မြဝတီမှာပွဲကနေတော့ ထိုင်းဘက်ကလုံခြုံရေးလှည့်လည်

မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်နှင့် လက်ခတ်တောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ကင်းလှည့်နေ

ရန်ကုန်၊မတ် ၁၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်နှင့် လက်ခတ်တောင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း – ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းနေရာ၊ တပ်ရင်းတပ်ဖွဲ့များကို KNLA ပူးပေါင်းတပ်ဖွဲ့မျာက စတင်တိုက်ခိုက်ခဲ့ပြီး ခမရ ၃၅၅ နှင့် သင်္ဃန်းညီနောင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၃ ရက်နေ့ အထိ ၆ ရက်ကြာသည်အထိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းနှင့် တပ်ရင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက် တိုက် ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ ယနေ့တွင်လည်း စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်မှာ သဃ်န်း ညီနောင်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒါ့အပြင် လက် ခတ်တောင်မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း တောက်လျှောက် ရှိနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ထိုင်း-မြန်မာနယ်စပ်အနီး မြ၀တီမြို့နယ်ထဲတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထိုင်းတပ်မတော်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းဘက်ခြမ်း မြို့နယ် ၅ ခုတွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားပြီး ကင်းလှည့်နေကြောင်း ထိုင်းမီဒီယာ Mae Sot က မတ်လ ၉ ရက်နေ့တွင် သတင်းဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်အပါအဝင် အုန်းဖန်မြို့နယ်၊ ဖိုဖတ်မြို့နယ်၊ မယ်လမတ်မြို့နယ်နှင့် ထာ့ဆောင်ရမ်းမြို့နယ်များကို ထိုင်းတော်ဝင်တပ်မတော်မှ မတ်လ ၉ ရက်နေ့မှစတင်၍ လုံခြုံရေးတိုးမြှင့်ချထားကြောင်း၊ ယင်းအပြင် နေ့စဉ်ကင်းလှည့် စစ်ဆေးမှုများကိုပါ အရှိန်အဟုန်မြှင့် ပြုလုပ်နေကြောင်း သိရှိရသည်။ ဓာတ်ပုံ- မြန်မာဘက်အခြမ်း လက်ခတ်တောင်တွင် တိုက်ပွဲများ ဖြစ်ပွား​ပုံနှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ထားစဉ်။

ျမ၀တီၿမိဳ႕နယ္၊ သဃၤန္းညီေနာင္ႏွင့္ လက္ခတ္ေတာင္တြင္ တိုက္ပြဲျပင္းထန္ေနၿပီး စစ္တပ္က ေလယာဥ္ျဖင့္ ဗုံးက်ဲ၊ ထိုင္း-ျမန္မာနယ္စပ္တစ္ေလွ်ာက္ ထိုင္းစစ္တပ္က လုံၿခဳံေရး တိုးျမႇင့္ကင္းလွည့္ေနရန္ကုန္၊မတ္ ၁၃ ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ သဃၤန္းညီေနာင္ႏွင့္ လက္ခတ္ေတာင္တြင္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ေနၿပီး စစ္တပ္က တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲတိုက္ခိုက္လ်က္ရွိေၾကာင္း စစ္ေရးသတင္းရင္းျမစ္ႏွင့္ ေဒသျပည္သူမ်ားက ေျပာဆိုၾကသည္။ မတ္လ ၇ ရက္ေန႕ နံနက္ပိုင္းမွ စတင္ၿပီး ျမဝတီၿမိဳ႕နယ္၊ သဃၤန္းညီေနာင္ရွိ စစ္ေကာင္စီ ေျခလ်င္တပ္ရင္း ခမရ ၃၅၅ တပ္ႏွင့္ စစ္ဗ်ဴဟာကုန္းေနရာ၊ တပ္ရင္းတပ္ဖြဲ႕မ်ားကို KNLA ပူးေပါင္းတပ္ဖြဲ႕မ်ာက စတင္တိုက္ခိုက္ခဲ့ၿပီး ခမရ ၃၅၅ ႏွင့္ သဃၤန္းညီေနာင္ ရဲစခန္းကို သိမ္းပိုက္နိုင္ခဲ့ေၾကာင္း၊ ယေန႕ မတ္လ ၁၃ ရက္ေန႕ အထိ ၆ ရက္ၾကာသည္အထိ စစ္ေကာင္စီတပ္၏ ဗ်ဴဟာကုန္းႏွင့္ တပ္ရင္းမ်ားကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ဆက္လက္ တိုက္ ခိုက္ေနသည့္အတြက္ တိုက္ပြဲမ်ား ျပင္းထန္ေနေၾကာင္း၊ ယေန႕တြင္လည္း စစ္တပ္က တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲမႈမ်ား ဆက္တိုက္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။ “ဒီေန႕ မြန္းလြဲ ၂ နာရီ ၂၀ မိနစ္မွာ သဃ္န္း ညီေနာင္ဗ်ဴဟာကုန္းမွာ တိုက္ပြဲေတြ ျပင္းထန္ေနတယ္။ ဒါ့အျပင္ လက္ ခတ္ေတာင္မွာလည္း တိုက္ပြဲျပင္းထန္ေနပါတယ္။ ေလေၾကာင္းတိုက္ခိုက္မႈေတြလည္း ေတာက္ေလွ်ာက္ ရွိေနတယ္” ဟု စစ္ေရးသတင္းရင္းျမစ္က ေျပာဆိုသည္။ ထိုင္း-ျမန္မာနယ္စပ္အနီး ျမ၀တီၿမိဳ႕နယ္ထဲတြင္ တိုက္ပြဲမ်ား ျပင္းထန္ေနသျဖင့္ ထိုင္းတပ္မေတာ္က ထိုင္း-ျမန္မာနယ္စပ္တစ္ေလွ်ာက္ ထိုင္းဘက္ျခမ္း ၿမိဳ႕နယ္ ၅ ခုတြင္ လုံၿခဳံေရးမ်ား အထူးတိုးျမႇင့္ထားၿပီး ကင္းလွည့္ေနေၾကာင္း ထိုင္းမီဒီယာ Mae Sot က မတ္လ ၉ ရက္ေန႕တြင္ သတင္းေဖာ္ျပထားသည္။ ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕နယ္အပါအဝင္ အုန္းဖန္ၿမိဳ႕နယ္၊ ဖိုဖတ္ၿမိဳ႕နယ္၊ မယ္လမတ္ၿမိဳ႕နယ္ႏွင့္ ထာ့ေဆာင္ရမ္းၿမိဳ႕နယ္မ်ားကို ထိုင္းေတာ္ဝင္တပ္မေတာ္မွ မတ္လ ၉ ရက္ေန႕မွစတင္၍ လုံၿခဳံေရးတိုးျမႇင့္ခ်ထားေၾကာင္း၊ ယင္းအျပင္ ေန႕စဥ္ကင္းလွည့္ စစ္ေဆးမႈမ်ားကိုပါ အရွိန္အဟုန္ျမႇင့္ ျပဳလုပ္ေနေၾကာင္း သိရွိရသည္။ ဓာတ္ပုံ- ျမန္မာဘက္အျခမ္း လက္ခတ္ေတာင္တြင္ တိုက္ပြဲမ်ား ျဖစ္ပြားပုံႏွင့္ ထိုင္း-ျမန္မာနယ္စပ္တစ္ေလွ်ာက္တြင္ ထိုင္းစစ္တပ္က လုံၿခဳံေရး တိုးျမႇင့္ထားစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *