ကိုလှဆွေတို့အငိုက်မိသွားဘီ

ကိုလှဆွေတို့အငိုက်မိသွားဘီ

မုပွန်နယ်မြေစခန်းမှာ အချုပ်သား ၃ယောက် အချုပ်ခန်းဖောက်ကာ ထွက်ပြေး…

ထွက်ပြေးတဲ့အချုပ်သားများက ရဲစခန်းက သေနက် ၂ လက်ပါယူသွား…

+++++++++++++

ဧပြီ ၁၈ – ၂၀၂၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက်က နယ်မြေရဲစခန်းမှာ အချုပ်ချခံထားရသူ ၃ ဦးဟာ ဧပြီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းက အချုပ်ခန်းဖောက်ထွက်ပြေးပြီး ရဲစခန်းက သေနက် ၂ လက်ပါယူဆောင်သွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။

အချုပ်ခန်းဖောက်ပြေးမှုကြောင့် မုပွန်ရဲစခန်းက အကြမ်းဖက်ရဲများက အင်အားသုံးပြီး လိုက်လံရှာဖွေမှုများ ပြုလုပ်နေပေမယ့် လက်ရှိအချိန်ထိ ထွက်ပြေးသွားတဲ့အချုပ်သားများ လွတ်မြောက်နေသေးတယ်လို့ သိရပါတယ်။

“အချုပ်ခန်းဖောက်ပြေးပြီး သေနတ်တွေပါ ယူဆောင်သွားတာဆိုတော့ ကင်းသမားတွေ အိပ်ငိုက်နေတာဖြစ်မယ်။ လေးစားစရာပဲ၊ အဲလိုလုပ်ရဲတာဆိုရင်တော့ တော်လှန်ရေးထဲက သူရဲကောင်းလေးတွေပဲ ဖြစ်နိုင်တယ်။ ကျည်တွေပါသွားလားတော့မသိဘူး။ ဘာပဲပြောပြော ခေတ်ဆိုးကြီးထဲမှာ အခုလိုလုပ်တာကိုလေးစားတယ်”လို့ မုပွန်ရပ်ကွက်နေ ဒေသခံတစ်ဦးက မောင်းကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မော်လမြိုင်မြို့နယ်၊ မုပွန်ရဲစခန်းအနီးတဝိုက်နဲ့ မုပွန်ရပ်ကွက် အဝင်အထွက်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေဆဲဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။

ပုံစာ – အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများ

မုပြန္နယ္ေျမစခန္းမွာ အခ်ဳပ္သား ၃ေယာက္ အခ်ဳပ္ခန္းေဖာက္ကာ ထြက္ေျပး…
ထြက္ေျပးတဲ့အခ်ဳပ္သားမ်ားက ရဲစခန္းက ေသနက္ ၂ လက္ပါယူသြား…
+++++++++++++
ဧၿပီ ၁၈ – ၂၀၂၄
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ မုပြန္ရပ္ကြက္က နယ္ေျမရဲစခန္းမွာ အခ်ဳပ္ခ်ခံထားရသူ ၃ ဦးဟာ ဧၿပီလ ၁၇ ရက္ေန႔ ေန႔လည္ပိုင္းက အခ်ဳပ္ခန္းေဖာက္ထြက္ေျပးၿပီး ရဲစခန္းက ေသနက္ ၂ လက္ပါယူေဆာင္သြားတယ္လို႔ ေဒသခံမ်ားဆီက သိရပါတယ္။
အခ်ဳပ္ခန္းေဖာက္ေျပးမႈေၾကာင့္ မုပြန္ရဲစခန္းက အၾကမ္းဖက္ရဲမ်ားက အင္အားသုံးၿပီး လိုက္လံရွာေဖြမႈမ်ား ျပဳလုပ္ေနေပမယ့္ လက္ရွိအခ်ိန္ထိ ထြက္ေျပးသြားတဲ့အခ်ဳပ္သားမ်ား လြတ္ေျမာက္ေနေသးတယ္လို႔ သိရပါတယ္။
“အခ်ဳပ္ခန္းေဖာက္ေျပးၿပီး ေသနတ္ေတြပါ ယူေဆာင္သြားတာဆိုေတာ့ ကင္းသမားေတြ အိပ္ငိုက္ေနတာျဖစ္မယ္။ ေလးစားစရာပဲ၊ အဲလိုလုပ္ရဲတာဆိုရင္ေတာ့ ေတာ္လွန္ေရးထဲက သူရဲေကာင္းေလးေတြပဲ ျဖစ္ႏိုင္တယ္။ က်ည္ေတြပါသြားလားေတာ့မသိဘူး။ ဘာပဲေျပာေျပာ ေခတ္ဆိုးႀကီးထဲမွာ အခုလိုလုပ္တာကိုေလးစားတယ္”လို႔ မုပြန္ရပ္ကြက္ေန ေဒသခံတစ္ဦးက ေမာင္းကို ေျပာပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ မုပြန္ရဲစခန္းအနီးတဝိုက္နဲ႔ မုပြန္ရပ္ကြက္ အဝင္အထြက္မ်ားကို အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ပိတ္ဆို႔စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ေနဆဲျဖစ္တယ္လို႔ ေဒသခံမ်ားဆီက သိရပါတယ္။
ပုံစာ – အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ ရဲမ်ား

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *