ရေမွှေးပုလင်းလေးကွဲသွားလို့ ဝမ်းနည်းနေတဲ့ ချစ်သူနေဆန်းကို ပျော်ရွှင်သွားစေအောင်လုပ်ပေးလိုက်တဲ့ အဆိုတော် Brown

ရေမွှေးပုလင်းလေးကွဲသွားလို့ ဝမ်းနည်းနေတဲ့ ချစ်သူနေဆန်းကို ပျော်ရွှင်သွားစေအောင်လုပ်ပေးလိုက်တဲ့ အဆိုတော် Brown

ပရိသတ်ကြီးရေ… မွန် တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ နေဆန်းကတော့ အွန် လိုင်းပေါ်က ဗီဒီယိုအတိုလေးတွေနဲ့ နာမည်ကြီးခဲ့သူဖြစ် ပါတယ်။ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ဆယ်လီဘရစ်တီတစ်ယောက်အဖြစ် နိုင်ငံအနှံ့မှာ နာမည်ရနေတဲ့ နေဆန်းဟာ သူရဲ့ တစ်နေ့တာဖြစ်ပျက် သမျှကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဖော်ပြနေ တာပဲဖြစ်ပါတယ်။

ဆန်းဟာ လက်ရှိမှာ အဆိုတော် Brown နဲ့ သူငယ်ချင်းမက ချစ်သူမကျတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတာဖြစ်ပြီး အပြန်အလှန် လက်ဆောင်တွေလည်း ပေးနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ နေဆန်းရဲ့မွေးနေ့မှာတော့ Brown က သိန်းချီတန်တဲ့ ရေမွှေးပုလင်းကို လက်ဆောင်အဖြစ်ပေးခဲ့ပြီး အဆိုပါ ရေမွှေးပုလင်းက နေဆန်းရဲ့ ပေါ့လျော့မှုကြောင့် ကျကွဲ သွားခဲ့ပါတယ်။ နေဆန်းကလည်း Brown ပေးတဲ့ လက်ဆောင်လေး ပျက်စီးသွားလို့ စိတ်မကောင်းဖြစ်နေ ရချိန် Brown က ချက်ချင်းဆိုသလို နောက်ထပ်ရေမွှေး အသစ်တစ်ပုလင်းကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

Brown နဲ့ နေဆန်းတို့ကတော့ ချစ်သူတွေမဟုတ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာပျော်ရွှင်စေ ချင်ကြတာဖြစ်ပါတယ်။ပရိသတ် ကြီးလည်း ချစ်စရာကောင်းတဲ့ Brown နဲ့ နေဆန်းတို့ရဲ့ ဆက်ဆံရေးကို သဘောကျကြမယ်လို့ ထင်ပါတယ် နော်။

Credit;

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *