ဒေါနတောင်ခြေကသံရည်ကျိုတွေရှိုးလိုက်

ဒေါနတောင်ခြေကသံရည်ကျိုတွေရှိုးလိုက်

မြ၀တီသို့ စစ်ကူလာသော စစ်ယာဉ်တန်းမှ စစ်ကောင်စီတပ်၏ သံချပ်ကာကား၊ လက်နက်တပ်ဆင်ထားသော စစ်ကားတချို့ ကို ဒေါနတောင်ခြေတွင် ဖျက်ဆီးထားနိုင်ခဲ့

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ မြ၀တီသို့ စစ်ကူလာသော စစ်ယာဉ်တန်းမှ စစ်ကောင်စီတပ်၏ သံချပ်ကာကား၊ လက်နက်တပ်ဆင်ထားသော စစ်ကားတချို့ ကို ဒေါနတောင်ခြေတွင် ဖျက်ဆီးထားနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၁၁) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်ခဲ့ကြောင်း၊ ထိုးစစ်ဆင်လာသော စစ်ကူတပ်များကို ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆက်မပြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဘက်တောင်ခြေ တွင် စစ်ကူစစ်ကြောင်းကို ဖြတ်တောက်ထားနိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

“KNUဗဟိုကလည်း သတင်းထုတ်ပြန်ထားပြီးသားပဲ။ သံချပ်ကာကားကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ စစ်ကားတချို့လည်းရတယ်။ မနေ့က ညနေကတော့ ပျက်နေတဲ့ ကား ၆ စီး ဆွဲသွားတယ်” ဟု PDF တောင်ပိုင်းစစ်ဒေသမှ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လတ်တလော ကော့ကရိတ်မြို့တွင်လည်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်များက ဓာတုအဆိပ်ဗုံးများကိုပါ အသုံးပြုနေသည့်အတွက် တော်လှန်ရေးရဲဘော်များ မူးဝေ၊ အော့အန်ခြင်းများဖြစ်ပွားကာ ဒဏ်ရာရရှိမှုများလည်း များပြားကြောင်း၊ ထို့ကြောင့် ကော့ကရိတ်မြို့ထဲမှ တပ်စွဲထားရာ နေရာတချို့ကို ယာယီအားဖြင့် ဆုတ်ခွာရမှုများရှိကြောင်း၊ သို့သော်လည်း များမကြာမီ ဆုတ်ခွာခဲ့ရသည့် နေရာများကို ပြန်လည် ထိန်းချုပ်နိုင်ရန်ရှိနေကြောင်း PDF စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ျမ၀တီသို႔ စစ္ကူလာေသာ စစ္ယာဥ္တန္းမွ စစ္ေကာင္စီတပ္၏ သံခ်ပ္ကာကား၊ လက္နက္တပ္ဆင္ထားေသာ စစ္ကားတခ်ိဳ႕ ကို ေဒါနေတာင္ေျခတြင္ ဖ်က္ဆီးထားႏိုင္ခဲ့
ရန္ကုန္၊ ဧၿပီ ၂၂
ကရင္ျပည္နယ္၊ ျမ၀တီသို႔ စစ္ကူလာေသာ စစ္ယာဥ္တန္းမွ စစ္ေကာင္စီတပ္၏ သံခ်ပ္ကာကား၊ လက္နက္တပ္ဆင္ထားေသာ စစ္ကားတခ်ိဳ႕ ကို ေဒါနေတာင္ေျခတြင္ ဖ်က္ဆီးထားႏိုင္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ ေတာင္ပိုင္းတိုင္းစစ္ေဒသမွ စစ္ေရးသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ျမဝတီၿမိဳ႕တြင္ ေနာက္ဆုံး က်န္ရွိေသာ ခလရ−၂၇၅ တပ္စခန္းအား ဧၿပီလ (၁၁) ရက္ေန႔တြင္ တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီးေနာက္ အာဏာသိမ္း အၾကမ္းဖက္စစ္ေကာင္စီတပ္က ျမဝတီၿမိဳ႕အား ျပန္လည္ရရွိရန္ “ေအာင္ေဇယ်” အမည္ျဖင့္ ႏိုင္ငံေတာ္အဆင့္ စစ္ဆင္ေရးတစ္ရပ္အားေဖာ္ေဆာင္ခဲ့ေၾကာင္း၊ ထိုးစစ္ဆင္လာေသာ စစ္ကူတပ္မ်ားကို ၎တို႔လာရာလမ္းတစ္ေလွ်ာက္တြင္ အဆက္မျပတ္ ျဖတ္ေတာက္ တိုက္ခိုက္ခဲ့ရာ သံခ်ပ္ကာယာဥ္အပါအဝင္ စစ္သုံးကားအခ်ိဳ႕ အျပင္ စစ္ေကာင္စီတပ္ဖြဲဝင္ရာေက်ာ္ ထိခိုက္ေသးဆုံးခဲ့ရေသာေၾကာင့္ ေရွ႕သို႔ဆက္မတက္ႏိုင္ဘဲ ေဒါန ေတာင္တန္း အေနာက္ဘက္ေတာင္ေျခ တြင္ စစ္ကူစစ္ေၾကာင္းကို ျဖတ္ေတာက္ထားႏိုင္ခဲ့ေၾကာင္း KNU ဗဟိုက သတင္းထုတ္ျပန္ထားသည္။
“KNUဗဟိုကလည္း သတင္းထုတ္ျပန္ထားၿပီးသားပဲ။ သံခ်ပ္ကာကားကိုလည္း ဖ်က္ဆီးႏိုင္ခဲ့တယ္။ စစ္ကားတခ်ိဳ႕လည္းရတယ္။ မေန႔က ညေနကေတာ့ ပ်က္ေနတဲ့ ကား ၆ စီး ဆြဲသြားတယ္” ဟု PDF ေတာင္ပိုင္းစစ္ေဒသမွ စစ္ေရးသတင္းရင္းျမစ္က ဆိုသည္။
လတ္တေလာ ေကာ့ကရိတ္ၿမိဳ႕တြင္လည္း တိုက္ပြဲ ျပင္းထန္ေနၿပီး စစ္ေကာင္စီတပ္မ်ားက ဓာတုအဆိပ္ဗုံးမ်ားကိုပါ အသုံးျပဳေနသည့္အတြက္ ေတာ္လွန္ေရးရဲေဘာ္မ်ား မူးေဝ၊ ေအာ့အန္ျခင္းမ်ားျဖစ္ပြားကာ ဒဏ္ရာရရွိမႈမ်ားလည္း မ်ားျပားေၾကာင္း၊ ထို႔ေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕ထဲမွ တပ္စြဲထားရာ ေနရာတခ်ိဳ႕ကို ယာယီအားျဖင့္ ဆုတ္ခြာရမႈမ်ားရွိေၾကာင္း၊ သို႔ေသာ္လည္း မ်ားမၾကာမီ ဆုတ္ခြာခဲ့ရသည့္ ေနရာမ်ားကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ရန္ရွိေနေၾကာင္း PDF စစ္ေရး သတင္းရင္းျမစ္မ်ားက ေျပာဆိုၾကသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *