၃နှစ်သားတွေကို ကြောက်လို့အလုပ်ပြု-တ်

၃နှစ်သားတွေကို ကြောက်လို့အလုပ်ပြု-တ်

PDF များ၏ ထိုးစစ်ကို မခုခံ နိုင်မှုဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း ရာထူးမှ ဖြုတ်ပယ်အရေးယူခံရပြီး တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ် ကျော်ကိုထိုက်ကို ခန့်အပ်ပြန်

■ ဗိုလ်ချုပ်အောင်ခိုင်ဝင်း၏ လပခ တိုင်းမှူး သက်တမ်း ၁ လကျော်သာ ကြာ မြင့်ခဲ့ရန်ကုန်၊

ဩဂုတ် ၁၈

မန္တလေးတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထိုးစစ်ကို မခုခံနိုင်မှုဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို စစ်ကောင်စီက ရာထူးမှ ဖြုတ်ပယ်အရေးယူလိုက်ပြီး တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်ကျော်ကိုထိုက်ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လဆန်းပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာသော ဗိုလ်ချုပ်အောင်ခိုင်ဝင်းသည် ၁ လကျော်ကြာသာ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဩဂုတ်လ ၁၆ ရက်နေ့တွင် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း၊ အဓိကအား ဖြင့် မန္တလေးတိုင်းတွင် PDF တပ်များ၏ ထိုးစစ်ကို မခုခံနိုင်သဖြင့် ရာထူးမှ ဖြုတ်ပယ် အနားပေး အရေးယူခံရခြင်းဖြစ် ကြောင်း၊ ဗိုလ်ချုပ်အောင်ခိုင်ဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ကျောင်းဆင်းဖြစ်ပြီး တြိဂံတိုင်းစစ်ဌာန ချုပ် တိုင်းမှူးအဖြစ်မှ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးအဖြစ် လွန်ခဲ့သော ၁ လခန့်ကမှ ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအသစ်အဖြစ် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ကျောင်းဆင်း ဗိုလ်ချုပ်ကျော်ကိုထိုက်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။ လတ်တလော ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အပါအဝင် တော် လှန်ရေးတပ်များက မန္တလေးတိုင်းအတွင်းတွင် မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်တိုပကို သိမ်းပိုက်ရရှိထားပြီး သပိတ်ကျင်း၊ မတ္တရာအပါအဝင် နေရာပေါင်းစုံတွင် ထိုးစစ်များဆင်နွှဲနေပြီး စစ်ကောင်စီတပ်များ အထိနာကာ စခန်းစွန့်ခွာ ထွက်ပြေးမှုများရှိနေကြောင်း သိရှိရသည်။ ဓာတ်ပုံ- တြိဂံတိုင်းမှူးဖြစ်ခဲ့စဉ်က ဗိုလ်ချုပ်အောင်ခိုင်ဝင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *