ခြေမြန်တပ်ကနံနံခြားပြန်ဖြစ်ဘီ (ရုပ်သံ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ဆွေးနွေးနေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီးပြော ထွက်ပြေးလာသူများကို ထိန်းသိမ်း ကျွေးမွေးထား (ရုပ်/သံ)

ရန်ကုန်၊ မတ် ၁၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ဆွေးနွေးနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီး Hasan Mahmud က ယမန်နေ့တွင် ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ပြေးဝင်လာပြီးနောက် အရပ်သားတချို့က ဝင်ရောက်ရန်ကြိုးပမ်းကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်က အဝင်မခံဘဲ ပြန်လည် နှင်ထုတ်လိုက်ကြောင်း ၎င်းက ဆိုသည်။

” စုစုပေါင်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၇ ဦး ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်လာပါတယ်။ သူတို့ကို အရင်လိုပဲ ပြန်ပို့ဖို့ ကျနော်တို့ လုပ်နေပါပြီ။ အခြားအရပ် သားတွေလည်း ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ဖို့ ကြိုးစားကြတာကိုတော့ ကျနော်တို့ ပြန်နှင်ထုတ်လိုက်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီး Hasan Mahmud က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံ ပြန်ပို့ရေး မြန်မာစစ်တပ်နှင့် ထိတွေ့ ဆက်ဆံနေကြောင်း၊ လိုအပ်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်မည်ဖြစ်ကြောင်း ၊ ၎င်းက ရှင်းပြသည်။

ဖေဖော်ဝါရီလအတွင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးဝင်ရောက်လာ၍ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် ထပ်မံ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲသို႔ ထြက္ေျပးလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၇၇ ဦးကို ျမန္မာႏိုင္ငံသို႔ ျပန္ပို႔ေရး ေဆြးေႏြးေနဟု ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားဝန္ႀကီးေျပာ ထြက္ေျပးလာသူမ်ားကို ထိန္းသိမ္း ေကြၽးေမြးထား (႐ုပ္/သံ)
ရန္ကုန္၊ မတ္ ၁၃
ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲသို႔ ထြက္ေျပးလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၇၇ ဦးကို ျမန္မာႏိုင္ငံသို႔ ျပန္ပို႔ေရး ေဆြးေႏြးေနသည္ဟု ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားဝန္ႀကီး Hasan Mahmud က ယမန္ေန႔တြင္ ေျပာဆိုလိုက္သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းသို႔ စစ္ေကာင္စီတပ္မွ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္မ်ား ေျပးဝင္လာၿပီးေနာက္ အရပ္သားတခ်ိဳ႕က ဝင္ေရာက္ရန္ႀကိဳးပမ္းေၾကာင္း၊ သို႔ရာတြင္ ဘဂၤလားေဒ့ရွ္က အဝင္မခံဘဲ ျပန္လည္ ႏွင္ထုတ္လိုက္ေၾကာင္း ၎က ဆိုသည္။
” စုစုေပါင္း ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ ၁၇၇ ဦး ဘဂၤလားေဒ့ရွ္ထဲကို ဝင္လာပါတယ္။ သူတို႔ကို အရင္လိုပဲ ျပန္ပို႔ဖို႔ က်ေနာ္တို႔ လုပ္ေနပါၿပီ။ အျခားအရပ္ သားေတြလည္း ဘဂၤလားေဒ့ရွ္ထဲကို ဝင္ဖို႔ ႀကိဳးစားၾကတာကိုေတာ့ က်ေနာ္တို႔ ျပန္ႏွင္ထုတ္လိုက္ပါတယ္” ဟု ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားဝန္ႀကီး Hasan Mahmud က ဆိုသည္။
လက္ရွိတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ျမန္မာႏိုင္ငံ ျပန္ပို႔ေရး ျမန္မာစစ္တပ္ႏွင့္ ထိေတြ႕ ဆက္ဆံေနေၾကာင္း၊ လိုအပ္လွ်င္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ကို ဆင့္ေခၚမည္ျဖစ္ေၾကာင္း ၊ ၎က ရွင္းျပသည္။
ေဖေဖာ္ဝါရီလအတြင္း ျမန္မာစစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃၀၀ ေက်ာ္ ဘဂၤလားေဒ့ရွ္ထဲသို႔ ထြက္ေျပးဝင္ေရာက္လာ၍ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔တြင္ ျပန္လည္ပို႔ေဆာင္ခဲ့ၿပီးေနာက္ ထပ္မံ၍ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဘဂၤလားေဒ့ရွ္ထဲသို႔ ထြက္ေျပးဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *