ကြောက်တတ်လိုက်ကြတာ 😄😄😄

မုဒုံမြို့နယ်၊ ကမာဝက်နယ်‌မြေ ရဲစခန်းမှ ရဲများ လိုက်ပါသော ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်မှု ရဲများအားလုံး ထွက်ပြေးပြီး ကား ၂ စီး၊ လက်နက်ခဲယမ်းများနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ

ရန်ကုန်၊ မတ် ၁၅

မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ကမာဝက်နယ်‌မြေ ရဲစခန်းရှိ ရဲများ စီး နင်းလာသည့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲများအားလုံး ထွက်ပြေးပြီး ကား ၂ စီး၊ လက်နက်ခဲယမ်းများ၊ ဖုန်းနှင့် စစ်အသုံးအဆောင်များ သိမ်း ဆည်းရမိကြောင်း မွန်ပြည်သစ်ပါတီ-NMSP(AD) မှ ပြန်ကြားရေးတာဝန်ခံ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ ည ၆ နာရီ ဝန်းကျင်တွင် ကွမ်လှာဘက်က လာသည့် ရဲကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်လိုက်ပါသော ရဲများအားလုံး ဆင်းပြေးသွားကြကြောင်း၊ ကား ၂ စီး၊ သေနတ်၊ ဖုန်းနှင့် စစ်အသုံး အဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ကား ၂ စီးကိုလည်း မီးရှို့ရှင်းလင်းလိုက်ကြောင်း မွန်ပြည်သစ်ပါတီ-NMSP(AD)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောကြား သည်။

“တစ်ဖက်က အင်အားက အတိအကျမသိပေမယ့် ကား ၂ စီးဖြစ်တဲ့အခါကျတော့ အင်အားက ၁၀ ယောက်ဝန်းကျင်ရှိမယ်လို့ထင်တယ်။ တိုက်ခိုက်လိုက်တဲ့အခါ ရဲတွေ အားလုံးထွက်ပြေးသွားပြီးတော့ သေနတ် ၁ လက်သိမ်းဆည်းရမိတယ်။ ကား ၂ စီးကို မီးရှို့လိုက်တယ်။ ဖုန်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းလည်း သိမ်းဆည်းရမိပါတယ်”ဟု မွန်ပြည်သစ်ပါတီ-NMSP(AD)၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲများ၏ ထိခိုက်မှု အခြေအနေကို စုံစမ်းဆဲဖြစ်ပြီး အတိအကျမသိရှိရသေးကြောင်း မွန်ပြည်သစ်ပါတီ-NMSP(AD) မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။ ဒေသသတင်းရင်းမြစ်ဖြစ်သော Kawao Newsgroup ၏ သတင်းဖော်ပြမှုတွင် မိုင်းဆွဲခံရသော ရဲကား ၂ စီးတွင် စခန်းမှူး ရဲအုပ်မင်းဌေးမောင်မောင်လိုက်ပါလာကြောင်း၊ ၄င်းကိုင်ဆောင်သည့် M-22 သေနတ်တစ်လက်နှင့် ကျည်အိမ်နှစ်ခု ၊ ကျည်ဆန် ၂၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း၊ ရဲကားများသည် သံဖြူဇရပ်ဘက်မှ ကမာဝက်မြို့သို့ မောင်းနှင်လာစဉ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား မုဒုံ – သံဖြူဇရပ် ကားလမ်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *