ဟယ် အဘပျောက်နေတယ်ဆိုပဲ တေတာကလဲဲပီးဘာမှမဖြစ်ပါစေနဲ့

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရက်ပေါင်းများစွာကြာ လူမြင်ကွင်းကပျောက်နေ

မတ်လ ၁၇ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူအများမြင်ကွင်းက ပျောက်နေသည်မှာ ရက်ပေါင်းများစွာကြာမြင့်လာပြီဖြစ်ပြီး နောက်ဆုံးမြင်တွေ့ခဲ့ရသည်ကတော့ ယခုလ ပထမပတ်တွင် နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။

စစ်ခေါင်းဆောင်အနေဖြင့် မတ်လ ၇ ရက်နေ့က ပြုလုပ်သည့် ဝါသီးနှံ၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများကိစ္စ ဆွေးနွေးပွဲကို တက်ရောက်ပြီးနောက်ပိုင်း မြင်ကွင်းက ပျောက်နေခြင်းဖြစ်သည်။သို့သော် မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို လူကိုယ်တိုင်တက် ရောက်မှုမရှိသော်လည်း အဖွင့်မိန့်ခွန်းပေးပို့ခဲ့သည်ကို စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာများအရ သိရသည်။

ထို့နောက်ပိုင်းကစပြီး အဆိုပါစာမျက်နှာများတွင်ပါ ၎င်းနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်များမတွေ့ရတော့ပေ။၂၀၂၃ ခုနှစ်နှစ်လယ်ပိုင်းမှစ၍ သူ၏လုံခြုံရေးတိုးမြှင့်ချထားခဲ့သည်ဟု လုံခြုံရေးဆိုင်ရာလေ့လာသူ နေပြည်တော်ရှိသတင်းရင်းမြစ်တခုက ပြောသည်။

သူ၏ကျန်းမာရေးနှင့် လုံခြုံရေးမှာ ထိပ်တန်းအဆင့်လျှို့ဝှက်ချက်ဖြစ်ပြီး ပြည်တွင်းခရီးစဉ်အချို့တွင် လုံခြုံရေးအတွက် အင်အား ၄,၀၀၀ ဝန်းကျင်အထိအသုံးပြုနိုင်သည်ဟု လေ့လာသူတဦးက ခန့်မှန်းပြောသည်။လက်ရှိတွင် အစည်းအဝေးအချို့တက်ရောက်ခြင်း၊ တိုက်ပွဲပြင်းထန်မှုများရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဆေးရုံ၌ တက်ရောက်နေရသည့် အရာရှိ၊ စစ်သည်များကို သွားရောက်တွေ့ဆုံမှုတို့ကို စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်ပြုလုပ်နေသည်ကို တွေ့ရသည်။အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တက္ကသိုလ်အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲများမှအစ အစည်းအဝေးများ၊ ပွဲအခမ်းအနားများ တက်ရောက်မှုများကို ပုံမှန် တွေ့မြင်ရလေ့ရှိပြီး ယခုကဲ့သို့ လူမြင်ကွင်းမှ ရက်အတန်ကြာ ပျောက်ကွယ်နေမှုမျိုးမှာ ပြီးခဲ့သည့်နှစ်များအတွင်း ရှားပါးလှသည်။

လက်ရှိတွင် စစ်ကောင်စီလက်​အောက်ခံအဖွဲ့များအနေဖြင့် အရပ်သားများကို စစ်မှုထမ်းခိုင်းရန် ပြည်သူ့စစ်မှုထမ်းဉပဒေကို အကောင်အထည်ဖော်နေပြီး မြေပြင်တွင် အစည်းအဝေးခေါ်ယူခြင်း၊ မှတ်ပုံတင်စာရင်းကောက်ခံမှုများ ပြုလုပ်လျက်ရှိသည်။ပုံအညွှန်း -စစ်ခေါင်းဆောင်အား မတ်လ ၇ ရက်​နေ့ အစည်းအ​ဝေးတွင် ​တွေ့ရစဥ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *