ပျူခဝေးတစ်ကောင် ငရဲပို့(ရုပ်သံ)

ပခုက္ကူမြို့နယ် ရေလာလေးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူခေါင်းဆောင်သေဆုံး (ရုပ်/သံ)

++++++++++++++++++

မတ် ၂၈၊ ၂၀၂၄

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာရှိ ပျူစခန်းကို မတ်လ ၂၆ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဒရုန်းနဲ့ ဗုံးသီး ၂၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရေလာလေးရွာရှိ ပျူ ခေါင်းဆောင်သေဆုံးခဲ့တယ်လို့ မြိုင်ပကဖမှ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ်လ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ပခုက္ကူမြို့နယ် ညောင်ပင်လှလမ်းခွဲအနီးရှိ မိုင်း ၂ လုံးကို ရှင်းလင်းရေးလုပ်နေစဉ် မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပျူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အထက်ပါစစ်ဆင်ရေးတွေကို မြိုင်ပကဖ၊ Black Cobra၊ DMG တပ်ဖွဲ၊ MRTF ၊ Young Force UG၊ ကမ္မ underground၊ PDF ကမ္မအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

++++++++++++++++++
မတ် ၂၈၊ ၂၀၂၄

Be the first to comment

Leave a Reply

Your email address will not be published.


*