မှတ်ဘီလားဝံကြီး သွားချင်အုန်း

စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ကော့ကရိတ်ကအပြန် တိုက်ခိုက်ခံရ

++++++++++

မေ ၂ ၊ ၂၀၂၄

ကရင်ပြည် ကော့ကရိတ်မြို့ကို သွားရောက်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနဲ့ အပေါင်းအပါတွေ စီးနင်းလာတဲ့ ယာဉ်တန်းဟာ ဧပြီလ ၃၀ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စောမြင့်ဦးနဲ့ အပေါင်းအပါတွေဟာ ကော့ကရိတ်မြို့ကို ဧပြီ ၂၈ ရက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဧပြီ ၃၀ ရက်နေ့ အပြန်ခရီးစဉ် နေ့လည် ၂ နာရီဝန်းကျင်က မြပတိုင်နဲ့ နောင်ထပ္ပံကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

“မြပတိုင်နဲ့ နောင်ထပ္ပံကြားမှာ မိုင်း ၂လုံး ဆင့်ခွဲခဲ့တာ။ မြပတိုင်နားမှာပဲ RPG ၄၀ မမတွေနဲ့ ပစ်ခတ်ခဲ့တာ။ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပေမယ့် အနီးနားရှိတဲ့တပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်နေလို့ ထိခိုက်သေဆုံးမှု အတိအကျ မသိခဲ့ရဘူးလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က မောင်းကို ပြောပြပါတယ်။

စစ်ကြောင်စီက ကော့ကရိတ်မြို့ကို လေကြောင်းကနေ ဗုံးကြဲတာတွေ လူနေရပ်ကွက် မီးရှို့တာတွေ၊ အိမ်မွေးတိရစ္ဆာန်နဲ့ ပစ္စည်းတွေ ခိုးယူတာတွေ ပြုလုပ်ခဲ့ပြီးမှ မြို့နယ် အေးချမ်းနေတဲ့ပုံစံ ပြသချင်တာကြောင့် ဝန်ကြီးချုပ်က လုံခြုံရေးအထပ်ထပ်ယူပြီး လာရောက်တာဖြစ်တယ်လို့ အဲဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

စစ်ကောင်စီက ကော့ကရိတ်မြို့အတွင်းကနေ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ပြည်သူတွေကို ပြန်လည်ဝင်ရောက်ဖို့ ခေါ်ဆောင်မှုတွေ လုပ်နေပေမယ့် စစ်ကောင်စီတပ် အောက်ခြေအဆင့် စစ်သားတွေက ကော့ကရိတ်မြို့အနီးက ဒေသခံတွေကို ဖမ်ူဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ – စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် ကော့ကရိတ်မြို့ကို ရောက်လာခဲ့စဉ်

စစ္ေကာင္စီခန္႔ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေကာ့ကရိတ္ကအျပန္ တိုက္ခိုက္ခံရ
++++++++++
ေမ ၂ ၊ ၂၀၂၄
ကရင္ျပည္ ေကာ့ကရိတ္ၿမိဳ႕ကို သြားေရာက္ခဲ့တဲ့ စစ္ေကာင္စီလက္ေအာက္ခံ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေစာျမင့္ဦးနဲ႔ အေပါင္းအပါေတြ စီးနင္းလာတဲ့ ယာဥ္တန္းဟာ ဧၿပီလ ၃၀ ရက္ေန႔မွာ ၾကားျဖတ္တိုက္ခိုက္ခံခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
ေစာျမင့္ဦးနဲ႔ အေပါင္းအပါေတြဟာ ေကာ့ကရိတ္ၿမိဳ႕ကို ဧၿပီ ၂၈ ရက္ကတည္းက ေရာက္ရွိေနတာျဖစ္ၿပီး ဧၿပီ ၃၀ ရက္ေန႔ အျပန္ခရီးစဥ္ ေန႔လည္ ၂ နာရီဝန္းက်င္က ျမပတိုင္နဲ႔ ေနာင္ထပၸံၾကားမွာ မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။
“ျမပတိုင္နဲ႔ ေနာင္ထပၸံၾကားမွာ မိုင္း ၂လုံး ဆင့္ခြဲခဲ့တာ။ ျမပတိုင္နားမွာပဲ RPG ၄၀ မမေတြနဲ႔ ပစ္ခတ္ခဲ့တာ။ ထိခိုက္ေသဆုံးမႈေတြ ရွိႏိုင္ေပမယ့္ အနီးနားရွိတဲ့တပ္က လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ တရစပ္ ပစ္ခတ္ေနလို႔ ထိခိုက္ေသဆုံးမႈ အတိအက် မသိခဲ့ရဘူးလို႔ ေျမျပင္ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ တေယာက္က ေမာင္းကို ေျပာျပပါတယ္။
စစ္ေၾကာင္စီက ေကာ့ကရိတ္ၿမိဳ႕ကို ေလေၾကာင္းကေန ဗုံးႀကဲတာေတြ လူေနရပ္ကြက္ မီးရႈိ႕တာေတြ၊ အိမ္ေမြးတိရစာၦန္နဲ႔ ပစၥည္းေတြ ခိုးယူတာေတြ ျပဳလုပ္ခဲ့ၿပီးမွ ၿမိဳ႕နယ္ ေအးခ်မ္းေနတဲ့ပုံစံ ျပသခ်င္တာေၾကာင့္ ဝန္ႀကီးခ်ဳပ္က လုံၿခဳံေရးအထပ္ထပ္ယူၿပီး လာေရာက္တာျဖစ္တယ္လို႔ အဲဒီေတာ္လွန္ေရးတပ္ဖြဲ႕ဝင္က ေျပာပါတယ္။
စစ္ေကာင္စီက ေကာ့ကရိတ္ၿမိဳ႕အတြင္းကေန ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကတဲ့ ျပည္သူေတြကို ျပန္လည္ဝင္ေရာက္ဖို႔ ေခၚေဆာင္မႈေတြ လုပ္ေနေပမယ့္ စစ္ေကာင္စီတပ္ ေအာက္ေျခအဆင့္ စစ္သားေတြက ေကာ့ကရိတ္ၿမိဳ႕အနီးက ေဒသခံေတြကို ဖမ္ူဆီးစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
ပုံစာ – စစ္ေကာင္စီလက္ေအာက္ခံ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေကာ့ကရိတ္ၿမိဳ႕ကို ေရာက္လာခဲ့စဥ္

Be the first to comment

Leave a Reply

Your email address will not be published.


*