ယနေ့ (၁.၁၀.၂၀၂၃) တနင်္ဂနွေနေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ အောက်တိုဘာ ၁ ၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3300 – 3340
ဥရောပယူရို 3500 – 3560
ဗြိတိသျှစတာလင်ပေါင် 4060 – 4120
သြစတြေးလျဒေါ်လာ 2115 – 2160
ဂျပန်ယန်း 22.40 – 22.90

တောင်ကိုရီးယားဝမ် 2.45 – 2.50
အိန္ဒိယရူပီး 40.20 – 40.95
စင်ကာပူဒေါ်လာ 2370 – 2440
မလေးရှားရင်းဂစ် 700 – 715
တရုတ်ယွမ် 445 – 470
ထိုင်းဘတ် 90.90 – 92.60

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3430,000 – 3435,000 ကျပ်ခန့် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3220,000 ကျပ်ခန့် ရှိနေသည်။ (ရွှေဈေး ယမန်နေ့နှင့် ယှဉ်လျှင် ပြန်ကျသွားသည်)

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပအခေါက်ရွှေဈေးသည် 3475,000 – 3480,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ရွှေဈေးသည် အမြင့်ဆုံး ကျပ် 39 သိန်းကျော်အထိ ရောက်ခဲ့ပြီးနောက် ယခု ကျပ် 35 သိန်းအောက် ပြန်ကျလာသော်လည်း ကျပ် 34 သိန်းအောက် ထပ်မဆင်းဘဲ ခိုင်မာလျက်ရှိသည်။

ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရည်ညွှန်းရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေဈေးသည် ၆ လကျော်အတွင်း အနိမ့်ဆုံး ဖြစ်နေပြီး တစ်အောင်စလျှင် 1849 ဒေါ်လာခန့် ရှိနေသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *