ဒုကြပ်တစ်ကောင်အမိအရ(ရုပ်သံ)

ရွာငံ မြင်းကျဒိုးရဲစခန်းစီးနင်းတိုက်ခိုက်ခံရလို့ ၃ယောက်သေ၊ ဒုတပ်ကြပ်တဦးအရှင်ဖမ်းမိပြီး သေနတ်၂လက်ရ

ဧပြီ ၂၂၊ ၂၀၂၄

သောင်ရင်းသတင်းလွှာ

ရှမ်းပြည်နယ်၊ရွာငံမြို့နယ်၊ မြင်းကျဒိုးရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၃ယောက်သေ၊ ဒုတပ်ကြပ်တဦးအရှင်ဖမ်းမိထားပြီး၊ သေနတ်၂လက်သိမ်းပိုက်ရရှိခဲ့တယ်လို့ Ywangan PDF – JPRF ကသတင်းထုတ်ပြန်ထားပါတယ်။

မနေ့မနက် ၁၀နာရီက မြင်းကျဒိုးရဲစခန်းကို အနီးကပ်ဝင်ရောက်စီးနင်ခဲ့ရာမှာ စစ်အုပ်စုဘက်က အထိနာသေဆုံးမှုတွေရှိခဲ့တာလို့သိရပါတယ်။

“ပစ်တာများ ခွေးတွေခေါင်းကိုမဖော်ရဲဘူး။ရဲစခန်းထဲကခံပစ်နေပေမယ့် ၃ကောင်ကြွသွားတယ်တဲ့။ ထိတဲ့ကောင်တွေလည်းများတယ်။ တကောင်ဖမ်းသွားတယ်။ သေနတ်လည်းရသွားတယ်တဲ့”လို့ရွာငံဒေသခံတဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ရဲစခန်းထဲကနေ AK-47 သေနတ် ၁ လက်၊ ရိုင်ဖယ် သေနတ် ၁ လက်နဲ့ ကျည်ဆံ အတောင့် ၃၀၀တို့ကိုသိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

႐ြာငံ ျမင္းက်ဒိုးရဲစခန္းစီးနင္းတိုက္ခိုက္ခံရလို႔ ၃ေယာက္ေသ၊ ဒုတပ္ၾကပ္တဦးအရွင္ဖမ္းမိၿပီး ေသနတ္၂လက္ရ

ဧၿပီ ၂၂၊ ၂၀၂၄

ေသာင္ရင္းသတင္းလႊာ

ရွမ္းျပည္နယ္၊႐ြာငံၿမိဳ႕နယ္၊ ျမင္းက်ဒိုးရဲစခန္းကို ေဒသေတာ္လွန္ေရးတပ္ဖြဲ႕ေတြက ဝင္ေရာက္စီနင္းတိုက္ခိုက္ခဲ့ရာ စစ္အုပ္စုဘက္က ၃ေယာက္ေသ၊ ဒုတပ္ၾကပ္တဦးအရွင္ဖမ္းမိထားၿပီး၊ ေသနတ္၂လက္သိမ္းပိုက္ရရွိခဲ့တယ္လို႔ Ywangan PDF – JPRF ကသတင္းထုတ္ျပန္ထားပါတယ္။

မေန႔မနက္ ၁၀နာရီက ျမင္းက်ဒိုးရဲစခန္းကို အနီးကပ္ဝင္ေရာက္စီးနင္ခဲ့ရာမွာ စစ္အုပ္စုဘက္က အထိနာေသဆုံးမႈေတြရွိခဲ့တာလို႔သိရပါတယ္။

“ပစ္တာမ်ား ေခြးေတြေခါင္းကိုမေဖာ္ရဲဘူး။ရဲစခန္းထဲကခံပစ္ေနေပမယ့္ ၃ေကာင္ႂကြသြားတယ္တဲ့။ ထိတဲ့ေကာင္ေတြလည္းမ်ားတယ္။ တေကာင္ဖမ္းသြားတယ္။ ေသနတ္လည္းရသြားတယ္တဲ့”လို႔႐ြာငံေဒသခံတဦးကေျပာပါတယ္။

တိုက္ပြဲအတြင္းမွာ ရဲစခန္းထဲကေန AK-47 ေသနတ္ ၁ လက္၊ ႐ိုင္ဖယ္ ေသနတ္ ၁ လက္နဲ႔ က်ည္ဆံ အေတာင့္ ၃၀၀တို႔ကိုသိမ္းပိုက္ရရွိခဲ့ၿပီး ေတာ္လွန္ေရးရဲေဘာ္တဦး ဒဏ္ရာရခဲ့တယ္လို႔ဆိုပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*