29.7.2024 မှ 4.8.2024 အထိ ၇ ရက်သားသမီးများအတွက် တပါတ်စာ ကံကြမ္မာ ဟောစာတမ်း။

29.7.2024 မှ 4.8.2024 အထိ ၇ ရက်သားသမီးများအတွက် တပါတ်စာ ကံကြမ္မာ ဟောစာတမ်း။

29.7.2024 မှ 4.8.2024 အထိ ၇ ရက်သားသမီးများအတွက် တပါတ်စာ ကံကြမ္မာ ဟောစာတမ်း။

၂၉.၇.၂၀၂၄ မှ ၄.၈.၂၀၂၄ အထိ တနင်္ဂနွေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

တနင်္ဂနွေသားသမီးများသည် ဒီကာလတွင် ပညာရပ်ကောင်းတစ်ခုကို စတင်သင်ကြားရတတ်သည်။ မိမိမသိသေး၊ မတတ်သေးသောအတတ်ပညာများ သိမြင်တတ်မြောက်သွားပြီး အသိဉာဏ်အလင်းပွင့်လာရတတ်သည်။ တန်ဖိုးရှိသောစက်ပစ္စည်းတစ်ခု ဝင်ရောက်လာရတတ်သည်။ ရေကြောင်းခရီးများ သွားရတတ်သည်။ ပင်လယ်ရေခြားသွားဖို့စီစဥ်ထားသူများ ဒီရက်ပိုင်းအတွင်းထွက်ခွာရတတ်သည်။ မြေအရောင်းအဝယ်၊ အိမ်အရောင်းအဝယ်ကိစ္စများမှ အကျိုးစီးပွားဖြစ်ထွန်းရတတ်သည်။ မိမိချစ်သူခင်သူများနှင့်ပတ်သက်ပြီး သတင်းကောင်းများကြားသိရတတ်သည်။ မိမိချစ်ခင်နှစ်သက်ရသော အချစ်ဆုံးသူငယ်ချင်းများ၏အရေးကိစ္စများကို ကူညီလုပ်ကိုင်ပေးရတတ်သည်။ ရပ်ဝေးမှ မိမိကိုကူညီစောင်မမည့်ဧည့်သည်ကောင်းများ ရောက်ရှိလာတတ်သည်။ ၃၁ ရက် ၁ ရက်နေ့များတွင် စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာများ အနည်းငယ်ပေါ်ပေါက်ရတတ်သည်။ အဆိပ်ရှိသောသတ္တဝါများ၏ ရန်ပြုခြင်းကိုခံရတတ်သည်။ အလုပ်အပြောင်းအရွှေ့များ ကြုံတွေ့ရတတ်သည်။ မိမိမနှစ်သက်သောနေရာဌာနများ ဖြစ်ရတတ်သည်။ မိမိအိမ်သို့ နားလေးသူ၊ နားထိုင်းသူတစ်ဦး ရောက်ရှိလာတတ်သည်။ မိမိအနီးအနားတွင် မိမိအပေါ်အမြင်မကြည်သောသူများ၏ အကြောင်းမဲ့ရန်လိုတိုက်ခိုက်ခြင်း၊ စွပ်စွဲနာမည်ဖျက်ခြင်းကို ခံရတတ်သည်။ ၂ ရက်နေ့နောက်ပိုင်းတွင်တော့ ကံဇာတာပြန်လည်တိုးတက်ကောင်းမွန်လာပါလိမ့်မည်။ နိုင်ငံရပ်ခြားနှင့်သက်ဆိုင်သောကိစ္စများတွင် စိတ်ချမ်းသာစရာများကြုံရတတ်သည်။ မိမိသိုလှောင်ထားသောပစ္စည်းများကို ဈေးကောင်းပေးဝယ်မည့်သူများ ပေါ်ပေါက်လိမ့်မည်။ မိမိယုံကြည်ကိုးကွယ်သော နတ်ကောင်းနတ်မြတ်များ၊ ဆရာသမားများ၏ ကူညီမစမှုကိုရရှိလိမ့်မည်။ မင်းအစိုးရ၏ ဂုဏ်ပြုဆုတံဆိပ်များ အပ်နှင်းခြင်းကိုခံရတတ်သည်။ ကြံစည်ထားသောအကြံအစည်များလည်း အဆင်ပြေဖြစ်မြောက်လိမ့်မည်။

လူမှုရေး
လူမှုရေးတွင် လူချစ်လူခင်များသော်လည်း မနာလိုသူများ၏ နှောင့်ယှက်တိုက်ခိုက်ခြင်းကို ခံရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် မိမိတို့ချစ်သူနှစ်ဦးကြားတွင် မည်သည့်ပြဿနာမှမရှိသော်လည်း ဘေးလူတို့၏သွေးထိုးဂုံးတိုက်ခြင်းကြောင့် မကြာခဏစကားများရတတ်သည်။

အိပ်မက်
မိမိအပေါ်အမြင်မကြည်သူများနှင့် ပျော်ရွှင်စွာဝိုင်းဖွဲ့စကားပြောရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၆-၈-၁

ယတြာ
မိမိအိမ်၌ရှိသော စက်ပစ္စည်းအစုတ်များကို စွန့်ပစ်လိုက်ပါ။

၂၉.၇.၂၀၂၄ မှ ၄.၈.၂၀၂၄ အထိ တနင်္လာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

တနင်္လာသားသမီးများသည် ဒီကာလတွင် အရင်ကပိတ်ဆို့ကြန့်ကြာနေသောလုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့သွားလိမ့်မည်။ လုပ်ငန်းကိစ္စများနှင့်ပတ်သက်ပြီး ရပ်ဝေးမှအဆက်အသွယ်ကောင်း၊ သတင်းကောင်းများကြားသိရတတ်သည်။ စာချုပ်ချုပ်ဆိုခြင်းကိစ္စ၊ စာရင်းဇယားနှင့်သက်ဆိုင်သောကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ ဘာသာရေးတရားနှင့်ပတ်သက်ပြီး မိမိကိုးကွယ်ရာယုံကြည်မှုအပေါ် ဖိဖိစီးစီးစီးလုပ်ဆောင်ပေးပါ။ အကျိုးထူးများခံစားရလိမ့်မည်။ ပညာရေးနှင့်ပတ်သက်ပြီး နိုင်ငံရပ်ခြားပညာတော်သင်ကိစ္စများ သင်တန်းတက်ရခြင်းကိစ္စများ အောင်မြင်ရတတ်သည်။ အိုးသစ်အိမ်သစ်များ စတင်ဆောက်လုပ်ရတတ်သည်။ ရာထူးဂုဏ်သိက္ခာတက်ခြင်း၊ လာဘ်လာဘရွှင်လန်းခြင်းများ ဖြစ်ပေါ်ရတတ်သည်။ ၃၁ ရက်နေ့မှ ၂ ရက်နေ့အထိ ကြားရက်များတွင် အနာရောဂါဟောင်းများကြောင့် ဆေးရုံ၊ ဆေးခန်းရောက်ရှိရတတ်သည်။ သူတစ်ပါးအတွက် ငွေကြေးစိုက်လျော်ပေးဆောင်ရတတ်သည်။ မျက်စိနာခြင်း၊ မျက်ရိုးကိုက်ခြင်းစသော မျက်စိနှင့်ပတ်သက်၍ ဘေးဥပါဒ်ဖြစ်ရတတ်သည်။ ရေနှင့်ပတ်သက်ပြီး အနည်းငယ်စိတ်ညစ်ရတတ်သည်။ အိမ်ထောင်ရေးတွင် ကြားလူနှောင့်ယှက်မှုကြောင့် ရန်အတိုက်အခံဖြစ်ပွားရတတ်သည်။ ထိတ်လန့်ချောက်ခြားစရာကောင်းသော အိပ်မက်ဆိုးများမြင်မက်ရတတ်သည်။ လေထိုးလေအောင့်များ ဖြစ်ပေါ်ခံစားရတတ်သည်။ စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ဂယောင်ချောက်ခြားဖြစ်နေရတတ်သည်။ အောက်လက်ငယ်သားများ ဒုက္ခပေးတတ်သည်။ မိမိပိုင်ပစ္စည်းများ ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်းတို့ ကြုံရတတ်၏။ ၃ ရက်နောက်ပိုင်းတွင်တော့ ရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများ တရားသောနည်းလမ်းဖြင့် ဖြေရှင်းအောင်မြင်နိုင်လိမ့်မည်။ ခရီးဝေးများသွားရောက်ရတတ်သည်။ ငွေကြေးအလုံးအရင်းဝင်ရောက်လိမ့်မည်။

လူမှုရေး
လူမှုရေးတွင် အသင်းအဖွဲ့စည်းများတွင် အကြီးအကဲခေါင်းဆောင်အဖြစ် တင်မြှောက်ခံရသော်လည်း မိမိအပေါ်ဝေဖန်ပုတ်ခတ်မှုများကြောင့် စိတ်ချောက်ခြားရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူ၏အစိုးရိမ်လွန်ပြီး နေရာတကာချုပ်ခြယ်ခြင်းကို ခံရတတ်သည်။

အိပ်မက်
ကြီးကျယ်ခမ်းနားသော၊ တရားဓမ္မနှင့်ဆက်စပ်သောဟောပြောပွဲများကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

၂၉.၇.၂၀၂၄ မှ ၄.၈.၂၀၂၄ အထိ အင်္ဂါသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

အင်္ဂါသားသမီးများသည် ဒီကာလတွင် မိမိလိုချင်နေသော အသုံးအဆောင်ပစ္စည်းတစ်ခုခု ရရှိလိမ့်မည်။ ကိုးကွယ်ရာဘာသာတရားနှင့်သက်ဆိုင်သော ပစ္စည်းများ၊ ရုပ်ပုံများ မိမိအိမ်သို့ရောက်ရှိလာရတတ်သည်။ ငွေကြေးများ၊ လာဘ်လာဘများ ဆက်တိုက်ဆိုသလိုဝင်ရောက်လာရတတ်သည်။ အဖိုးတန်ပရိဘောဂပစ္စည်းများ ရရှိလိမ့်မည်။ အလုပ်ထဲ၌လည်း နာမည်ကောင်းရရှိလိမ့်မည်။ ရုတ်တရက်ဆိုသလို ခရီးတစ်ခုသွားရတတ်သည်။ မိတ်ဆွေကောင်းနှစ်ဦးကို တပြိုင်နက်တည်းရရှိရတတ်သည်။ ထူးဆန်သောပုဂ္ဂိုလ်တစ်ဦး၏မျှဝေပေးသော အသိပညာ၊ အတတ်ပညာများကို သင်ယူရတတ်သည်။ ကောင်းသောနာမည်ကြီးခြင်းများ ဖြစ်ပေါ်လိမ့်မည်။ အလှူအတန်းလုပ်ရခြင်း၊ ဘုရားဖူးခရီးသွားရခြင်းများ ​ကြုံတွေ့ရတတ်သည်။ ပညာရေးတွင် သင်တန်းကောင်းများတက်ရောက်ရတတ်သည်။ ကျန်းမာရေးညံ့နေသူများ ရက်ပိုင်းအတွင်းအနာနှင့်ဆေးတွေ့ကာ သက်သာလာရတတ်သည်။ အဖက်ဖက်မှ ကံကြမ္မာ၏မျက်နှာသာပေးခြင်းကို ခံစားရသောရက်အပိုင်းအခြားဖြစ်သည်။ ထီပေါက်သကဲ့သို့ ငွေကြေးများရရှိခြင်း၊ ချဲထီပေါက်ခြင်းများ ဖြစ်ပေါ်လိမ့်မည်။ ၂ ရက်နေ့နောက်ပိုင်းတွင်တော့ သူတစ်ပါးအတွက် အာမခံကိစ္စများကူညီဆောင်ရွက်ပေးရာမှ စိတ်ညစ်စရာများဖြစ်ပေါ်ရတတ်သည်။ သူတစ်ပါး၏ အမှုကိစ္စများကိုလည်း ထဲထဲဝင်ဝင်လိုက်လံဆောင်ရွက်ပေးရတတ်သည်။ ထိုသို့လိုက်လံဆောင်ရွက်ပေးရာမှ မတရားစွပ်စွဲပြောဆိုခြင်းကို ခံရတတ်သည်။ ခြေလက်ခိုက်မိ၍ သွေးထွက်သံယိုဖြစ်ရတတ်သည်။ လုပ်ငန်း၌လည်း ရန်ပေါ်ပေါက်ရတတ်သည်။ လုပ်သမျှကိုင်သမျှ အလွဲလွဲအချော်ချော်ဖြစ်နေရတတ်သည်။ သတိနှင့်စဥ်းစားဆောင်ရွက်ပေးပါ။

လူမှုရေး
လူမှုရေးတွင် မိမိအပေါ် လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်သူများနှင့်တွေ့ကြုံရ၍ ကသိကအောက်ဖြစ်ပေါ်ရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူ၏ စိုးမိုးချုပ်ခြယ်မှုကိုမခံနိုင်၍ ကွဲကွာပြတ်စဲရတတ်သည်။

အိပ်မက်
သားရဲတိရိစ္ဆာန်များနှင့်ရင်းနှီးစွာ ဆော့ကစားရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၈-၅-၇

ယတြာ
ကြီးကဲသူတစ်ယောက်ယောက်ကို လက်ဆောင်ပစ္စည်းများဖြင့် ဂါရဝပြုကန်တော့လိုက်ပါ။

၉.၇.၂၀၂၄ မှ ၄.၈.၂၀၂၄ အထိ ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများသည် ဒီကာလတွင် လူကြီးမိဘ၊ ကြီးကဲသူများနှင့် အဆင်မပြေဖြစ်တတ်သည်။ အထူးသဖြင့် အဖေ၊ အကိုကြီးတို့နှင့်စကားများရတတ်သည်။ ဝန်ထမ်းလုပ်သူများ အလုပ်ထဲတွင် ပြဿနာတစ်စုံတရာကြုံတွေ့ရတတ်သည်။ ထိုပြဿနာကြောင့် ရာထူးအခွင့်အရေးကောင်းများ၊ အခွင့်အလမ်းကောင်းများကို လက်လွတ်ဆုံးရှုံးရတတ်သည်။ အမှုအခင်း၊ ရုံးပြင်ကနားတို့နှင့် ပတ်သက်ရတတ်သည်။ မိမိကိုယ်တိုင်မကြုံလျှင်တောင်မှ ဆွေမျိုးမိတ်ဆွေတို့အတွက် ရုံးရောက်ဂတ်ရောက်ရတတ်သည်။ ခြေထောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိရတတ်သည်။ ဆီးဝမ်းဒုက္ခပေးတတ်သည်။ ဆီးအောင့်ခြင်း၊ ဗိုက်မကောင်းခြင်းတို့ဖြစ်ရတတ်သည်။ အိမ်တွင်းရေးတွင် သူတလူငါတမင်းဖြစ်ရတတ်၏။ ငွေအထုပ်လိုက်အထည်လိုက်ရရှိလာသော် မိမိကိုယ်တိုင်မသိမ်းထားပါနှင့်။ မိမိယုံကြည်စိတ်ချရသူတစ်ဦးဦးထံသို့ လွှဲပြောင်းအပ်နှံထားပါ။ မိမိသိမ်းဆည်းထားပါက ထိုငွေများအချည်းနှီးစွာ ပြန်လည်ကုန်ဆုံးသွားရတတ်သည်။ ခရီးသွားများဖြစ်ပါက လမ်းခရီး၌ စိတ်သောကရောက်စရာတစ်ခုခု တိုက်ဆိုင်ကြုံတွေ့ရတတ်သည်။ သွားမည့်ခရီးမှာလည်း တစ်ကြိမ်တည်းနှင့်အထမမြောက်နိုင်ဖြစ်တတ်သည်။ အကြံအစည်ပျက်ပြားခြင်း၊ လုပ်ငန်းဆုံးရှုံးခြင်းများ ဖြစ်ပေါ်ရတတ်သည်။ သံစူးခြင်း၊ သစ်ငုတ်စူးခြင်းတို့ ကြုံရတတ်၏။ ဒီကာလတွင် မည်သူ့ကိုမှ ဆရာအဖြစ်မတင်မိပါစေနှင့်။ ဆရာတုဆရာယောင်များနှင့် တွေ့ကြုံရတတ်သည်။ မထင်မှတ်သောရုတ်တရက်အန္တရာယ်များနှင့် ကြုံတွေ့ရင်ဆိုင်ရတတ်သည်။ မိမိအိမ်အနီးအနားတွင် မီးနှင့်ပတ်သက်ပြီး အန္တရာယ်တစ်စုံတရာကျရောက်ရတတ်သည်။ အိုးအိမ်နေရာထိုင်ခင်းတို့အတွက် သောကရောက်ရတတ်သည်။ အောက်လက်ငယ်သားတို့၏ မချေမငံဆက်ဆံခြင်းကိုခံရတတ်သည်။ သည်းခံခွင့်လွှတ်ပေးပါ။

လူမှုရေး
လူမှုရေးတွင် မိမိအနစ်နာခံပေးဆပ်သော်လည်း အရာမထင်ဖြစ်ရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် ရန်ဖြစ်စကားများပြီး မခေါ်နိုင်မပြောနိုင်ဖြစ်ရတတ်သည်။

အိပ်မက်
နွားအလှပြပွဲ၊ မြင်းအလှပြပွဲများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၄-၆-၇

ယတြာ
ကလေးသူငယ်တစ်ယောက်ယောက်ကို ကစားစရာယာဥ်ပစ္စည်းတစ်ခုခု လက်ဆောင်အဖြစ်ဝယ်ပေးလိုက်ပါ။

၂၉.၇.၂၀၂၄ မှ ၄.၈.၂၀၂၄ အထိ ကြာသပတေးသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

ကြာသပတေးသားသမီးများသည် ဒီကာလတွင် မြေကိစ္စ၊ အမွေကိစ္စတို့ကြောင့် စကားများရန်ဖြစ်ရတတ်သည်။ အလုပ်ထဲ၌ စိတ်မဝင်စားသကဲ့သို့ဖြစ်ပြီး အလုပ်ထွက်ချင်စိတ်များ ပေါ်ပေါက်ရတတ်သည်။ မိမိရင်းနှီးသောသူတစ်ဦး ဆေးရုံဆေးခန်းရောက်သောသတင်းကို ကြားသိရတတ်သည်။ စက်ပစ္စည်းအသစ်ဝင်ရောက်လိမ့်မည်။ ထိုစက်ပစ္စည်းဝင်ပါက ထီပေါက်ချဲပေါက်ရတတ်သည်။ အမှုအခင်းဖြစ်နေသူများကို ငွေချေးခြင်း၊ အာမခံခြင်းများ မပြုလုပ်ပါနှင့်။ ပြုလုပ်မိသော် မိမိပါဒုက္ခရောက်ရတတ်သည်။ ကိုယ်ကျင့်တရားကို အထူးစောင့်ထိန်းရမည့်ကာလဖြစ်သည်။ လုပ်ငန်းကိစ္စများရှေ့မတိုးနိုင်ဘဲ တို့လို့တန်းလန်းဖြစ်နေရတတ်သည်။ ရှေ့တိုးရခက်နောက်ဆုတ်ရခက် ကျဥ်းထဲကြပ်ထဲအခြေအနေများ ကြုံတွေ့ရတတ်သည်။ မိမိနေအိမ်အနီး၌ နာရေးပေါ်ပေါက်ပါက သွားရောက်ခြင်းမပြုပါနှင့်။ ကျန်းမာရေးမှာလည်း တစ်ခုပြီးတခုညံ့ရတတ်သည်။ သူတစ်ပါး၏ အကြောင်းမဲ့စွပ်စွဲပြောဆိုခြင်းကိုခံရတတ်သည်။ လုပ်ငန်းသစ်လုပ်လိုစိတ်များဖြစ်ပေါ်သော်လည်း ဘာမှမသေချာမရေရာဘဲ ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးနှင့်သာ အချိန်ကုန်သွားရတတ်သည်။ အရောင်းအဝယ်များလည်း ကျဆင်းရတတ်သည်။ လုပ်တိုင်းမဖြစ်သောအခြေအနေသို့ ရင်ဆိုင်ရတတ်သည်။ အကျိုးမရှိသောခရီးတိုများကို ဆက်တိုက်ထွက်ခွာနေရတတ်သည်။ မိမိအိမ်သို့အရက်ပုလင်းအဟောင်းများ ရောက်ရှိလာတတ်သည်။ အမြန်ဆုံးပြန်လည်စွန့်ပစ်လိုက်ပါ။ ခန္ဓာကိုယ်ဘယ်ဖက်ခြမ်းမှာလည်း မကြာခဏအောင့်နေရတတ်သည်။ ခုတစ်မျိုးတော်ကြာတစ်မျိုး စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ယောင်ချာချာဖြစ်နေရတတ်သည်။ မည်သည့်အခက်အခဲနှင့်ပဲကြုံကြုံ စိတ်အေးအေးထားပြီးရင်ဆိုင်ဖြေရှင်းပါက နောက်ဆုံးတွင်ထိုအခက်အခဲများမှ လွတ်မြောက်ပါလိမ့်မည်။

လူမှုရေး
လူမှုရေးတွင် မိမိလုပ်သမျှကိုင်သမျှ အလွဲလွဲအချော်ချော်ဖြစ်နေ၍ လူအများ၏လှောင်ပြောင်ကဲ့ရဲ့ခြင်းကို ခံရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူ၏ မိမိအပေါ်ဂရုမစိုက်ခြင်း၊ စိမ်းကားခြင်းတို့ကိုခံရတတ်သည်။

အိပ်မက်
ဆင်ဖြူတော်ကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၄-၃-၀

ယတြာ
တစ်ရက်ကို ၇ မိနစ်ခန့် စိတ်ငြိမ်အောင်တရားထိုင်ပေးပါ။

၂၉.၇.၂၀၂၄ မှ ၄.၈.၂၀၂၄ အထိ သောကြာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

သောကြာသားသမီးများသည် ဒီကာလတွင် လက်တွဲဖော်လက်တွဲဖက် မိတ်ဆွေကောင်းများနှင့် ခင်မင်ရင်းနှီးခွင့်ရရှိရတတ်သည်။ ရွှေနှင့်ပတ်သက်သောပစ္စည်းများ ဝင်ရောက်လိမ့်မည်။ အရင်ကဆုံးရှုံးနေသော ငွေများ၊ ပစ္စည်းများ၊ ရရှိရန်ခက်ခဲကြန့်ကြာနေသော အခွင့်အရေးဟောင်းများ၊ အလုပ်ဟောင်းများ ပြန်လည်ရရှိလာရတတ်သည်။ မတွေ့တာကြာပြီဖြစ်သော၊ ကွဲကွာလျက်ရှိသောမိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်းရလိမ့်မည်။ ရပ်ဝေးသို့ရောက်ရှိနေသော မိမိအိမ်သူအိမ်သားများ ပြန်လည်ရောက်ရှိလာရတတ်သည်။ မိမိနှင့်ဆက်ဆံရေးအဆင်မပြေသော အကြီးအကဲအရာရှိတစ်ဦး မိမိဌာနမှမကြာခင်ပြောင်းရွှေ့ရတတ်သည်။ တုံ့ဆိုင်းနေသော၊ ရပ်ဆိုင်းမလိုဖြစ်နေသောလုပ်ငန်းများ ပြန်လည်ရှင်သန်လာလိမ့်မည်။ ဘုရားဖူးခရီးများ သွားရတတ်သည်။ နာမည်ဂုဏ်သတင်းများ မြင့်မားလာလိမ့်မည်။ မိမိမျှော်လင့်ထားသောအကြောင်းအရာများ တချို့တဝက်ပြည့်စုံလာရတတ်သည်။ ကျန်းမာရေးညံ့သူများ ဆရာကောင်းဆေးကောင်းများနှင့် တွေ့ကြုံကုသရတတ်သည်။ မိမိနှင့်တစ်ခါမှမတွေ့ဖူးသောလူတစ်ဦးနှင့် ခရီးသွားရတတ်သည်။ ရပ်ဝေးမှ အဆက်အသွယ်သစ်၊ အဆက်အသွယ်ကောင်းများ ပေါ်ပေါက်လာရတတ်သည်။ လက်တစ်ဖက်နာကျင်ကိုက်ခဲရတတ်သည်။ အရေးကြီးသောကိစ္စများကို ခိုင်ခိုင်မာမာပြတ်ပြတ်သားသား လုပ်ကိုင်ရတတ်သည်။ ဒီကာလတွင် စပ်တူလုပ်ငန်းများကို စတင်မလုပ်ကိုင်သင့်ပါ။ အိမ်နေရာထိုင်ခင်းများ ပြောင်းရွှေ့နေထိုင်ရတတ်သည်။ သားသမီးတို့နှင့်ပတ်သက်ပြီး သတင်းထူးသတင်းကောင်းများ ကြားသိရတတ်သည်။ယာဥ်တစ်မျိုးမျိုးဝင်ရောက်လာရတတ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးခြင်း၊ ပိုမိုကောင်းမွန်သောလုပ်ငန်းဌာနများသို့ပြောင်းရွှေ့ရခြင်း၊ ရာထူးတိုးအမည်စာရင်း၌ မိမိနာမည်ထည့်သွင်းခံရခြင်းတို့ ကြုံရတတ်၏။

လူမှုရေး
လူမှုရေးတွင် အံ့သြဖွယ်ရာချစ်သူခင်သူများပြီး ငယ်သူငယ်ချင်းဟောင်း၊ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူနှင့်အဆင်ပြေသင့်မြတ်ပြီး လက်ဆောင်ပစ္စည်းများရရှိရတတ်သည်။

အိပ်မက်
ဝိဇ္ဇာများနှင့်အဆက်အသွယ်လုပ်ရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

၂၉.၇.၂၀၂၄ မှ ၄.၈.၂၀၂၄ အထိ စနေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။

စနေသားသမီးများသည် ဒီကာလတွင် အရင်ကထေ့ငေါ့ကြန့်ကြာနေကာ မသေချာမရေရာဖြစ်နေသောကိစ္စများ အဆင်ပြေသွားပြီး ကောင်းသောအပြောင်းအလဲများ ဖြစ်ပေါ်လာရတတ်သည်။ မိမိနှင့် စိတ်သဘောထားမတိုက်ဆိုင်သူများ၊ အဆင်မပြေသူများနှင့် ပြန်လည်သင့်မြတ်လာလိမ့်မည်။ ငွေကုန်ကြေးကျများခြင်းများ သိသိသာသာလျော့ပါးလာပြီး ဝင်ငွေများပိုမိုရရှိလာရတတ်သည်။ အလုပ်နေရာဌာန၊ အိမ်နေရာဌာနများ ကောင်းသောအပြောင်းအရွှေ့များ ဖြစ်ပေါ်လာလိမ့်မည်။ ရပ်ဝေးမှ အကူအညီ၊ အထောက်အပံ့ကောင်းများ ပေါ်ပေါက်လိမ့်မည်။ ထိုအကူအညီအထောက်အပံ့များကိုရရှိ၍ မိမိခက်ခဲကြပ်တည်းနေသော၊ အဖြေရှာရခက်နေသောကိစ္စများ ပြေလည်သွားလိမ့်မည်။ ကားသစ်တစ်စီး သို့မဟုတ် ကားနှင့်ပတ်သက်ပြီး အကျိုးစီးပွားဖြစ်ထွန်းရတတ်သည်။ ခရီးထွက်ရလိမ့်မည်။ ရုတ်တရက်ဆိုသလို စီးပွားဥစ္စာတိုးတက်ခြင်း၊ ထီပေါက်ခြင်း၊ ငွေအလုံးအရင်းနှင့်ဝင်ရောက်ခြင်းတို့ ကြုံတွေ့ရလိမ့်မည်။ ရာထူးဂုဏ်သိက္ခာများတိုးတက်ခြင်း၊ အထက်လူကြီးအသင်းအဖွဲ့အစည်းများ၏ ချီးမွမ်းဂုဏ်ပြုခြင်းကိုလည်း ခံရတတ်သည်။ အလုပ်အကိုင်များလည်း အဆင်ပြေအောင်မြင်လိမ့်မည်။ အလုပ်ထဲတွင်လည်း သာသာယာယာနှင့်ပျော်ရွှင်ချမ်းမြေ့စွာလုပ်ကိုင်ရသော ကာလတစ်ခုဖြစ်သည်။ အလုပ်ရုံးခန်း သို့မဟုတ် မိမိနေအိမ်၌ ပြောင်းလဲပြင်ဆင်ပြုပြင်လုပ်ကိုင်ရတတ်သည်။ ထိုသို့ပြုပြင်ပြောင်းလဲလုပ်ကိုင်မှသာ စီးပွားဥစ္စများပိုမိုတိုးတက်ရတတ်သည်။ လက်ဆောင်ပစ္စည်းများ၊ ကန်တော့ခံပစ္စည်းများ ရောက်ရှိလာရတတ်သည်။ ဆရာသမားတို့၏ ကြည့်ရှုစောင်မခြင်းကို ခံရတတ်သည်။ ပုတီးစိပ်ခြင်း၊ အဓိဌာန်ဝင်ခြင်းများအပေါ် ဖိဖိစီးစီးပိုမိုလုပ်ကိုင်ရတတ်သည်။ ထိုသို့လုပ်ကိုင်လျှင် မိမိအသားအရေမှာကြည်လင်ဝင်းပလာပြီး လူချစ်လူခင်များသောရုပ်ရည်မျိုးကို ပိုင်ဆိုင်ရတတ်သည်။

လူမှုရေး
လူမှုရေးတွင် လူအများနှင့်ရောနှောစွာနေထိုင်ချင်စိတ်မရှိဘဲ တစ်ကိုယ်တည်းလွတ်လပ်စွာနေထိုင်ချင်စိတ်များသာ ဖြစ်ပေါ်နေရတတ်သည်။

အချစ်ရေး
အချစ်ရေးတွင် ချစ်သူ၏ ဂရုစိုက်မှု၊ ကြင်နာမှုတို့ကို အရင်ကထက်ပိုမိုရရှိရတတ်သော ကာလဖြစ်သည်။

အိပ်မက်
ရသေ့၊ သူတော်စင်များကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၄-၂-၉

ယတြာ
မိမိတတ်နိုင်သလောက် မကြာခဏဆိုသလို ငွေကြေးပံ့သကူပစ်ပေးပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *