Asian Academy Creative Awards မှာမင်းသမီး ဆောင်းဟေကျို (အွန်စော) နဲ့အတူတူ ဆန်ကာတင်စာရင်းဝင်ခဲ့ကြောင်း ပြသလာတဲ့ ပန်းရောင်ခြယ်

Asian Academy Creative Awards မှာမင်းသမီး ဆောင်းဟေကျို (အွန်စော) နဲ့အတူတူ ဆန်ကာတင်စာရင်းဝင်ခဲ့ကြောင်း ပြသလာတဲ့ ပန်းရောင်ခြယ်

ပရိသတ်ကြီးရေ… အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ ချိုသာ ကြည်အေးတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ့အပြင် မျက်နှာလေးကလည်း ရိုးသားဖြူစင်မှုအပြည့်ရှိတာ ကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားသူဖြစ်ပါ တယ်။ အဆိုတော်တစ်ယောက်ဆိုပေမယ့် ဇာတ်ကား တွေကိုလည်း ရိုက်ကူးနေလျက်ရှိတဲ့ ပန်းရောင်ခြယ်ဟာ ဒီကနေ့မှာလည်း သူမရဲ့ “တမြေမြေမိုး” ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ Asian Academy Creative Awards မှာ ဆန်ကာတင်စာရင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပန်းရောင်ခြယ်က “Asian Academy Creative Awards မှာ အကောင်းဆုံး အမျိုးသမီးဇတ်ဆောင် ဆု အတွက် ဒုတိယအကြိမ် Nomination ကို တမြေ့မြေ့မိုး နဲ့ ဝင်သွား ပါတယ် … Grand Prize ကို မမှန်းပါဘူး၊ ကိုယ်ငယ်ငယ် ထဲက ကိုရီးယားမင်းသမီးတွေထဲမှာ ထိပ်ဆုံးအားကျပြီး ချစ်ရတဲ့ Song Hye Kyo လေးနဲ့အတူ Nomination ပါ ခွင့်ရပြီး The Glory ဇတ်ကားထဲမှာလဲ သူ ရက်စက် တော်တဲ့အတွက် အွန်စောလေး မဟုတ်ရင် တစ်ယောက်ယောက် ရပါလိမ့်မယ် … တမြေမြေမိုးအဖွဲ့သားယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် ဒီ Category ထဲမှာ မြန်မာနိုင်ငံကိုယ်စားပြု National Winner ဖြစ်ခွင့်ရတဲ့အတွက်လဲ ဝမ်းသာပါတယ်ရှင့်။ ပန်းရောင်ကို ချစ်ပေးတဲ့ ယောက်စီတိုင်းလဲ ကျေးဇူး အထူးပါရှင့်၊ အများကြီးဆက်ကြိုးစားသွားပါမယ် အနားမှာအမြဲရှိပေးရင်း ခွန်အားတွေလဲပေးတဲ့အတွက် Big Thank You To My Family 9O And Endless Thank You To God I” ဆိုပြီး ပြောလာခဲ့ ပါတယ်။

ပန်းရောင်ခြယ်ကတော့ Asian Academy Creative Awards မှာ “တမြေ့မြေ့မိုး” ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုမှာ တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး မင်းသမီး ဆောင်းဟေကျို (အွန်စော) နဲ့အတူတူ ဆန် ကာတင်စာရင်းဝင်ခဲ့တာမို့ ဆုမရတောင် အရမ်းကြီး ဝမ်းသာတယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *