ဆင်းကဒ်တုန်းကလိုအုပ်ကြီးအမျိုးတွေဦးစားပေးလေ

သန်လျင်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်သဖြင့် ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲ

■ ဒေါပုံ သင်္ဘောကျင်းရပ်ကွက်တွင်လည်း စစ်မှုထမ်းရေး မဲနှိုက်ပွဲလုပ်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်၊ လှည်းကူးမြို့နယ် အလံတပိုကျေးရွာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ သား၊တူများ စစ်မှုထမ်းစာရင်းမှ ထုတ်ထား

ရန်ကုန်၊ မေ ၁၉

ရန်ကုန်တိုင်းသန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်သ ဖြင့် ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲပြီး လူငယ်များနှင့် မိသားစုများထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊ကုလားဝဲကျေးရွာတွင် စစ်မှုထမ်းရမည့် လူငယ်များကို မဲနှိုက်ရွေးချယ်ကြောင်း၊ ထိုသို့ ရွေးချယ်ရာတွင် တစ်ရွာလုံးတွင် လူငယ် ၃ ဦးသာ ရွေးချယ်ရာတွင် အိမ်တစ်အိမ်တည်းမှ သား နှင့် သမက် ၃ ဦးလုံး မဲပေါက်ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူများမှာ စစ်မှုထမ်းစာရင်းမပါဝင်ဘဲ အိမ်တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်မှုမှာ ကလိန်ကကျစ်လုပ်ကြောင်း ပေါ်လွင်၍ အုပ်ချုပ်ရေးမှူးကို မဲပေါက်သည့် လူငယ် ၃ ဦး၏ ဖခင်က ခေါင်းရိုက်ခွဲပြီး ထွက်ပြေးသွားကြောင်း သိရှိရသည်။

“မနေ့က ကုလားဝဲကျေးရွာမှာ မဲနှိုက်တာကို တစ်အိမ်တည်းမှာပဲ လူငယ် ၃ ဦး မဲပေါက်တယ်။ သားနဲ့သမက်စုစုပေါင်း ၃ ဦး မဲပေါက်တော့ အဖေလုပ်တဲ့သူက အုပ်ကြီး ကလိန်ကကျစ်လုပ်တာဆိုပြီး ခေါင်းရိုက်ခွဲတယ်။ အုပ်ကြီးသားတွေကျတော့ စစ်မှုထမ်းထဲ မထည့်ဘဲ ငါ့သားနဲ့သမက်တွေကိုတော့ အကုန်လုံး စစ်ထဲထည့်ရမလားဆိုပြီး အဖေက ဒေါသထွက်ပြီး အုပ်ကြီးကို ခေါင်းရိုက်ခွဲတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် အကြမ်းဖက်စစ်တပ်က ကျေးရွာသို့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲသူ ဖခင်နှင့် လူငယ်တချို့ကို ဖမ်းဆီးရန် ကြိုးစားကြောင်း၊ ပြည်သူများ ၀ိုင်းအုံလာသဖြင့် စစ်တပ်က သေနတ်ပစ်ဖောက်ခဲ့ကြောင်း၊ လက်ရှိတွင် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်သွားသူနှင့် လူငယ်တချို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

” မဲနှိုက်တာနဲ့ မဲပေါက်တာမှာ အုပ်ကြီးအကြံအဖန်လုပ်တာ၊ အုပ်ကြီးသားတွေတယောက်မှမပါဘဲ အကြံအဖန်လုပ်တယ်ဆိုပြီး ဖခင်ကဒေါသထွက်ပြီး အုပ်ကြီးကိုခေါင်းရိုက်ခွဲတယ်။ ရွာကလူတွေကဝိုင်းလာလို့ စစ်တပ်ကသေနတ်ဖောက်ပြီး ရိုက်နှက်တဲ့ ဖခင်အပါအဝင်ရွာက ၂ ဦးကို လိုက်ရှာပြီးဖမ်းဖိုလုပ်နေတယ်။ လောလောဆယ်တော့ လွတ်သွားတယ်။ အခုသန်လျင်မြို့ထဲမှာလည်း စစ်ကားတွေ ပတ်နေတယ်” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ယနေ့ ဒေါပုံ၊ သင်္ဘောကျင်းရပ်ကွက်တွင်လည်း စစ်မှုထမ်းရေး မဲနှိုက်ကြရန် မကျေနပ်မှုများဖြစ်ပေါ်ကာ ရုန်းရင်းဆန်ခန်ဖြစ်သဖြင့် စစ်တပ်နှင့်ရဲက ရောက်ရှိလာကြောင်း သိရှိရသည်။

“ဒီနေ့ ဒေါပုံ သင်္ဘောကျင်းရပ်ကွက်မှာ စစ်မှုထမ်း မဲနှိုက်တာ။ ပထမ မဲပေါက်တဲ့ ၂ ယောက်က ဆေးမအောင် လက်မှတ်တင်ပြလာတယ်။ အဲဒါကြောင့် မဲထပ်နှိုက်တာမှာ ရပ်ကွက်က မကျေမနပ်ဖြစ်ပြီး ရပ်ကွက်ရုံး မှာ ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်။ စစ်ခွေးနဲ့ရဲခွေးတွေ ရောက်နေတယ်” ဟု ဒေါပုံမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းလှည်းကူးမြို့နယ်အလံတပို ကျေးရွာတွင်လည်း စစ်မှုထမ်းရမည့် လူငယ်များ စာရင်းများ ပြုလုပ်ရာတွင် ရာအိမ်မှူး‌ကျော်မိုး၏ တူတော်စပ်သူ မောင်ထက်ကို ၊ ဆယ်အိမ်မှူး ဝင်းရှိန်၏ တူတော်စပ်သူ မောင်ပြည့်ဖြိုး ၊ ဆယ်အိမ်မှူးတင်စိုး၏ သားဖြစ်သူ၊ တူတော်စပ်သူ အောင်ဟိန်းထက်တို့၏ နာမည်များကို ဖြုတ်ပယ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ငပုတောတွင် ယမန်နေ့ စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို မဲဖောက်နေကြစဉ်။

သန္လ်င္၊ ကုလားဝဲေက်း႐ြာတြင္ တစ္အိမ္တည္းမွ လူငယ္ ၃ ဦး စစ္မႈထမ္းရန္ မဲေပါက္သျဖင့္ ကလိန္ကက်စ္က်သည္ဟုဆိုကာ အုပ္ခ်ဳပ္ေရးမႉးကို ေခါင္း႐ိုက္ခြဲ
■ ေဒါပုံ သေဘၤာက်င္းရပ္ကြက္တြင္လည္း စစ္မႈထမ္းေရး မဲႏႈိက္ပြဲလုပ္ရင္း ႐ုန္းရင္းဆန္ခတ္ျဖစ္၊ လွည္းကူးၿမိဳ႕နယ္ အလံတပိုေက်း႐ြာတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၏ သား၊တူမ်ား စစ္မႈထမ္းစာရင္းမွ ထုတ္ထား
ရန္ကုန္၊ ေမ ၁၉
ရန္ကုန္တိုင္းသန္လ်င္ၿမိဳ႕နယ္၊ ကုလားဝဲေက်း႐ြာတြင္ တစ္အိမ္တည္းမွ လူငယ္ ၃ ဦး စစ္မႈထမ္းရန္ မဲေပါက္သ ျဖင့္ ကလိန္ကက်စ္က်သည္ဟုဆိုကာ အုပ္ခ်ဳပ္ေရးမႉးကို ေခါင္း႐ိုက္ခြဲၿပီး လူငယ္မ်ားႏွင့္ မိသားစုမ်ားထြက္ေျပးသြားေၾကာင္း စုံစမ္းသိရွိရသည္။
မတ္လ ၁၈ ရက္ေန႔ ရန္ကုန္တိုင္း၊သန္လ်င္ၿမိဳ႕နယ္၊ကုလားဝဲေက်း႐ြာတြင္ စစ္မႈထမ္းရမည့္ လူငယ္မ်ားကို မဲႏႈိက္ေ႐ြးခ်ယ္ေၾကာင္း၊ ထိုသို႔ ေ႐ြးခ်ယ္ရာတြင္ တစ္႐ြာလုံးတြင္ လူငယ္ ၃ ဦးသာ ေ႐ြးခ်ယ္ရာတြင္ အိမ္တစ္အိမ္တည္းမွ သား ႏွင့္ သမက္ ၃ ဦးလုံး မဲေပါက္ေၾကာင္း၊ အုပ္ခ်ဳပ္ေရးမႉး၏ သားျဖစ္သူမ်ားမွာ စစ္မႈထမ္းစာရင္းမပါဝင္ဘဲ အိမ္တစ္အိမ္တည္းမွ လူငယ္ ၃ ဦး စစ္မႈထမ္းရန္ မဲေပါက္မႈမွာ ကလိန္ကက်စ္လုပ္ေၾကာင္း ေပၚလြင္၍ အုပ္ခ်ဳပ္ေရးမႉးကို မဲေပါက္သည့္ လူငယ္ ၃ ဦး၏ ဖခင္က ေခါင္း႐ိုက္ခြဲၿပီး ထြက္ေျပးသြားေၾကာင္း သိရွိရသည္။
“မေန႔က ကုလားဝဲေက်း႐ြာမွာ မဲႏႈိက္တာကို တစ္အိမ္တည္းမွာပဲ လူငယ္ ၃ ဦး မဲေပါက္တယ္။ သားနဲ႔သမက္စုစုေပါင္း ၃ ဦး မဲေပါက္ေတာ့ အေဖလုပ္တဲ့သူက အုပ္ႀကီး ကလိန္ကက်စ္လုပ္တာဆိုၿပီး ေခါင္း႐ိုက္ခြဲတယ္။ အုပ္ႀကီးသားေတြက်ေတာ့ စစ္မႈထမ္းထဲ မထည့္ဘဲ ငါ့သားနဲ႔သမက္ေတြကိုေတာ့ အကုန္လုံး စစ္ထဲထည့္ရမလားဆိုၿပီး အေဖက ေဒါသထြက္ၿပီး အုပ္ႀကီးကို ေခါင္း႐ိုက္ခြဲတာ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
ယင္းေနာက္ အၾကမ္းဖက္စစ္တပ္က ေက်း႐ြာသို႔ ေရာက္ရွိလာၿပီး အုပ္ခ်ဳပ္ေရးမႉးကို ေခါင္း႐ိုက္ခြဲသူ ဖခင္ႏွင့္ လူငယ္တခ်ိဳ႕ကို ဖမ္းဆီးရန္ ႀကိဳးစားေၾကာင္း၊ ျပည္သူမ်ား ၀ိုင္းအုံလာသျဖင့္ စစ္တပ္က ေသနတ္ပစ္ေဖာက္ခဲ့ေၾကာင္း၊ လက္ရွိတြင္ အုပ္ခ်ဳပ္ေရးမႉးကို ႐ိုက္ႏွက္သြားသူႏွင့္ လူငယ္တခ်ိဳ႕ ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရွိရသည္။
” မဲႏႈိက္တာနဲ႔ မဲေပါက္တာမွာ အုပ္ႀကီးအႀကံအဖန္လုပ္တာ၊ အုပ္ႀကီးသားေတြတေယာက္မွမပါဘဲ အႀကံအဖန္လုပ္တယ္ဆိုၿပီး ဖခင္ကေဒါသထြက္ၿပီး အုပ္ႀကီးကိုေခါင္း႐ိုက္ခြဲတယ္။ ႐ြာကလူေတြကဝိုင္းလာလို႔ စစ္တပ္ကေသနတ္ေဖာက္ၿပီး ႐ိုက္ႏွက္တဲ့ ဖခင္အပါအဝင္႐ြာက ၂ ဦးကို လိုက္ရွာၿပီးဖမ္းဖိုလုပ္ေနတယ္။ ေလာေလာဆယ္ေတာ့ လြတ္သြားတယ္။ အခုသန္လ်င္ၿမိဳ႕ထဲမွာလည္း စစ္ကားေတြ ပတ္ေနတယ္” ဟု သန္လ်င္ေဒသျပည္သူတစ္ဦးက ရွင္းျပသည္။
အလားတူ ယေန႔ ေဒါပုံ၊ သေဘၤာက်င္းရပ္ကြက္တြင္လည္း စစ္မႈထမ္းေရး မဲႏႈိက္ၾကရန္ မေက်နပ္မႈမ်ားျဖစ္ေပၚကာ ႐ုန္းရင္းဆန္ခန္ျဖစ္သျဖင့္ စစ္တပ္ႏွင့္ရဲက ေရာက္ရွိလာေၾကာင္း သိရွိရသည္။
“ဒီေန႔ ေဒါပုံ သေဘၤာက်င္းရပ္ကြက္မွာ စစ္မႈထမ္း မဲႏႈိက္တာ။ ပထမ မဲေပါက္တဲ့ ၂ ေယာက္က ေဆးမေအာင္ လက္မွတ္တင္ျပလာတယ္။ အဲဒါေၾကာင့္ မဲထပ္ႏႈိက္တာမွာ ရပ္ကြက္က မေက်မနပ္ျဖစ္ၿပီး ရပ္ကြက္႐ုံး မွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ၾကတယ္။ စစ္ေခြးနဲ႔ရဲေခြးေတြ ေရာက္ေနတယ္” ဟု ေဒါပုံမွ ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
ထို႔ျပင္ ရန္ကုန္တိုင္းလွည္းကူးၿမိဳ႕နယ္အလံတပို ေက်း႐ြာတြင္လည္း စစ္မႈထမ္းရမည့္ လူငယ္မ်ား စာရင္းမ်ား ျပဳလုပ္ရာတြင္ ရာအိမ္မႉး‌ေက်ာ္မိုး၏ တူေတာ္စပ္သူ ေမာင္ထက္ကို ၊ ဆယ္အိမ္မႉး ဝင္းရွိန္၏ တူေတာ္စပ္သူ ေမာင္ျပည့္ၿဖိဳး ၊ ဆယ္အိမ္မႉးတင္စိုး၏ သားျဖစ္သူ၊ တူေတာ္စပ္သူ ေအာင္ဟိန္းထက္တို႔၏ နာမည္မ်ားကို ျဖဳတ္ပယ္ထားေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ငပုေတာတြင္ ယမန္ေန႔ စစ္မႈထမ္းရမည့္ လူငယ္မ်ားစာရင္းကို မဲေဖာက္ေနၾကစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *