လက်ဖက်ခြောက်ကမသေချာဘူး မြဝတီကတော့ရလိုက်ဘီ

လက်ဖက်ခြောက်ကမသေချာဘူး မြဝတီကတော့ရလိုက်ဘီ

မြ၀တီခလရ ၂၇၅ တပ်ကို ယမန်နေ့ည ၁၀ နာရီတွင် သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ဆုတ် ခွာသွားဟု KNU ပြောခွင့်ရ ပဒိုစောတောနီး အတည်ပြု

■ ကော့ကရိတ်နှင့်မြ၀တီဘက်သို့ စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများ ဆက်လက် တက်လာနေပြီး စစ်သင်္ဘော၃ စီး လည်း သံလွင်မြစ်ကြောင်း အတိုင်း ဝင်ရောက်လာ

ရန်ကုန်၊ ဧပြီ ၁၁

ကရင်ပြည်နယ်၊ မြ၀တီခလရ ၂၇၅ တပ်ကို ယမန်နေ့ည ၁၀ နာရီတွင် သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ဆုတ်ခွာသွားကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

“မနေ့ည ၁၀ နာရီမှာ ခလရ ၂၇၅ ကို ရပါတယ်။ တပ်မ ၄၄ တပ်မမှူးနဲ့ သူ့ရဲ့ နောက်လိုက် စစ်အင်အား ၂၀၀ လောက်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို ဆုတ်ခွာသွားပါတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

လက်ရှိတွင် ကော့ကရိတ်နှင့် မြ၀တီဘက်သို့ လမ်းများအားလုံးမှ စစ်တပ်စစ်ကူစစ်ကြောင်းများ တက်လာနေကြောင်း၊ စစ်ကောင်စီတပ်က ကော့ကရိတ်ကို အခြေပြု၍ မြ၀တီဘက်သို့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိက်ရန် လှုပ်ရှားနေကြောင်း သိရှိရသည်။

“ဒီနေ့မနက် ၅ နာရီ ဝန်းကျင်လောက်မှာ ဘားအံ ၂၀၁ တပ်ရင်းက ထောက်ပို့ကားအစီးရေ ၃၀ ဝန်းကျင်ခန့် အာရှလမ်းအတိုင်း တက်သွားတယ်။ မနက် ၆ နာရီဝန်းကျင်မှာလည်း နောက်ထပ်ကား အစီးရေ ၂၀ခန့်ထပ်တက်သွားပါတယ်။ ဒုတိယအသုတ်ကားများတွင် ယာယီတံတားထိုးနိုင်တဲ့ ကားအမျိုးအစားတွေလည်းပါသွားပါတယ်။ စစ်သည်အင်အားကတော့ စစ်ကားတစ်စီး ၄ ဦးနဲ့ ၅ ဦးလောက်ပဲ ပါသွားတယ်”ဟု ဒေသသတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။

ထို့ပြင် ကော့ကရိတ်၊ ဂျိုင်းတံတားဘက်သို့ ဦးတည်၍ သံလွင်မြစ်ကြောင်းအတိုင်း စစ်သင်္ဘောအကြီး ၃ စီး သွားရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အတူ ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန် မြ၀တီဘက်သို့ ထေ့ကေ့ကိုကိုး လမ်းအတိုင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းတစ်ခု ခြေလျင် တက်လာသည်ကို မြင်တွေ့ရကြာင်း ဒေသပြည်သူများက ဗီဒီယိုများနှင့်တကွ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့သည်။

မြ၀တီမြို့စောင့်တပ်၊ ခလရ ၂၇၅ မှ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ပြုရန် တောင်းခံနေ

ရန်ကုန်၊ ဧပြီ ၁၁

မြ၀တီမြို့စောင့်တပ်၊ ခလရ ၂၇၅ မှ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ပြုရန် တောင်းခံနေကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“အရာရှိကြီးတွေရော၊ ဒဏ်ရာရတဲ့သူတွေရော အားလုံးပါတယ်။ အမှတ် ၂ တံတားမှာ အားလုံး အရပ်ဝတ်လဲထားပြီးပြီ။ သေနတ်တွေပါတာကိုတော့ ထိုင်းစစ်တပ်ကို အပ်မယ်ပြောထားတယ်။ ထိုင်းစစ်တပ်ကလည်း ဝင်ခွင့် ပေး၊ မပေး မသိရသေးဘူး။ ညှိနှိုင်းပြီးတော့ လမ်းဖွင့်ပေးလိုက်တယ်လို့ သိထားတယ်။ မနေ့ညကတည်းက ထွက်သွားကြတာ” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော ထိုင်းစစ်တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတိုးမြှင့် ချထားကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *