ဒုရင်းမှူးနန္ဒလင်းနှင့်အပေါင်းအပါ၄၀ ဆို့အောက်ပါ

တာမခံကနေထွက်ပြေးတဲ့စသ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ၊ဒုတပ်ရင်းမှူးအပါဝင်၄၀ကျော်သေ၊ လက်နက်တွေရရှိထား

မတ်လ ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊တာမခံစခန်းကုန်းကနေထွက်ပြေးသွားတဲ့ စစ်ကြောငါးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး နန္ဒလင်းအပါအဝင် စစ်ကောင်စီတပ်သား ၄၀ ကျော်သေ ဆုံး ပြီး လက်နက်ခဲယမ်းအများအ ပြားသိမ်းဆည်းရရှိခဲ့တယ်လို့ KPDFဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ရက်နေ့က တာမခံမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ကို KIAပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတွေအထိအခိုက်များခဲ့ရာ စခန်းစွန့်ထွက်ပြေးသွားပြီး ကသိုဏ်းတောင် စခန်း၊ နမ့်မှော်ကျေးရွာအနီးရှိ သံသုံးတောင်စခန်းတို့ကို ထွက်ပြေးခဲ့သလို စခန်းစွန့်ကာ ထွက် ပြေး လာတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်ရှိတယ်လို့သိရပါတယ်။

ဒီလိုစခန်းကနေထွက်ပြေးလာတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူးအပါ (၄၀) ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကာ မတ်လ (၁၁) ရက် ညပိုင်းကလည်း ကသိုဏ်းတောင်စခန်းကုန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။”တာမခံက ထွက်ပြေးလာတဲ့အဖွဲ့က ဒုတပ်ရင်းမှူး နန္ဒလင်း သေတယ်၊ (၁၁) ရက်‌ညက ကသိုဏ်း တောင် စခန်းပါစွန့်ပြီး ပြေးကြတယ်၊ (၃၀) လောက်ပဲ ကံခါအနောက်လမ်းကနေ လမောင်ကုန်းစခန်း ကို ထွက်ပြေးနိုင်တယ်၊ သူတို့လူကွဲပြီးထွက်ပြေးတဲ့ဟာတွေ လိုက်လံရှင်းလင်းရေး လုပ်နေတာတွေ ရှိတယ်”လို့KPDF ရှေ့တန်းသတင်းရင်းမြစ်က D Day Newsကိုပြောဆိုထားပါတယ်။

တာမခံတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သင်တန်းတက်ထားတဲ့ Non CDM ကျောင်းဆရာမ ဒေါ်နီ လာခိုင်ကိုလည်း စစ်ယူနီဖောင်း သုံးရစ်အင်္ကျီနဲ့ သေဆုံးလျက်သားတွေ့ရပြီး တစ်နှစ်ကျော်ကြာဖမ်း ဆီးခံထားရသည့် KPDF ရဲဘော် ကျော်ရဲအောင်အား အသက်ရှင်လျက် တာမခံစခန်းတွင်းမှ ကယ် တင်နိုင်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ကသိုဏ်းတောင်စခန်းမှ လက်နက်ခဲယမ်းများနဲ့ အရှင်ဖမ်းမိထားတဲ့ စစ်ကောင်စီ တပ်သားများရှိနေပြီး ဗိုလ်မှူးတစ်ဦးအပါ အရာရှိ အရာခံအချို့နဲ့ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအများအပြားရှိနေတာဖြစ်ပါတယ်။

ကသိုဏ်းတောင်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၇)ရက်က KIA/KPDFက အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်ခဲ့ဖူးပြီး တပ်စွဲအခြေချခြင်းမရှိတဲ့အတွက် စစ်ကောင်စီက ပြန် လည် တပ်စွဲခဲ့ခြင်းဖြစ်ကာ အခုဒုတိယအကြိမ် ကသိုဏ်းတောင်စခန်းကုန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *