မြိုင်-ပခုက္ကူလမ်းပိုင်း အက်ရှင်(ရုပ်/ သံ)

မြိုင်-ပခုက္ကူလမ်းပိုင်း အက်ရှင်(ရုပ်/ သံ)

မြိုင်-ပခုက္ကူလမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/ သံ)

သြဂုတ် ၁၀

မကွေးတိုင်း မြိုင်-ပခုက္ကူလမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို သြဂုတ် ၇ ရက် နေ့လယ်ပိုင်း က တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ၄၀ မမ၊ ၆၀ မမ လက်နက်ကြီး တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါ တယ်။

မြိုင်မြို့ပေါ်မှာ အကြမ်းဖက်စစ်သားတွေ စစ်ကူရောက်လာတဲ့အတွက် တော်လှန်ရေးရဲ‌ဘော် တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို မြေပြင်အခြေအနေအရ မသိရ သေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို M.V.P Revolution Force၊ အညာမြေပြောက်ကြားတပ်ဖွဲ့ မြိုင်၊ M ဒေါင်နီး၊

Scropion people Defense Force နှင့်မဟာမိတ်အဖွဲ့များတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

သြဂုတ် ၁၀

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *