စုစုစံရဲ့ ၂၄နာရီအတွင်း မိုးခန့်မှန်းချက်

မိုးညှင်း(ကချင်ပြည်နယ်) မိုးကြီးရေလျှံနိုင်ပါတယ် ခန့်မှန်းချိန် 11/10/2023 6:21pm

ကလော အောင်းပန်း ပင်တယ ရွာငံ 🌧

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါဘူး issued time 11/10/2023

၂၄နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း စစ်ကိုင်းတိုင်းအလယ်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး နေရာကွက်မိုးကြီးနိုင်ပါတယ်

မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း မကွေးတိုင်း

နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း မန္တလေးတိုင်းဒေသကြီးတွေမှာတော့ မိုးအသင့်အတင့်ရွာနိုင်ပါသေးတယ်

တာပိန်မြစ်ရေသတိ 🌧🌧🌧🌧🌧

၂၄နာရီမှ ၄၈နာရီအတွင်း တာပိန်မြစ်ဖျား ယူနန်ပြည်နယ်နှင့် လိုင်ဇာ လဂျာယန် နောင်ဝမ့် ဒေါ့ဖုန်းယန် လွယ်ဂျယ် ဗန်းမော်ဒေသတွေမှာထူးကဲမိုးများစွာရွာသွန်းနိုင်ပြီး

တာပိန်မြစ်အတွင်းအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ပါတယ်မြန်မာနိုင်ငံမှာ တာပိန်မြစ်အတွင်းစီးဝင်သောချောင်းများသတိထားကြပါ

တာပိန်မြစ်သည် တရုတ်နိုင်ငံ ယူနန် ပြည်နယ်တွင် စတင်မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင်းသို့ စီးဝင်လာကာ ဗန်းမော်မြို့အနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါတယ်

ဧရာဝတီမြစ်၏ ပထမဆုံးမြစ်လက်တက်လည်းဖြစ်ပါတယ် အချို့အပိုင်းများသည် တရုတ်-မြန်မာ နယ်နိမိတ်အဖြစ် စီးဆင်းပါတယ်..

Be the first to comment

Leave a Reply

Your email address will not be published.


*