ရေဘဝဲတစ်ကောင်ရလိုက်ပြန်ဘီ(ရုပ်/သံ)

ရေဘဝဲတစ်ကောင်ရလိုက်ပြန်ဘီ(ရုပ်/သံ)

ဟုမ္မလင်းတွင် စစ်ကောင်စီ၏ စစ်ရေယာဉ် အုပ်စုကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်သင်္ဘော တစ်စီး ထိမှန်ပျက်စီး(ရုပ်/သံ)

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်သို့ ဆိုက်ကပ်လာသော စစ်ကောင်စီ၏ စစ်ရေယာဉ် အုပ်စုကို တော်လှန်ရေးတပ်များက ပူး ပေါင်း တိုက်ခိုက်ခဲ့ရာ စစ် သင်္ဘောတစ်စီး ထိမှန်ပျက်စီးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ် ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာ အနီးရောက်ရှိလာခဲ့သည့် စစ်ရေယာဉ် ၁၅ စီးကို ခရိုင်တပ်ရင်း ၁၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ သောင်သွပ်ကျေးရွာကို ဖြတ်ကျော်ပြီးနောက် ယခုအခါ စစ်သင်္ဘောအုပ်စုသည် ရွှေပြည်အေးမြို့အနီးသို့ ရောက်ရှိ နေကြောင်း၊ ရွှေပြည်အေးမြို့ အထက်ဘက်တွင်လည်း ဟုမ္မလင်းခရိုင်တပ်ရင်း၂ အဖွဲ့ ကဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက စစ်ရေယာဉ်ကနေ ကျေးရွာတွေနဲ့ စိုးမိုးကုန်းနေရာတွေကို လက်နက်ကြီးတွေ၊ .5 တွေနဲ့ မနားတမ်းလှမ်းပစ်တယ်။ တော်လှန်ရေးတပ်တွေကလည်း ရှော့တိုက်ဒုံး၊ 89 တွေနဲ့ ပြန်ပစ်တာ ဖလပ်တစ်စီး စက်ပျက်ပြီး ရပ်သွားလို့ အခြား စစ်ရေယာဉ်တွေနဲ့ တွဲခေါ်သွားတယ်။ ကိုယ့်ဘက်က ရဲဘော်တွေတော့ အထိအခိုက်မရှိဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရှမ်းနီSNA များနှင့်ပူးပေါင်း၍ စစ် ကြောင်းထိုးမှုများရှိနေပြီး လက်ရှိတွင် တော်လှန် ရေးတပ်များက ဟုမ္မလင်းမြို့နယ် နေရာအများစုကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။

ဟုမၼလင္းတြင္ စစ္ေကာင္စီ၏ စစ္ေရယာဥ္ အုပ္စုကို ေတာ္လွန္ေရးတပ္မ်ားက တိုက္ခိုက္မႈ စစ္သေဘၤာ တစ္စီး ထိမွန္ပ်က္စီး(႐ုပ္/သံ)
ရန္ကုန္၊ ဩဂုတ္ ၁၅
စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္သို႔ ဆိုက္ကပ္လာေသာ စစ္ေကာင္စီ၏ စစ္ေရယာဥ္ အုပ္စုကို ေတာ္လွန္ေရးတပ္မ်ားက ပူး ေပါင္း တိုက္ခိုက္ခဲ့ရာ စစ္ သေဘၤာတစ္စီး ထိမွန္ပ်က္စီးသြားေၾကာင္း ေတာ္လွန္ေရးသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဩဂုတ္ ၁၄ ရက္ေန႔ နံနက္ ၉ နာရီ ၃၀ မိနစ္အခ်ိန္ စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေသာင္သြပ္႐ြာ အနီးေရာက္ရွိလာခဲ့သည့္ စစ္ေရယာဥ္ ၁၅ စီးကို ခ႐ိုင္တပ္ရင္း ၁၊ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႕က တိုက္ခိုက္ခဲ့ေၾကာင္း၊ ေသာင္သြပ္ေက်း႐ြာကို ျဖတ္ေက်ာ္ၿပီးေနာက္ ယခုအခါ စစ္သေဘၤာအုပ္စုသည္ ေ႐ႊျပည္ေအးၿမိဳ႕အနီးသို႔ ေရာက္ရွိ ေနေၾကာင္း၊ ေ႐ႊျပည္ေအးၿမိဳ႕ အထက္ဘက္တြင္လည္း ဟုမၼလင္းခ႐ိုင္တပ္ရင္း၂ အဖြဲ႕ ကဆက္လက္တိုက္ခိုက္မည္ျဖစ္ေၾကာင္း သိရွိရသည္။
“စစ္ေခြးေတြက စစ္ေရယာဥ္ကေန ေက်း႐ြာေတြနဲ႔ စိုးမိုးကုန္းေနရာေတြကို လက္နက္ႀကီးေတြ၊ .5 ေတြနဲ႔ မနားတမ္းလွမ္းပစ္တယ္။ ေတာ္လွန္ေရးတပ္ေတြကလည္း ေရွာ့တိုက္ဒုံး၊ 89 ေတြနဲ႔ ျပန္ပစ္တာ ဖလပ္တစ္စီး စက္ပ်က္ၿပီး ရပ္သြားလို႔ အျခား စစ္ေရယာဥ္ေတြနဲ႔ တြဲေခၚသြားတယ္။ ကိုယ့္ဘက္က ရဲေဘာ္ေတြေတာ့ အထိအခိုက္မရွိဘူး” ဟု ေတာ္လွန္ေရး သတင္းရင္းျမစ္က ေျပာဆိုသည္။
ဟုမၼလင္းၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္က ရွမ္းနီSNA မ်ားႏွင့္ပူးေပါင္း၍ စစ္ ေၾကာင္းထိုးမႈမ်ားရွိေနၿပီး လက္ရွိတြင္ ေတာ္လွန္ ေရးတပ္မ်ားက ဟုမၼလင္းၿမိဳ႕နယ္ ေနရာအမ်ားစုကို ထိန္းခ်ဳပ္ထားေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *