သူ့ရက်လည်မှာဘောက်လေးဖွင့်ပေးလိုက်ကြအုန်း😄😄😄😄

ဝမ်းတွင်းက တပ်သတင်းပေးဆိုသူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရှင်လောင်းလှည့်ပြီးအပြန် အသတ်ခံရ

မတ်လ ၁၅

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်က စစ်ကောင်စီလက်အောက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ Wundwin Township Revolution Force’s က သတင်းထုတ်ပြန်ထားပါတယ်။အသတ်ခံရသူမှာ ညောင်အုပ်ဖီးအုပ်စုအုပ်ချုပ်ရေးမှူး အသက် ၄၂ နှစ်အရွယ် ကိုတင်ဆင့်ဖြစ်ပြီး မတ် ၁၄ ရက် မနေ့ညနေ ၆ နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။“တင်ဆင့်က ရှင်လောင်းလှည့်ပွဲကနေ အလှူအိမ်ကို လမ်းလျှောက်ပြန်လာတာ။

လူရှင်းတဲ့ တနေရာမှာ ဦးခေါင်းကို သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တာပါ၊ ပွဲချင်းပြီးပဲ” လို့ Wundwin Township Revolution Force’s ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။အလောင်းကိုတော့ မနေ့ညပိုင်းမှာပဲ သူ့(တင်ဆင့်)မိသားစုက လာသယ်သွားပြီး ကိုတင်ဆင့်ဟာ ကျေးရွာအုပ်စုဝန်းကျင်မှာ ဆောင်းဘောက်အငှားလိုက်ဖွင့်တဲ့ အလုပ်ကိုလည်း လုပ်ကိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာတော့ ကိုတင်ဆင့်ဟာ ကျေးရွာအုပ်စုအနီးဝန်းကျင်ကပြည်သူတွေကို အုပ်ချုပ်ရေးမှူးရာထူးမှ နုတ်ထွက်စာတင်ထားတာကြောင်းနဲ့ ထွက်ခွင့်မရသေးလို့ဆိုကာ အသံလွှင့်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းကို စစ်ကောင်စီထံ ပေးနေသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်ကလည်း ဝမ်းတွင်းမြို့နယ် ကျင်းရွာကနေ ပြန်လာတဲ့ မိတ္ထီလာ တပ်မ ၉၉ က တပ်သား သန့်ဇင်ထွေးကို ပင်းတလဲ – ဝမ်းတွင်းလမ်းမပေါ်ရှိ ပြည့်ဝဘုရားအနီးမှာ Wundwin Township Revolution Force’s အဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *