ဒါဘယ်သူပစ္စည်းလဲဟ ရက်လည်ဆွမ်းကျွေးရအောင်လာကောက်ကြအုန်း

ဖားကန့်တွင် ပစ်ခတ်သတ်ဖြတ်ခံထားရသည့် စစ်ကောင်စီဒုတပ်ကြပ်တစ်ဦး၏ ရုပ်အလောင်းတွေ့

ဖားကန့် – မတ် ၂၅၊ ၂၀၂၄။

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာအနီး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် စစ်ကောင်စီ ဒု – တပ်ကြပ်အဆင့်ရှိသူတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

ဆန်းကြွယ်ကျေးရွာ တံတားထိပ်တွင် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်က သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၈ နှစ်ခန့်အရွယ်ရှိ အေးမြသာယာကျေးရွာဒေသခံတစ်ဦး The 74 Media ကိုပြောသည်။

“အလောင်းကကားနဲ့ လာပစ်ချသွားတာလို့ပြောနေကြတယ်။ ခေါင်းတော့သွေးတွေ ထွက်နေတယ်။ ညာဘက်ခြေထောက်မှာလည်း ပတ်တီးစည်းထားတယ်။ အစက အလောင်းနားဘယ်သူမှမကပ်ရဲကြဘူး ယူနီဖောင်းနဲ့ဆိုတော့လေ။ လက်မှာတော့ ဇစ်ကလစ်ကြိုးနဲ့ ချည်ထားတယ်” ဟုပြောသည်။

ရုပ်အလောင်းကို ဖားကန့်မြို့လူမှုကူညီရေးအသင်းက လာရောက်သယ်ယူသွားပြီး ယမန်နေ့ နံနက် ၉ နာရီခန့်က မီးသင်္ဂြိုဟ်လိုက်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတော့ အလောင်းသွားယူဖို့ကို အခြေအနေ တော်တော်အကဲခတ်လိုက်ရသေးတယ်။ အခုတော့ အားလုံးပြီးသွားပါပြီ” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အထွက်လမ်းတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျောတွင် ဓါးထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့သည်။

ဖားကန႔္တြင္ ပစ္ခတ္သတ္ျဖတ္ခံထားရသည့္ စစ္ေကာင္စီဒုတပ္ၾကပ္တစ္ဦး၏ ႐ုပ္အေလာင္းေတြ႕ဖားကန႔္ – မတ္ ၂၅၊ ၂၀၂၄။ဖားကန႔္ၿမိဳ႕၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ဆန္းႂကြယ္ေက်း႐ြာအနီး ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ စစ္ေကာင္စီ ဒု – တပ္ၾကပ္အဆင့္ရွိသူတစ္ဦး၏ ႐ုပ္အေလာင္းကိုေတြ႕ရွိခဲ့ေၾကာင္းသိရသည္။ဆန္းႂကြယ္ေက်း႐ြာ တံတားထိပ္တြင္ ၿပီးခဲ့သည့္ မတ္လ ၂၃ ရက္ေန႕ ည ၈ နာရီခန႔္က ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ ႐ုပ္အေလာင္းကိုေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု အသက္ ၂၈ ႏွစ္ခန႔္အ႐ြယ္ရွိ ေအးျမသာယာေက်း႐ြာေဒသခံတစ္ဦး The 74 Media ကိုေျပာသည္။”အေလာင္းကကားနဲ႕ လာပစ္ခ်သြားတာလို႔ေျပာေနၾကတယ္။ ေခါင္းေတာ့ေသြးေတြ ထြက္ေနတယ္။ ညာဘက္ေျခေထာက္မွာလည္း ပတ္တီးစည္းထားတယ္။ အစက အေလာင္းနားဘယ္သူမွမကပ္ရဲၾကဘူး ယူနီေဖာင္းနဲ႕ဆိုေတာ့ေလ။ လက္မွာေတာ့ ဇစ္ကလစ္ႀကိဳးနဲ႕ ခ်ည္ထားတယ္” ဟုေျပာသည္။႐ုပ္အေလာင္းကို ဖားကန႔္ၿမိဳ႕လူမႈကူညီေရးအသင္းက လာေရာက္သယ္ယူသြားၿပီး ယမန္ေန႕ နံနက္ ၉ နာရီခန႔္က မီးသျဂၤိုဟ္လိုက္ေၾကာင္း ၿမိဳ႕ခံတစ္ဦးက ေျပာသည္။”စစ္ေကာင္စီဘက္က စစ္ေရးလႈပ္ရွားမႈေတြရွိေနေတာ့ အေလာင္းသြားယူဖို႔ကို အေျခအေန ေတာ္ေတာ္အကဲခတ္လိုက္ရေသးတယ္။ အခုေတာ့ အားလုံးၿပီးသြားပါၿပီ” ဟုေျပာသည္။ဖားကန႔္ၿမိဳ႕နယ္တြင္ ၂၀၂၄ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္ကာ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) ႏွင့္ စစ္ေကာင္စီတပ္တို႔ၾကား စစ္ေရးတင္းမာလ်က္ရွိၿပီး လုံးခင္းေက်း႐ြာအုပ္စု သာယာကုန္းေက်း႐ြာ အထြက္လမ္းတြင္လည္း ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႕က ေက်ာတြင္ ဓါးထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦး ႐ုပ္အေလာင္းေတြ႕ရွိခဲ့သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *