ရန်ကုန်နှင့် မြို့ကြီးများအားလုံး ငလျင်သတိပြုနိုင်ရန် နှိုးဆော်ခြင်း

ငလျင် သတိပြုနိုင်ပါရန် နှိုးဆော်ခြင်း

2023 ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ တိုင်းဒေသကြီး ၃ ခုအတွင်း (ဧရာဝတီ ၊ ရန်ကုန် ၊ ပဲခူး တိုင်း) တို့အတွင်း ငလျင် 15 ကြိမ်ထက်မနည်း လှုပ်ခတ်ထားခဲ့ပါသည် ။

၎င်း ငလျင်များသည် တစ်ခုနှင့် တစ်ခု ဆက်စပ်နေပြီး ၊ နာရီပိုင်းခြားပြီး ထပ်မံလှုပ်ခတ်သည်ကို တွေ့ရှိရပါသည် ။

5.0 (Moderate) အဆင့်ရှိ ငလျင်များပါ လှုပ်ခတ်ထားပြီး ငလျင်သက်ရောက်မှုများ ကို အတော်ပင်သိသိသာသာ ခံစားခဲ့ကြရပါသည် ။

ငလျင်နှင့် ပတ်သက်၍ ယခင်လများကလည်း

သတိပေးမှုများ လုပ်ဆောင်ခဲ့ပါသည် ။

ငလျင်ကြောများ လှုပ်ရှားအသက်ဝင်မှု ပိုမို များပြားလာနေပြီး လွန်ခဲ့သည့် ၅ နှစ် နှင့် နှိုင်းစာလျှင်

လှုပ်ခတ်မှု အကြိမ်ရေ ၃ ဆခန့် ပိုမိုလာကြောင်း

လေ့လာတွေ့ရှိနေရပါသည်။

လူဦးရေ ၈ သန်းခန့်နေထိုင်သော ရန်ကုန်မြို့သည်

လူဦးရေ ထူထပ်ခြင်း ၊ တိုက်တာ အဆောက်အဦးများ များပြားခြင်း ၊ အချို့ အဆောက်အဦးများသည် စံချိန်စံညွှန်း မပြည့်မီခြင်းများ ရှိနေပါသည် ။ အလွန်အန္တရာယ်များပြီး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လှပါသည်။

ငလျင်များ လှုပ်ခတ်နိုင်ခြေ ပိုမို များပြားလာနေပြီး

လှုပ်ခတ်မှုများကို အချိန်နှင့် တပြေးညီ တင်ပြပေးနိုင်အောင် ကြိုးစားပေးနေပါသည်။

ငလျင်အကြိမ်ရေများ စနစ်တကျ လေ့လာမှတ်တမ်းတင်ပေးလျှကိရှိနေပါသည် ။

အောက်တိုဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ငလျင် ၁၄ ကြိမ် လှုပ်ခတ်ထားပြီး ဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ မိဘပြည်သူများ အနေဖြင့်

ငလျင်အန္တရယ် သတိပြုကြပါရန်နှင့် ကြိုတင် သတိပြု ပြင်ဆင်နိုင်ပါရန် လေးစားစွာ

အသိပေးတိုက်တွန်း နှိုးဆော်အပ်ပါသည် ။

လေးစားစွာဖြင့် 🙏🙏🙏

ကိုဖထီး

11.10.2023

Be the first to comment

Leave a Reply

Your email address will not be published.


*