ဗျူဟာမှူးတို့အဖွဲ့ သာယာသွားဘီ(ရုပ်သံ)

ကျိုက်ဒုံစခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်က ဗျူဟာမှူးနဲ့အဖွဲ့ အရှင်ဖမ်းမိထားသလို လက်နက်တွေပါသိမ်းပိုက်ထား (ရုပ်သံ)

မတ်လ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ကရင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗျူဟာမှူးနဲ့အဖွဲ့ကို အရှင်ဖမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLAနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

မနေ့ကကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ (ဒူးပလာယာခရိုင်) အတွင်းက စစ်ကောင်စီတပ်ရဲ့ ကျိုက်ဒုံဗျူဟာကုန်းကို ကရင့်တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ပြောပါတယ်။

“စခန်းသိမ်းလိုက်တာဟုတ်တယ်။ လက်နက်ကြီးတွေပါရထားတယ်။ လောလောဆယ် ဖမ်းမိထားတဲ့သူတွေကိုတော့ စစ်သုံ့ပန်းအဖြစ်နဲ့ထားထားတယ်ဗျ”လို့KNLAနဲ့နီးစပ်သူတဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ဗျူဟာမှူးအောင်ကျော်ဇော၊ စစ်ဦးစီးဒုတိယတန်းကျော်မင်းထက် အပါအ၀င် စစ်သုံ့ပန်းတွေကိုဖမ်းဆီးထားနိုင်ခဲ့သလို ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမ လက်နက်ကြီး လက်နက်ငယ်တွေပါသိမ်းပိုက်ရရှိထားတယ်လို့ဆိုပါတယ်။

မတ်လ ၁၅

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *