အောက်ပိုင်းသားတွေ နိုးထလာချိန်

အောက်ပိုင်းသားတွေ နိုးထလာချိန်

မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုးစားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာ

ရန်ကုန်၊ ဩဂုတ် ၁၉

မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုး စားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာလိုက်သည်။

ယနေ့ ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီက အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ် သည်။

မွန်လူမျိုးတို့၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ် ဦးထိပ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တခု ထွက်ပေါ်နိုင်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အခြားသော တော်လှန်ရေးအစုအဖွဲ့များ၊ စိတ်တူ ပန်းတိုင်တူညီသည့် အဖွဲ့အစည်းများနှင့်အတူ စုစည်း ညီညွတ်စွာဖြင့် လက်ရှိ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို တိုက်ဖျက်သည့် တော်လှန်ရေးလုပ်ငန်းစဉ်များတွင် တတပ်တအား ပါဝင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ သမိုင်းအစဉ်အလာ ကြီးမား သော မွန်ပြည်သူလူထုတရပ်လုံးကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် တိုက်တွန်းသည်။

မွန်ခေါင်းဆောင်များက ၁၉၄၈ ခုနှစ်မှသည် ဒီမိုကရေစီကာလ၊ စစ်အုပ်ချုပ်ရေးကာလ၊ တပါတီအုပ်ချုပ်ရေးကာလများတွင် မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုအတွင်း မွန်ပြည်တရပ် ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြောင်း၊ ၇၇ နှစ်တာ ကာလအတွင်း တော်လှန်ရေးအသီးအပွင့် တချို့ ရရှိခဲ့သည် ဆိုသော်ငြားလည်း မွန်ပြည်သူများ လိုအပ်သည့် နိုင်ငံရေးပန်းတိုင် အမျိုးသားရေးပန်းတိုင်ကား မရောက်ရှိသေးကြောင်း၊ ယနေ့ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူပြီး ဖက်ဆစ်အာဏာရှင်နည်းနှင့် ပြည်သူ များကို နည်းမျိုးစုံနှင့် ဖိနှိပ်ညှင်းပန်းအုပ်ချုပ်နေသည့် စစ်ကောင်စီ (စကစ) သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေးနှင့် နိုင်ငံတကာရေးရာများတွင် ဘေးကြပ်နံကြပ်နှင့် ဖြတ်သန်းနေရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး စစ်အာဏာရှင်အား အပြတ်အသတ် တိုက်ခိုက်ခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ရခိုင်ဒေသများတွင် မြို့ သိမ်းတိုက်ပွဲ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီး အဆိုပါအောင်မြင်မှုများအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီက တော်လှန်ရေး အင်အားစုများကို အထူးပင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် ဆက်စပ်နေသည့် တော်လှန်ရေး အင်အားစုများ အနေဖြင့် အခြားသော နွေဦးတော်လှန်ရေးအင်အားစု တိုင်းရင်းသားအင်အားစုများနှင့် အတူ စစ်အာဏာရှင်အား ဆန့်ကျင်တွန်းလှန်လျက် ရှိကြောင်း၊ တော်လှန်ရေးအင်အား တောင့်တင်းလာရေး ရေရှည်တည်တန့်ရေးအတွက် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူများ ဝိုင်းရံနေခြင်းသည့် စစ်အာဏာ ရှင်စနစ်အား အပြီးအပိုင်ဖျက်သိမ်းရေးတွက် ပြည်သူများက တတပ်တအား ပါဝင်နေပြီ ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

မြန္လူမ်ိဳးတို႔ကို ကိုယ္စားျပဳသည့္ ဖက္ဒရယ္ယူနစ္တစ္ခု ထြက္ေပၚေရး ႀကိဳးစားမည္ဟု မြန္ျပည္ဖက္ဒရယ္ေကာင္စီက ေၾကညာ
ရန္ကုန္၊ ဩဂုတ္ ၁၉
မြန္လူမ်ိဳးတို႔ကို ကိုယ္စားျပဳသည့္ ဖက္ဒရယ္ယူနစ္တစ္ခု ထြက္ေပၚေရး ႀကိဳး စားမည္ဟု မြန္ျပည္ဖက္ဒရယ္ေကာင္စီက ေၾကညာလိုက္သည္။
ယေန႔ က်ေရာက္သည့္ ၇၇ ႀကိမ္ေျမာက္ မြန္ေတာ္လွန္ေရးေန႔တြင္ မြန္ျပည္ဖက္ဒရယ္ေကာင္စီက အထက္ပါအတိုင္း ထုတ္ျပန္ေၾကညာလိုက္ျခင္းျဖစ္ သည္။
မြန္လူမ်ိဳးတို႔၏ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရရွိရန္ အစဥ္ ဦးထိပ္ထားၿပီး အနာဂတ္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတြင္ မြန္လူမ်ိဳးတို႔ကို ကိုယ္စားျပဳသည့္ ဖက္ဒရယ္ယူနစ္တခု ထြက္ေပၚႏိုင္ရန္ မြန္ျပည္ဖက္ဒရယ္ေကာင္စီမွ အားထုတ္ႀကိဳးပမ္းသြားမည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ အျခားေသာ ေတာ္လွန္ေရးအစုအဖြဲ႕မ်ား၊ စိတ္တူ ပန္းတိုင္တူညီသည့္ အဖြဲ႕အစည္းမ်ားႏွင့္အတူ စုစည္း ညီၫြတ္စြာျဖင့္ လက္ရွိ စစ္အာဏာရွင္စနစ္ အပါအဝင္ မည္သည့္အာဏာရွင္စနစ္မဆို တိုက္ဖ်က္သည့္ ေတာ္လွန္ေရးလုပ္ငန္းစဥ္မ်ားတြင္ တတပ္တအား ပါဝင္ၿပီး ဆက္လက္တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္း၊ သမိုင္းအစဥ္အလာ ႀကီးမား ေသာ မြန္ျပည္သူလူထုတရပ္လုံးကလည္း မြန္ျပည္ဖက္ဒရယ္ေကာင္စီႏွင့္အတူ ပူးေပါင္း ေဆာင္႐ြက္သြားႏိုင္ရန္ တိုက္တြန္းသည္။
မြန္ေခါင္းေဆာင္မ်ားက ၁၉၄၈ ခုႏွစ္မွသည္ ဒီမိုကေရစီကာလ၊ စစ္အုပ္ခ်ဳပ္ေရးကာလ၊ တပါတီအုပ္ခ်ဳပ္ေရးကာလမ်ားတြင္ မိမိတို႔၏ ကိုယ္ပိုင္ျပဌာန္းခြင့္၊ တန္းတူေရးႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စုအတြင္း မြန္ျပည္တရပ္ ေပၚထြန္းေရးအတြက္ တိုက္ပြဲဝင္ခဲ့ေၾကာင္း၊ ၇၇ ႏွစ္တာ ကာလအတြင္း ေတာ္လွန္ေရးအသီးအပြင့္ တခ်ိဳ႕ ရရွိခဲ့သည္ ဆိုေသာ္ျငားလည္း မြန္ျပည္သူမ်ား လိုအပ္သည့္ ႏိုင္ငံေရးပန္းတိုင္ အမ်ိဳးသားေရးပန္းတိုင္ကား မေရာက္ရွိေသးေၾကာင္း၊ ယေန႔ ႏိုင္ငံေတာ္အာဏာကို အတင္းအဓမၼ သိမ္းယူၿပီး ဖက္ဆစ္အာဏာရွင္နည္းႏွင့္ ျပည္သူ မ်ားကို နည္းမ်ိဳးစုံႏွင့္ ဖိႏွိပ္ညႇင္းပန္းအုပ္ခ်ဳပ္ေနသည့္ စစ္ေကာင္စီ (စကစ) သည္ စစ္ေရး၊ ႏိုင္ငံေရး၊ စီးပြါးေရးႏွင့္ ႏိုင္ငံတကာေရးရာမ်ားတြင္ ေဘးၾကပ္နံၾကပ္ႏွင့္ ျဖတ္သန္းေနရေၾကာင္း မြန္ျပည္ဖက္ဒရယ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေႏြဦးေတာ္လွန္ေရး အင္အားစုမ်ားႏွင့္ တိုင္းရင္းသားေတာ္လွန္ေရးအင္အားစုမ်ား ပူးေပါင္းၿပီး စစ္အာဏာရွင္အား အျပတ္အသတ္ တိုက္ခိုက္ျခင္းေၾကာင့္ ျမန္မာႏိုင္ငံေျမာက္ပိုင္းႏွင့္ ရခိုင္ေဒသမ်ားတြင္ ၿမိဳ႕ သိမ္းတိုက္ပြဲ ဆက္တိုက္ေပၚေပါက္ခဲ့ၿပီး အဆိုပါေအာင္ျမင္မႈမ်ားအတြက္ မြန္ျပည္ဖက္ဒရယ္ေကာင္စီက ေတာ္လွန္ေရး အင္အားစုမ်ားကို အထူးပင္ဂုဏ္ျပဳေၾကာင္း ထုတ္ျပန္ေျပာဆိုထားသည္။
မြန္ျပည္ဖက္ဒရယ္ေကာင္စီႏွင့္ ဆက္စပ္ေနသည့္ ေတာ္လွန္ေရး အင္အားစုမ်ား အေနျဖင့္ အျခားေသာ ေႏြဦးေတာ္လွန္ေရးအင္အားစု တိုင္းရင္းသားအင္အားစုမ်ားႏွင့္ အတူ စစ္အာဏာရွင္အား ဆန႔္က်င္တြန္းလွန္လ်က္ ရွိေၾကာင္း၊ ေတာ္လွန္ေရးအင္အား ေတာင့္တင္းလာေရး ေရရွည္တည္တန႔္ေရးအတြက္ ႏိုင္ငံတကာႏွင့္ ျပည္တြင္းရွိ ျပည္သူမ်ား ဝိုင္းရံေနျခင္းသည့္ စစ္အာဏာ ရွင္စနစ္အား အၿပီးအပိုင္ဖ်က္သိမ္းေရးတြက္ ျပည္သူမ်ားက တတပ္တအား ပါဝင္ေနၿပီ ျဖစ္ေၾကာင္း မြန္ျပည္ဖက္ဒရယ္ေကာင္စီ၏ ထုတ္ျပန္ေၾကညာခ်က္အရ သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *