ငှက်ပျောဖူးတွေသယ်ပြီးအမုန်းကျွေးမယ်(ရုပ်/သံ)

ငှက်ပျောဖူးတွေသယ်ပြီးအမုန်းကျွေးမယ်(ရုပ်/သံ)

ပုလဲမြို့နယ်အတွင်း အင်မထီးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက် (ရုပ်/သံ)

သြဂုတ် ၃၀၊ ၂၀၂၄

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ အင်မထီးပျူစခန်းကို Fixed Wings Drone တွေနဲ့ ဗုံးသီးအလုံး ၇၀ ခန့် ကြဲချတိုက် ခိုက်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံတွေ သေဆုံးထိခိုက်မှုရှိခဲ့ပြီး မြေပြင်အခြေအနေအရ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို KLG PDF(ဗျူဟာ အမှတ် ၄၅)၊ PRAF(ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့) ၊ PDA (ယင်းမာပင်ခရိုင်တပ်ရင်း ၃၅)၊ B 21 PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ (တပ်ခွဲ (၁)BDF)၊ ဗျတ်ဝိဗျတ္တတပ်ဖွဲ့နဲ့ နယ်​မြေခံအဖွဲ့စည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

သြဂုတ် ၃၀၊ ၂၀၂၄

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *