ဘဏ်ကငွေတွေကိုလေယာဉ်နဲ့ “မ”ကုန်ဘီ

Update News- မြ၀တီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တချို့မှ ငွေကြေးများကို သေတ္တာများဖြင့် ထည့်၍ စစ်ကောင်စီလေယာဉ်က မဲဆောက်လေဆိပ်မှ ရန်ကုန်သို့ သယ်ဆောင်သွား

■ မြ၀တီမြို့မှ ဝန်ထမ်းများ လေယာဉ်ဖြင့် လိုက်ပါမှု ရှိ၊ မရှိ မရေမရာ ဖြစ်နေ

ရန်ကုန်၊ ဧပြီ ၈

အကြမ်းဖက်စစ်ကောင်စီက စေလွှတ်လိုက်သော ATR 72-600 လေယာဉ်သည် မြ၀တီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ဘဏ်တချို့မှ ငွေကြေးများကို သေတ္တာပုံများဖြင့် ထည့်၍ မဲဆောက်လေဆိပ်မှတစ်ဆင့် ရန်ကုန်သို့ သယ်ဆောင်သွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ ညပိုင်း ထိုင်းစံတော်ချိန် ၈ နာရီ ၃၀ မိနစ်ဝန်းကျင် မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့သော စစ်ကောင်စီ၏ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ၏ ATR 72-600 လေယာဉ်သည် မြ၀တီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်တချို့မှ ငွေကြေးများကို သေတ္တာများဖြင့် ထည့်ကာ ရန်ကုန်လေဆိပ်သို့ တင်ဆောင်၍ ထွက်ခွာသွားခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ ဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များ လိုက်ပါ ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ သေတ္တာတွေတင်လာတာ ငွေကြေးတွေလို့ သိရတယ်။ မြ၀တီမှာရှိတဲ့ ဘဏ်တွေက ပိုက်ဆံတွေကို Box တွေနဲ့ထည့်ပြီး အမှတ် ၂ တံတားကနေ ဝင်တယ်လို့ ယေဘုယျ သိရတယ်။ မြ၀တီမြို့က ဝန်ထမ်းတွေ ပါတာလား၊ မပါတာ လားတော့ အဲဒါတော့ သေသေချာချာ မသိရသေးဘူး။ ငွေတွေအားလုံး ရွှေ့တာကတော့ သေချာ ပေါက် အတည်ပြုလို့ရတယ်။ အခြေအနေက အရမ်းရှုပ်ထွေးနေတယ်လို့ ပြောလို့ရတယ်။ ဒီလေယာဉ်တွေက အဖမ်းခံထားရတဲ့ စစ်သုံ့ပန်းတွေ ပြန်ခေါ်မလား၊ ပိတ်မိနေတဲ့ မြို့ပေါ် ဝန်ထမ်းတွေပဲ ရွှေ့မလား၊ အဲဒါတွေလည်း ရေရေရာရာ မရှိဘူး” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မဲဆောက်- ရန်ကုန်မြို့သို့ အရေးပေါ် အထူးကိစ္စဖြင့် လေယာဉ်များ ပြေးဆွဲမည်ဖြစ်ပြီး အဓိကအားဖြင့် မြ၀တီမြို့မှ ဝန်ထမ်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အ ရေး ပေါ် ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရှိရသည်။

Update News- ျမ၀တီၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္ အပါအဝင္ ပုဂၢလိကဘဏ္တခ်ိဳ႕မွ ေငြေၾကးမ်ားကို ေသတၱာမ်ားျဖင့္ ထည့္၍ စစ္ေကာင္စီေလယာဥ္က မဲေဆာက္ေလဆိပ္မွ ရန္ကုန္သို႔ သယ္ေဆာင္သြား
■ ျမ၀တီၿမိဳ႕မွ ဝန္ထမ္းမ်ား ေလယာဥ္ျဖင့္ လိုက္ပါမႈ ရွိ၊ မရွိ မေရမရာ ျဖစ္ေန
ရန္ကုန္၊ ဧၿပီ ၈
အၾကမ္းဖက္စစ္ေကာင္စီက ေစလႊတ္လိုက္ေသာ ATR 72-600 ေလယာဥ္သည္ ျမ၀တီၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္ အပါအဝင္ ဘဏ္တခ်ိဳ႕မွ ေငြေၾကးမ်ားကို ေသတၱာပုံမ်ားျဖင့္ ထည့္၍ မဲေဆာက္ေလဆိပ္မွတစ္ဆင့္ ရန္ကုန္သို႔ သယ္ေဆာင္သြားေၾကာင္း ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။
ဧၿပီလ ၇ ရက္ေန႔ ညပိုင္း ထိုင္းစံေတာ္ခ်ိန္ ၈ နာရီ ၃၀ မိနစ္ဝန္းက်င္ မဲေဆာက္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိလာခဲ့ေသာ စစ္ေကာင္စီ၏ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း MNA ၏ ATR 72-600 ေလယာဥ္သည္ ျမ၀တီၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္၊ ပုဂၢလိကဘဏ္တခ်ိဳ႕မွ ေငြေၾကးမ်ားကို ေသတၱာမ်ားျဖင့္ ထည့္ကာ ရန္ကုန္ေလဆိပ္သို႔ တင္ေဆာင္၍ ထြက္ခြာသြားခဲ့ေၾကာင္း၊ သို႔ရာတြင္ စစ္ေကာင္စီ ဝန္ထမ္းမ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ား လိုက္ပါ ျခင္း ရွိ၊ မရွိကိုမူ ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္း သိရွိရသည္။


“ေလယာဥ္နဲ႔ ေသတၱာေတြတင္လာတာ ေငြေၾကးေတြလို႔ သိရတယ္။ ျမ၀တီမွာရွိတဲ့ ဘဏ္ေတြက ပိုက္ဆံေတြကို Box ေတြနဲ႔ထည့္ၿပီး အမွတ္ ၂ တံတားကေန ဝင္တယ္လို႔ ေယဘုယ် သိရတယ္။ ျမ၀တီၿမိဳ႕က ဝန္ထမ္းေတြ ပါတာလား၊ မပါတာ လားေတာ့ အဲဒါေတာ့ ေသေသခ်ာခ်ာ မသိရေသးဘူး။ ေငြေတြအားလုံး ေ႐ႊ႕တာကေတာ့ ေသခ်ာ ေပါက္ အတည္ျပဳလို႔ရတယ္။ အေျခအေနက အရမ္းရႈပ္ေထြးေနတယ္လို႔ ေျပာလို႔ရတယ္။ ဒီေလယာဥ္ေတြက အဖမ္းခံထားရတဲ့ စစ္သုံ႔ပန္းေတြ ျပန္ေခၚမလား၊ ပိတ္မိေနတဲ့ ၿမိဳ႕ေပၚ ဝန္ထမ္းေတြပဲ ေ႐ႊ႕မလား၊ အဲဒါေတြလည္း ေရေရရာရာ မရွိဘူး” ဟု ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။
စစ္ေကာင္စီက ဧၿပီလ ၇ ရက္ေန႔မွ ဧၿပီလ ၁၀ ရက္ေန႔အထိ မဲေဆာက္- ရန္ကုန္ၿမိဳ႕သို႔ အေရးေပၚ အထူးကိစၥျဖင့္ ေလယာဥ္မ်ား ေျပးဆြဲမည္ျဖစ္ၿပီး အဓိကအားျဖင့္ ျမ၀တီၿမိဳ႕မွ ဝန္ထမ္းမ်ား၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို အ ေရး ေပၚ ေ႐ႊ႕ေျပာင္းမည္ျဖစ္ေၾကာင္း သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*