တစ်စခ-န်းလုံးမှလေးယောက်ပဲရှိတာလား😄😄😄

တစ်စခ-န်းလုံးမှလေးယောက်ပဲရှိတာလား😄😄😄

ကျိုက်မရောမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး လက်နက်ချ အညံ့ခံပြီး သေနတ် ၁၀ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး လက်နက်ချ အညံ့ခံပြီး သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်းကို မွန်တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အားလုံး လက်နက်ချ အညံ့ခံပြီး လက်နက် ၁၀ လက် နှင့် ကျည် ၅၄၃ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အားလုံးဖမ်းမိတာ ၄ ကောင်ပါ။ ကျနော်တို့ ဝင်စီးတဲ့ချိန်က သူတို့ဘက်က ပြန်လည်တိုက်ခိုက်ဖို့ အချိန်မရှိလိုက်ဘူး ရုတ်တရက် ဝင်စီးတာ ဖြစ်တဲ့အတွက်ကြောင့် အကုန်ဖမ်းမိလိုက်တာ လက်နက်ချ ပျူတွေကိုတော့ မွန်ခွဲထွက် AD တပ်ဖွဲ့မှာပဲ ထိန်းသိမ်းထားပါတယ်” ဟု BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SG_Production အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ စွန့်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *