အရင်ကတော့ငယ်သေးတော့ဆော့တာပေါ့ အခုအသက်ကြီးလာပြီဆိုတော့ကစားတာပေါ့နော် ဆိုပြီး😁 ပြောပြလာတဲ့ သရုပ်ဆောင်လင်းဇာနည်ဇော်

မင်းသမီးတွေထဲမှာအမြဲ စစနောက်နောက်ပျော်ပျော်နေတတ်တဲ့သူတို့မိသားစုလေးကို အနုပညာအသိုင်းအဝိုင်းကလည်းချစ်ကြတယ် ပရိတ်သတ်လည်းအားပေးမှုမလျော့ခဲ့ဘူး။

အချိန်အတိုင်းတာတခုထိအနုပညာလောကနှင့်အဆက်အသွယ်ပြတ်ပြီး အမကြီးကဖြစ်သူရဲ့အစားအသောက်ရောင်းရာမှာကူညီပေးခဲ့ပြီးသားမိနှစ်ယောက်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတယ်။

ပရိတ်သတ်တွေ ရှေ့အပြန်ရောက်တော့လည်းအစအနောက်အရွှန်းလေးဖောက်ပြီးအိမ်ကအလုပ်သမားပါမကျန်ငယ်ဘဝကလို့စနောက်နေတဲ့မင်းသမီးကြီးလင်းဇာနည်ဇော်ဟာ အမနှင့်သမီးပါအမြဲစနောက်နေခဲ့သူပါ။

“ဖုန်းဆက်လို့ကိုင်လိုက်တာနဲ့ပေါက်ကရတွေပြောတယ်ဆိုရင် သေချာတယ် မလင်းမဟုတ်ပါဘူး… မီဒီယာကနေတစ်ခါတည်းပြောလိုက်ပါတယ်နော်…အဲဒါက သူ့အဒေါ်ဖြစ်ရင်ဖြစ်မ ဟုတ်ရင် မြူလင်းကိုကိုပါ…မလင်းကဖုန်းထဲကနေရန်ဖြစ်တာတွေ နောက်တာတွေမလုပ်ပါဘူးနော်😁 ဖုန်းထဲကနေ ပေါက်ကရတွေပြောတာက မချစ်နဲ့မြူလင်းပါပဲ…မြူလင်း ကိုရိုက်ကွင်းမခေါ်ချင်ဘူး သူစိတ်ပါသွားမှာဆိုးလို့လေ…မခေါ်လည်းသူက အခု အဲဘက်ကိုပဲ စိတ်ပါနေတာဆိုတော့…မထူးပါဘူးလိုက်ခဲ့လိုက်ပေါ့ ဝါသနာပါတဲ့အလုပ်လုပ်မယ်ဆို သင်ဆရာမြင်ဆရာတွေရှိမှဖြစ်မှာလေ…သူမှ တကယ် ဝါသနာပါပြီးလုပ်တော့မယ်ဆိုရင်တော့ မလင်းက ပံပိုးပေးရတော့မှာပေါ့……မလင်းကအရမ်းစနောက်တတ်တဲ့အကျင့်လေးရှိတော့…အိမ်ကောင်မလေးတွေ လည်းမရဘူးအရမ်းစတယ်…ရူတင်ရောက်ရင်လည်းစတာပဲ..အရင်ကတော့ငယ်သေးတော့ဆော့တာပေါ့ အခုအသက်ကြီးလာပြီဆိုတော့ကစားတာပေါ့နော် ဆိုပြီး😁 ပြောပြလာတဲ့ သရုပ်ဆောင်လင်းဇာနည်ဇော်❤❤❤”လို့စတောင်ခဲ့ပြန်ပါတယ်။

ပရိတ်သတ်တွေကလည်းသူတို့မိသားစုလေးကိုပိုချစ်ပြီးအားပေးကြပါအုန်းနော်

Be the first to comment

Leave a Reply

Your email address will not be published.


*