တာမွေကိုလှဆွေ မွှင်းခါးစားကြပါအုန်း

တာမွေကိုလှဆွေ မွှင်းခါးစားကြပါအုန်း

တာမွေမြို့နယ် ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲတချို့ ထိခိုက်သေဆုံးမှုရှိဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၉

ရန်ကုန်မြို့၊ တာမွေမြို့နယ် ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အကျိုးစီးပွားကို ကာကွယ်၍ ပြည်သူများကို နှိပ်စက် ဖိနှိပ်လျက် ရှိသော တာမွေမြို့နယ် ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ အကြမ်းဖက် ရဲတချို့ ထိခိုက်သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ တာမွေမြို့နယ် ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းထဲမှာရှိနေတဲ့ ရဲ ၃ ကောင်ကတော့ ပွဲချင်းပြီး သေတယ်။ ၁ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရတယ်။ အခြေအနေမကောင်းဘူး” ဟု Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။အဆိုပါ တိုက်ခိုက်မှုကို “Cheetah Operation” များထဲမှ တစ်ခုအဖြစ် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အနေဖြင့် တစ်စုံ တစ်ရာ ထိခိုက်ခဲ့ခြင်း မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရဲစခန်းကို ရောက်ရှိလာပြီး စခန်း ပတ်ဝန်းကျင်ကို မိုးကာအစိမ်းများ ကာရံ၍ ပရဟိ တ ကားများဖြင့် ရဲအလောင်းများကို သယ်ထုတ်သွားကြောင်း၊ ရဲဘက်သတင်းရင်းမြစ်တချို့ကလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရမှု မှန်ကန်သည်ဟု အတည် ပြု ပြောဆိုကြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *