သွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ်းများ

သွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ်းများ

သွေးကြောနံရံများသို့ သွေးများတွန်းကန်သောအားသည် ကာလရေရှည်ကြာစွာ မြင့်မားနေပါ က သွေးတိုးရောဂါ ဖြစ်ပေါ်လာသည်။

သွေးပေါင်ချိန်သည် နှလုံးမှ ညှစ်ထုတ်လိုက်သည့် သွေးပမာဏနှင့် သွေးကြောများအတွင်း စီးဆင်းရာတွင် ခုခံအားပမာဏပေါ်မူတည်၍ ဆုံးဖြတ်သည်။

နှလုံးမှ ညှစ်ထုတ်လိုက် သည့် သွေးပမာဏများပြီး သွေးကြောများကျဉ်းလေလေ သွေးပေါင်ချိန်ပိုတက်လေလေဖြစ်သည်။

သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာရှိနေနိုင်သည်။

သွေးတိုးခြင်းကို ထိန်းချုပ်မထားပါက နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ ဆိုးဝါးသည့် ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။

ကံကောင်းသည့်အချက်မှာ သွေးတိုးခြင်းကို သွေးပေါင်ချိန်တိုင်းရုံနှင့် အလွယ်တကူသိရှိနိုင်ပြီး သိပြီးပါကလည်းနောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်အောင် ထိန်းသိမ်းထားနိုင်သည်။

အပေါ်သွေး (Systolic) (သို့) အောက်သွေး (Diastolic) အများစုမှာ အပေါ်သွေး (Systolic) ကို ပိုဂရုစိုက်ကြပြီး

လူအများစုတွင် အပေါ်သွေးသည် အသက်အရွယ်နှင့်လိုက်ကာမြင့်တက်လေ့ရှိသည်။

သွေးတိုးရောဂါရှိသူများ သွေးတိုးပြီးခေါင်းမူလာပါက အောက်ပါသဘာဝနည်းများဖြင့်သွေးတိုးရောဂါသက်သာသွားအောင် ပြုလုပ်နိုင်ပါတယ်။

(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီးလက်ဖက်ရ ည်ဇွန်း ၂ ဇွန်းခန့်ကို သော က်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။

(၂) သံပုရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။

(၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။

(၄) ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။

တစ်နေ့ကို လက်ဖက်ရည် ခွက် ၃ ခွက်ခန့် သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။

၎င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။သတိပြုရန် ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံ သောက်ပါက ဝမ်းချုပ်တက်ပါသည်။

Credit ဘဝခါးခါး

Be the first to comment

Leave a Reply

Your email address will not be published.


*