နန်းနန်းတွေနှင့်စခ စီလုတ်ကြီးစီပြေးပြန်ဘီ(ရုပ်သံ)

နန်းနန်းတွေနှင့်စခ စီလုတ်ကြီးစီပြေးပြန်ဘီ(ရုပ်သံ)

KIA သိမ်းပိုက်ထားသော လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ မှ စစ်သားများ နှင့် Non-CDM ဝန်ထမ်းများ တရုတ်ပြည်အတွင်းသို့ ထွက် ပြေး (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၉

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသော ခလရ ၁၄၂ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး တရုတ်ပြည်အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီ ကင်းစင်သော မြို့အဖြစ် KIA က တရားဝင် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“လွယ်ဂျယ်မြို့ထဲမှာ ကျန်ရှိနေတဲ့ မြို့စောင်တပ်နဲ့ Non-CDM ဝန်ထမ်းတွေကို တရုတ်ဘက်က လက်ခံလိုက်တယ်။ အဲဒါကြောင့် အကုန် တရုတ်ပြည်ထဲ ထွက်ပြေးကုန်ပါပြီ။ ဒါကြောင့် လွယ်ဂျယ်မှာ စစ်ကောင်စီကင်းစင်တဲ့ မြို့ဖြစ်သွားပြီးတော့ KIA လက်အောက်ကို အပြီးကျရောက်သွားပါပြီ။ မနေ့ည ၁၀ နာရီမှာ လွယ်ဂျယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ဝန်ထမ်းတွေ တစ်ဦးမှ မရှိတော့ပါဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ နောက်ဆုံးစခန်းကြီးဖြစ်သော စိန်လုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့အတွင်းသို့ KIA က တရားဝင် ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြား KIA သတင်းရင်းမြစ်ကလည်း ယနေ့ နံနက်ပိုင်းတွင် လွယ်ဂျယ်မြို့ စောင့် တပ် ခလရ ၁၄၂ စခန်းကို နယ်မြေရှင်းလင်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“လွယ်ဂျယ် အလုံးစုံသိမ်းပိုက်လိုက်တယ်။ စစ်ခွေးတွေက တရုတ်ဘက်ကို အကုန်ထွက်ပြေးသွားတယ်။ ဒီမနက် စခန်းကိုရှင်းလင်းလိုက်ပါပြီ” ဟု အခြား KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KIA သိမ္းပိုက္ထားေသာ လြယ္ဂ်ယ္ၿမိဳ႕ရွိ ၿမိဳ႕ေစာင့္တပ္ ခလရ ၁၄၂ မွ စစ္သားမ်ား ႏွင့္ Non-CDM ဝန္ထမ္းမ်ား တ႐ုတ္ျပည္အတြင္းသို႔ ထြက္ ေျပး (႐ုပ္/သံ)
ရန္ကုန္၊ ဧၿပီ ၉
ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္၊ တ႐ုတ္-ျမန္မာ နယ္စပ္ လြယ္ဂ်ယ္ၿမိဳ႕တြင္ က်န္ရွိေနေသာ ခလရ ၁၄၂ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ Non-CDM ဝန္ထမ္းမ်ားအားလုံး တ႐ုတ္ျပည္အတြင္းသို႔ ဝင္ေရာက္ ထြက္ေျပးသြားသျဖင့္ စစ္ေကာင္စီ ကင္းစင္ေသာ ၿမိဳ႕အျဖစ္ KIA က တရားဝင္ သိမ္းပိုက္ရရွိထားၿပီျဖစ္ေၾကာင္း KIA သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
“လြယ္ဂ်ယ္ၿမိဳ႕ထဲမွာ က်န္ရွိေနတဲ့ ၿမိဳ႕ေစာင္တပ္နဲ႔ Non-CDM ဝန္ထမ္းေတြကို တ႐ုတ္ဘက္က လက္ခံလိုက္တယ္။ အဲဒါေၾကာင့္ အကုန္ တ႐ုတ္ျပည္ထဲ ထြက္ေျပးကုန္ပါၿပီ။ ဒါေၾကာင့္ လြယ္ဂ်ယ္မွာ စစ္ေကာင္စီကင္းစင္တဲ့ ၿမိဳ႕ျဖစ္သြားၿပီးေတာ့ KIA လက္ေအာက္ကို အၿပီးက်ေရာက္သြားပါၿပီ။ မေန႔ည ၁၀ နာရီမွာ လြယ္ဂ်ယ္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္နဲ႔ ဝန္ထမ္းေတြ တစ္ဦးမွ မရွိေတာ့ပါဘူး” ဟု KIA သတင္းရင္းျမစ္က ေျပာဆိုသည္။
မတ္လ ၂၇ ရက္ေန႔မွစတင္ၿပီး ဗန္းေမာ္-လြယ္ဂ်ယ္လမ္းရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို KIA ႏွင့္ ေတာ္လွန္ေရးတပ္မ်ားက စတင္တိုက္ခိုက္ခဲ့ကာ ဧၿပီလ ၁ ရက္ေန႔တြင္ စစ္ေကာင္စီ၏ ေနာက္ဆုံးစခန္းႀကီးျဖစ္ေသာ စိန္လုံဗ်ဴဟာစခန္းကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း၊ ဧၿပီလ ၂ ရက္ေန႔တြင္ လြယ္ဂ်ယ္ၿမိဳ႕အတြင္းသို႔ KIA က တရားဝင္ ဝင္ေရာက္သိမ္းပိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
အျခား KIA သတင္းရင္းျမစ္ကလည္း ယေန႔ နံနက္ပိုင္းတြင္ လြယ္ဂ်ယ္ၿမိဳ႕ ေစာင့္ တပ္ ခလရ ၁၄၂ စခန္းကို နယ္ေျမရွင္းလင္းလိုက္ၿပီျဖစ္ေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
“လြယ္ဂ်ယ္ အလုံးစုံသိမ္းပိုက္လိုက္တယ္။ စစ္ေခြးေတြက တ႐ုတ္ဘက္ကို အကုန္ထြက္ေျပးသြားတယ္။ ဒီမနက္ စခန္းကိုရွင္းလင္းလိုက္ပါၿပီ” ဟု အျခား KIA သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *