ့မှာလည်း နှစ်ဘက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

မတ်လ ၈

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *