စောစောစီးစီးအနားယူစေချင်လို့ပါ 

စောစောစီးစီးအနားယူစေချင်လို့ပါ 

ညောင်လေးပင်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကြောင်းမှူး ဗိုလ်ကြီး သက်ပိုင်ဦးနှင့် တပ်ခွဲမှူး ဗိုလ်ကြီးအာကာလှိုင်တို့ ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၀

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို KNLAနှင့်PDF ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့ ၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ရေဖြူကန်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းကို KNLAတပ်ရင်း ၉ ၊ ပဲခူးခရိုင် PDFတပ်ရင်း ၃၇၀၂ နှင့် PDFတပ်ရင်းတောကျီးကန်းတို့မှ ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ခမရ ၃၄၉ ဒုတိယတပ်ရင်းမှူး (ယာယီတပ်ရင်းမှူး) နှင့် တပ်ခွဲမှူးတို့သေဆုံးခဲ့ပြီး တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရေဖြူကန်ကျေးရွာတိုက်ပွဲမှာ သေဆုံးတာက စစ်ကြောင်းမှူး ဗိုလ်ကြီးသက်ပိုင်ဦးနဲ့ တပ်ခွဲမှူး ဗိုလ်ကြီး အာကာလှိုင်တို့ဖြစ်တယ်လို့သိရပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူက ရှင်းပြသည်။

ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က အဆိုပါဒေသမှ ပြည်သူများအ ပေါ်တာဆွဲခြင်း၊ ဓားစာခံအဖြစ်ဖမ်းဆီးချူပ်နှောင်ခြင်းနှင့် ပြည်သူလူထု၏လွတ်လပ်စွာသွားလာနေထိုင်ခွင့်ကို နှောက်ယှက်ခြင်း တို့ကိုပြုလုပ်လျက်ရှိကြောင်း၊ ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အဆိုပါစစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်ဒရုန်းပစ်ခတ်မှုကြောင့် ဇွန်လနှင့်ဇူလိုင်လအတွင်း အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ေညာင္ေလးပင္တြင္ စစ္တပ္စစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ဗုံးက်ဲမႈ စစ္ေၾကာင္းမႉး ဗိုလ္ႀကီး သက္ပိုင္ဦးႏွင့္ တပ္ခြဲမႉး ဗိုလ္ႀကီးအာကာလႈိင္တို႔ ၂ ဦးေသဆုံး
ရန္ကုန္၊ ဩဂုတ္ ၁၀
ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္တြင္ စစ္တပ္စစ္ေၾကာင္းကို KNLAႏွင့္PDF ပူးေပါင္းတပ္က ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ ယာယီတပ္ရင္းမႉးႏွင့္ တပ္ခြဲမႉးတို႔ေသဆုံးေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ ေတာင္ပိုင္းတိုင္းစစ္ေဒသမွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဩဂုတ္လ ၆ ရက္ေန႔ ၊ ပဲခူးတိုင္းအေရွ႕ျခမ္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ေရျဖဴကန္ေက်း႐ြာတြင္တပ္စြဲထားေသာ စစ္ေကာင္စီစစ္ေၾကာင္းကို KNLAတပ္ရင္း ၉ ၊ ပဲခူးခ႐ိုင္ PDFတပ္ရင္း ၃၇၀၂ ႏွင့္ PDFတပ္ရင္းေတာက်ီးကန္းတို႔မွ ဒ႐ုန္းတပ္ဖြဲ႕မ်ား ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္၏ စစ္ေၾကာင္းမႉး ခမရ ၃၄၉ ဒုတိယတပ္ရင္းမႉး (ယာယီတပ္ရင္းမႉး) ႏွင့္ တပ္ခြဲမႉးတို႔ေသဆုံးခဲ့ၿပီး တပ္သား ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။
“ေရျဖဴကန္ေက်း႐ြာတိုက္ပြဲမွာ ေသဆုံးတာက စစ္ေၾကာင္းမႉး ဗိုလ္ႀကီးသက္ပိုင္ဦးနဲ႔ တပ္ခြဲမႉး ဗိုလ္ႀကီး အာကာလႈိင္တို႔ျဖစ္တယ္လို႔သိရပါတယ္” ဟု ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ ေတာင္ပိုင္းတိုင္းစစ္ေဒသမွ တာဝန္ရွိသူက ရွင္းျပသည္။
ေညာင္ေလးပင္ၿမိဳ႕နယ္ ေရျဖဴကန္ေက်း႐ြာတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္က အဆိုပါေဒသမွ ျပည္သူမ်ားအ ေပၚတာဆြဲျခင္း၊ ဓားစာခံအျဖစ္ဖမ္းဆီးခ်ဴပ္ေႏွာင္ျခင္းႏွင့္ ျပည္သူလူထု၏လြတ္လပ္စြာသြားလာေနထိုင္ခြင့္ကို ေႏွာက္ယွက္ျခင္း တို႔ကိုျပဳလုပ္လ်က္ရွိေၾကာင္း၊ ေရျဖဴကန္ေက်း႐ြာတြင္ တပ္စြဲထားေသာ အဆိုပါစစ္ေကာင္စီတပ္၏ လက္နက္ႀကီးႏွင့္ဒ႐ုန္းပစ္ခတ္မႈေၾကာင့္ ဇြန္လႏွင့္ဇူလိုင္လအတြင္း အျပစ္မဲ့ျပည္သူ ၇ ဦးေသဆုံးခဲ့ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *