Breaking News-ကရင်နီငှက်ကင်(ရုပ်သံ)

Breaking News

ဖားဆောင်းတိုက်ပွဲလာသည့် ရဟတ်ယာဉ်ကိုပစ်ချနိုင်ခဲ့ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်ပြော

မေလ ၆ ရက်

ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့(မေလ ၆ရက်) နံနက်တွင် ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စက်နဲ့ ပေါက်လာတယ်တဲ့။ သေချာပြီတဲ့။ အဲဒီမှာ ဖုန်းလိုင်းမရဘူး။ စက်ကြီးနဲ့ ဆက်သွယ်တာ သေချာတယ်တဲ့။ နေရာက ဖားဆောင်းမြို့နယ်ထဲမှာပဲ။ ပွန်ချောင်းက ဘောလခဲကနေ ဆင်းလာပြီးမှ ဖားဆောင်းမဝင်ခင်မှာ ထူးချောင်းနဲ့ သွားဆုံတယ်။ ထူးချောင်းနဲ့ ပွန်ချောင်းနဲ့ ပေါင်းပြီး သံလွင်ထဲ ဝင်တာ အဲဒီထဲမှာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပွန်ချောင်းအတိုင်း ဖားဆောင်းမြို့သို့လာသည့် ရဟတ်ယာဥ်တစ်စီးကို ရင်နီပြည်လူမျိုး‌ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF)ဗျူဟာ(၁)မှ နံနက် ၁၁နာရီခွဲတွင် ပစ်ချခဲ့ခြင်းဟု သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

ရဟတ်ယာဉ်ပျက်ကျအောင် ပစ်ချနိုင်မှု အခြေအနေကို ညနေပိုင်းတွင် အချက်အလက်များ ပိုမိုရရှိနိုင်သည်ဟုလည်း ပြောပြသည်။

” သူတို့(စစ်ကောင်စီ ရဟတ်ယာဉ်)က အောက်ဖက်သွားတာက အခုက ဖာဆောင်းမြို့သိမ်းနေတာ။ အဲဒီဘက်ကို သွားတာဆိုတော့ သွားပစ်တာဖြစ်မယ်။ သူတို့ ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ချပေးတာဖြစ်မှာပေါ့။ ကျနော်တို့ သိရတာက တိုက်ခိုက်ရေးလာတယ်။ သူတို့ ရိက္ခာတွေက စုထားတာကြာပြီ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၂၀၂၃ ဇွန် ၃၀ရက်ကလည်း စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးကို ပစ်ချခဲ့ပြီး ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲနှင့် တစ်မိုင်ခွဲခန့်အကွာ သံလွင်မြစ်ကမ်းဘေးတွင် ပျက်ကျခဲ့ကြောင်း ကလလတအဖွဲ့က ပြောထားသည်။

(ကရင်နီပြည်တွင် တွေ့ရသော စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီး။ ဓာတ်ပုံ – KNDF)

Be the first to comment

Leave a Reply

Your email address will not be published.


*