ပြည်သူ့ဝန်ထမ်းတွေချစ်စရာလေး😘😘😘

TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်မှ ပြည်သူ့ဆေးရုံတွင် အောက်မြန်မာပြည်မှ CDM ဆရာဝန်ကြီး၊ CDM ကျန်းမာရေးဝန်ထမ်းများဖြင့် စတင် လည်ပတ်နေပြီဖြစ်ပြီး CDM ကျန်းမာရေးဝန်ထမ်းများ ထပ်မံ ဖိတ်ခေါ်မည်

ရန်ကုန်၊ မတ် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်မှ ပြည်သူ့ဆေးရုံတွင် CDM ဆရာဝန်ကြီး၊ CDM ကျန်းမာရေးဝန်ထမ်းများဖြင့် စတင် လည်ပတ်နေပြီဖြစ်ပြီး CDM ကျန်းမာရေးဝန်ထမ်းများ ထပ်မံ ဖိတ်ခေါ်မည်ဖြစ်ကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်သည်။

တအာင်းပြည်နယ်၊နမ္မတူမြို့ ပြည်သူ့ဆေးရုံတွင် CDMဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်ကြောင်း၊ နမ္မတူပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီး အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချိုနှင့်အတူ CDMပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ/ဆရာမများ ပါဝင်ကြောင်း သိရှိရသည်။

PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြိုတွင် လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချိုနှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ၂၄ နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း TNLA က တရားဝင် ကြေညာသည်။

ထိုကြောင့် နမ္မတူမြိုနှင့် အနီးဝန်းကျင်မှ ကျေးရွာခံပြည်သူများအား ကျန်းမာ ရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖိုအတွက် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်မှ CDMပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမည်ဟု TNLA က ဆိုသည်။ “ အစပဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံး ဝန်ဆောင်မှုပေးဖို ကျနော်တို ကြိုးစားနေပါတယ်၊ အခုဒီမှာက ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်၊ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး။

ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူ့ကိုမဆို ကျနော်တိုနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ”ဟု PSLF/TNLA ကျန်းမာ‌ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နမ္မတူမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်း ပိုက်ခဲ့ပြီး စစ်ကောင်စီက မတ်လ ၄ ရက်နေ့ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြောင်း ကြေညာခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *