ချွေးပေါက်ပိတ်တဲ့အခါမှာ ဆားဝက်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ နှာခေါင်းမှာ ဆားဝက်ခြံတွေ ရှိနေရင် စိတ်ညစ်စရာမလိုတော့ပါဘူး။ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
နည်းလမ်း ၁
လိုအပ်သောပစ္စည်းများ
– သွားတိုက်ဆေး
– နူးညံ့တဲ့သွားတိုက်တံ
သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးကို ညှစ်ပြီးတင်လိုက်ပါ။
ဆားဝက်ခြံတွေ ပေါက်နေတဲ့ နှာခေါင်းပေါ်ကို သွားတိုက်တံနဲ့ စက်ဝိုင်းပုံစံ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။
အဲဒီနောက်မှာတော့ နှာခေါင်းကို ရေစွတ်ထားတဲ့အဝတ်နဲ့ သုတ်လိုက်ပါ။
နည်းလမ်း ၂
လိုအပ်သောပစ္စည်းများ
– PVA ကော်
– မီးသွေးမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက်
ကော်နဲ့ မီးသွေးမှုန့်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်ပြီး မွှေပေးပါ။
မွှေပြီးနောက်မှာတော့ မျက်နှာပေါ်က ဆားဝက်ခြံတွေ ပေါက်နေတဲ့နေရာတွေမှာ လိမ်းပေးပါ။
ခြောက်သွေ့သွားတဲ့အခါမှာတော့ ဖြည်းဖြည်းချင်း ခွာလိုက်လို့ရပါပြီ။
မျက်နှာကို ရေစွတ်ထားတဲ့ပိတ်စလေးနဲ့ သန့်ရှင်းရေးလုပ်လိုက်ရုံပါပဲ။
နည်းလမ်း ၃
လိုအပ်သောပစ္စည်းများ
– အနံ့မပါတဲ့ ဂျယ်လီအမှုန့်လက်ဖက်ရည်ဇွန်း ၂ ဇွန်း
– နွားနို့လက်ဖက်ရည်ဇွန်း ၄ ဇွန်း
ပန်းကန်တစ်လုံးထဲမှာ ဂျယ်လီအမှုန့်နဲ့ နွားနို့ကို ရောမွှေပါ။
မွှေပြီးနောက် မိုက်ခရိုဝေ့မီးဖိုထဲမှာ ၁၅ စက္ကန့်ကြာ အပူပေးပါ။
မိုက်ခရိုဝေ့မီးဖိုထဲမှာ အပူပေးပြီး ခဏကြာ အအေးခံပါ။
မိတ်ကပ်ဘရက်ရှ်လေးနဲ့ ရလာတဲ့အနှစ်လေးကို ယူပြီး နှာခေါင်းမှာ လိမ်းပေးပါ။
ခြောက်သွေ့သွားတဲ့အခါမှာတော့ ဖြည်းဖြည်းချင်း ခွာလိုက်လို့ရပါပြီ။
နည်းလမ်း ၄
လိုအပ်သောပစ္စည်းများ
– ကော်ဖီမှုန့် ခွက်ရဲ့ လေးပုံတစ်ပုံ
– ကြက်ဥတစ်လုံး
ပန်းကန်တစ်လုံးထဲမှာ ကော်ဖီမှုန့်နဲ့ ကြက်ဥကို သမအောင် မွှေပေးပါ။
ရလာတဲ့ ကော်ဖီ mask ကို နှာခေါင်းမှာ လိမ်းပေးပါ။
ကော်ဖီ mask မခြောက်ခင်မှာ ချည်သားပိတ်စလေးကို နှာခေါင်းမှာ ကပ်ပေးပါ။
၁၀ မိနစ်ခန့်ထားပြီးချိန်မှာတော့ ဖြည်းဖြည်းချင်း ခွာလိုက်ပြီး သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။
နည်းလမ်း ၅
လိုအပ်သောပစ္စည်းများ
– ငှက်ပျောသီးတစ်လုံး
– ကြက်ဥအနှစ်နှစ်လုံး
– သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း
– ကြိတ်စက်
ငှက်ပျောသီး၊ ကြက်ဥအနှစ်၊ သံလွင်ဆီတို့ကို ကြိတ်စက်ထဲမှာ ထည့်ပြီး ကြေညှက်သွားအောင် ကြိတ်ပေးပါ။
ငှက်ပျောသီး mask ကို ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပြီး ၁၅ မိနစ်ကြာအောင် ထားပါ။
အဲဒီနောက်မှာတော့ မျက်နှာက ငှက်ပျောသီး mask ကို ရေနွေးနဲ့ ဆေးချလိုက်လို့ရပါပြီ။