ပီတီတွေဖြစ် ကြက်သီးပါထတယ်(ရုပ်/သံ)

ပီတီတွေဖြစ် ကြက်သီးပါထတယ်(ရုပ်/သံ)

မြိုင်မြို့နယ်၊ ကိုင်းတောမ ရဲကင်းစခန်းနှင့် ရေစက်စောင့် စစ်သားများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး ထက်မနည်းသေဆုံး (ရုပ်/သံ)

ဩဂုတ် ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် ရေစက်စောင့် စစ်သားများကိုတပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း Earthquake People Defence Force တာဝန်ခံ ရဲဘော် အရှည် ကြီးက ပြောကြားသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိ ရဲစခန်း၊ ရေစက်၊ စာသင် ကျောင်း၊ဆေးရုံ၊ ကင်းတဲများကို စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းဘန်ကာ စသည့်နေရာများကို တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှ လွဲ၍ ကျန်စခန်းနေရာများ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ရဲ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲ ဘော် ၂ ဦးကျဆုံးကာ ၇ ခန့် ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ရဲဘော်နှစ်ဦးက စခန်းကို ဝင်လုံးတဲ့အချိန် လက်နက်တိုက်ဖွင့်ဖို့ အပြေးမှာ ပစ်ခံထိပြီး ကျသွားတာ။ စက်တွင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကင်းရှေတွေယူထားတဲ့ဟာ အကုန်လုံးကို စီးနင်းပြီးလို့ ရဲစခန်းကို စစီးနင်းတဲ့အချိန်မှာ စခန်းအတွင်းထဲ လက်နက်ကိုက်ကို ပြေးတဲ့အချိန် အဲဒီဘက်က ဘန်ကာက ပစ် ခံထိပြီးကျတာ။လက်နက်တိုက်ကို မစီးနိုင်လိုက်ဘူး။ ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးအလောင်းလည်း မ ရခဲ့ဘူး။ Mi 35 လာတာရယ်၊စက်မှု ၂ စစ်ကူလာရယ်တွေကြောင့် ပြန်ဆုတ်ခဲ့ရတာ။”ဟု Earthquake People Defence Force တာဝန်ခံ ရဲဘော် အရှည် ကြီးက ပြောကြားသည်။

ယင်စခန်းသိမ်းတိုက်ပွဲသည် နံနက် ၆ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ တစ်ကြိမ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦး ၊ ရဲ ၁ ဦးသေဆုံးကာ စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်ကြီး ခဲယမ်းအချို့နှင့် စစ်အသုံးအဆောင် ပစ္စည်း အချို့သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရွံရွံချွန်ချွန် တိုက်ခိုက်ရင်း ဒီမိုကရေစီ နှင့် ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးအတွက် အသက်စွန့်လွှတ်သွားသည့် ရဲဘော်များမှာ ပြည်သူ့ဒီမိုကရက် တစ်တပ်တော် (PDA)မှ အသက် ၁၇ နှစ်အရွယ်ရဲဘော် ‌မဟောက် နှင့် အညာမြေတပ်ပေါင်းစု မှ အ သက် ၂၃ အရွယ် ရဲဘော် G Shock တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် -PDA၊ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF )၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ပခုက္ကူစုဖွဲ့မှု(Young Force.PPDF.Thu Rain. Hunter Pakokku. Earthquake) ၊ အညာမြေတပ်ပေါင်းစု ၊ မြိုင်မြို့နယ်ပ.က.ဖနှင့် မြိုင်စုဖွဲ့မှုတပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *