ငပုဆိုတဲ့ကောင် သန္ဓေဆိုးနဲ့မွေးလာတဲ့ကောင်ပဲ စီးပွားရေးဦးမော့လာဘီပြောပြီးတည်းက ငွေစျေးဆက်တိုက်ကျတော့တာပဲ ငိုးမငပု

ပြည်တွင်းတွင် ရွှေစျေး နှင့်ဒေါ်လာစျေးများ စံချိန်တင် မြင့်တက်လာမှုနှင့်အတူ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊ အခေါက်ရွှေတစ်ကျပ်သား ၄၃ သိန်း ၆ သောင်းအထိ စံချိန်ထပ်ချိုး စျေးတက်

ရန်ကုန်၊ မတ် ၂၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေစျေးနှင့်ဒေါ်လာစျေးများ စံချိန်တင် မြင့်တက်လာမှုနှင့်အတူ ကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျဆင်းနေကြောင်း ရန်ကုန်အခြေစိုက် UMFCCI မှ စီးပွားရေးသမားတချို့က ပြောဆိုသည်။

အဓိကအားဖြင့် လက်ရှိ စစ်ကောင်စီက အကောင်အထည်ဖော်လိုက်သော စစ်မှုထမ်းဥပဒေကြောင့် စီးပွားရေး နယ်ပယ်တွင်ပါ ရိုက်ခတ်မှု ကြီးမားကြောင်း၊ အဓိကအားဖြင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ဆက်လက် လည်ပတ်နိုင်ရေးနှင့် လုပ်သားအင်အားအရင်းအမြစ်များဆုံးရှုံးမှုများက စိန်ခေါ်မှုများစွာရှိလာနေကြောင်း၊ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများသာမက စီးပွားရေးအသိုင်းအ၀ိုင်းတွင်ပါ မလုံခြုံမှုများစွာဖြစ်ပေါ်ပြီး လည်ပတ်နေသော စီးပွားရေးများကို ရပ်ဆိုင်း၍ ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုများလည်းရှိလာနေကြောင်း UMFCCI မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

“စစ်မှုထမ်းဥပဒေနဲ့ ဆင့်ခေါ်တာတွေ လုပ်လာလေလေ ဒီဘက်မှာ သက်ရောက်မှုတွေက အရမ်းကိုကြီးတယ်။ အလုပ်သမားတွေ ထိန်းမရတော့ဘူး။ နောက်တစ်ခုက စီးပွားရေးသမားတွေပါ မလုံခြုံတော့တာ။ တချို့လည်း ရှိတဲ့ အလုပ်တွေ ရပ်ပြီး ထိုင်းဘက်မှာ အိမ် ကွန်ဒိုဝယ်ပြောင်းကုန်တာတွေလည်းများတယ်။ အနာဂတ်မသေချာမှုတွေကြောင့်ပဲ။ အခု ငွေစျေး မတည်မငြိမ်ဖြစ်နေတာကလည်း စစ်မှုထမ်းဥပဒေကြောင့် အများကြီးပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေရင်းကို လူတိုင်း မလုံခြုံကြတော့တာ။

ငွေနဲ့ရှင်းလို့ရတယ်ဆိုရင်တောင် လက်တွေ့မှာ စိတ်ပိုင်းဆိုင်ရာ ဘယ်သူမှ မလုံခြုံကြတော့ဘူး” ဟု UMFCCI မှ စီးပွားရေးသမားကဆိုသည်။ စစ်မှုထမ်းဥပဒေကြောင့် စီးပွားရေး မတည်မငြိမ်ဖြစ်မှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျမှုမှာ တိုက်ရိုက်ဆက်စပ်နေသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တစ်ဦးကလည်း ပြောဆိုသည်။ “အခုရွှေစျေးလည်း အမြင့်ပိုင်းမှာ ငြိမ်နေတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ရွှေစျေးက စျေးတွေ ထိုးတက်နေတ ယ်။ မနေ့ကဆိုရင် ၄၃ သိန်း ၆ သောင်းအထိ တက်တယ်။ ဒေါ်လာအရွက်စျေးလည်း တက်တယ်။ ဘာကြောင့်လဲ မေးရင်တော့ နိုင်ငံရေးနဲ့ လက်ရှိဖြစ်နေတဲ့ စစ်ထဲဝင်ရမယ့် ကိစ္စတွေကြောင့် အများပါတယ်။

ရွှေကတော့ အပြင် စျေးကွက်မှာပဲ အရောင်းအဝယ်လုပ်ကြတာ” ဟု ရန်ကုန်တိုင်းရွှေကုန်သည်က ရှင်းပြသည်။ ယမန်နေ့ ရွှေစျေးကွက် အခေါက် မီးလင်းရွှေတစ်ကျပ်သားလျှင် ၄,၃၆၀,၀၀၀ ကျပ်စျေးရှိခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၇၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၅ ကျပ်အထိ စျေးနှုန်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *