လတ်တလောအဖြစ်များနေသော ရေယုန်ပေါက်လျှင် ဆေးနည်း

ရေယုန်ပေါက်လျှင် ဆေးနည်း

ဆရာကြီးရှင့်သမီးအမေရဲ့မျက်နှာမှာ ရေယုံပေါက်နေပါတယ်။ တစ်ဖြည်းဖြည်း

မျက်နှာတစ်ခြမ်းလုံးပျံ့လာနေပါပြီရှင့်ပျောက်နိုင်မဲ့ဆေးနည်းလေးသိချင်ပါတယ်။

သူများတွေက မန်းရင်ပျောက်တယ်ပြောလို့မန်းတဲ့ဆရာမသွားပြတာလည်းမပျောက်လို့ပါရှင့်၊ သူများတွေက

ဆင်ရေယုံဆို မန်းလို့မပျောက်ဖူးပြောလို့ စိုးရိမ်လို့ပါရှင့်။ လမ်းညွှန်ပေးပါဆရာရှင့်။

ရေယုန်ပေါက်လျှင်

ရေယုန်သည် အပူနာပင်ဖြစ်သည်။ ကိိုယ်အပူချိန်ငွေ့ငွေ့နှင့် ဖျားလာတက်သည်။ သို့သော် ရေယုန် ပိုးသည် အဖျားပိုးတော့ မဟုတ်ပေ။

အရေပြားနှင့် အာရုံကြောများကိို ရောင်စေသော ပိုးသာဖြစ်သည်။

ရေယုန်ဖြစ်လျှင် ရေမချိုးရ၊ ရေထိိလျှင် ပွားတက်သည်ဟု ဆိုကြသည်။ အမှန်က ရေမချိုးလျှင် ကိုယ်အပူချိန် ပိုတက်လာပြီး ဖျားနိုင်သည်။

ရေချိုးပေးပြီး အနာပေါ်တွင်် ရေမတင်အောင် ဝါဂွမ်းဖြင့် သုတ် ပေးခြင်းသာ အကောင်းဆုံး ဖြစ်သည်။

အနာသန့်စင်သည့် ဆေးရည်များ ရေခြောက်ပြီးနောက် သုတ်လိမ်း ပေးပါ။

ရေယုန်အတွက် မြန်မာ့ရိုးရာ ဆေးနည်းတိုများ

ကင်းမုံရွက်ကို သန့်စင်အောင် ရေဆေးပြီး သတ္တုရည်ညှစ်ယူ အနာပေါ်တွင် မကြာခန သုတ်လိမ်း ပေးပါ။

အရည်ဆွတ်ပေးပါက ရေယုန်နာ ခြောက်ပြီး မပြန့်ပွားနိုင်။

ကျွန်းသားမီးသွေးကို အမှုန့်ထောင်းခြေ၊ အုနျးဆီ​ဖြင့်ဖျော်ပြီး ရေယုန်အနာတွင် သုတ်လိမ်းပေးပါ။

လေးညှင်းပွင့်ကို အမှုန့်ထောင်းပြီး အနာပေါ်တွင် ဖြူးပေးပါ၊ သိို့မဟုတ် သွေးလိမ်းပါ။

ပိစပ်ရွက်၊ ကုက္ကိုရွက်များ ပြုတ်၍ ရေယုန်အနာကို ဖန်ဆေးပေးနိုင်သည်။

နှုတ်ခမ်းထောင့်တွင် ပေါက်သော ရယေုနျနာကို ထမင်းအိုးတည်ပြီး ပွက်သောအခါ

ရသည့်အမြုပ် ဖြင့် ခံနိုင်သမျှ အပူခံပြီး တို့ပေးလျှင် ပျောက်ကင်းနိုင်သည်။

ကြောင်ပန်းရွက် အရည်ညှစ် လိိမ်းပါ။ သောက်လည်းသောက်ပါ။

ကွမ်းရွက်ကို ချေပြီး အဖတ်လေးများဖြစ်အောင် ပြုလုပ်၍ ကပ်ပေးပါ။

ကုက္ကိုခေါက်အမှုန့်ကို ထောပတ်နှင့် ဖျော်၍လိမ်းပါ။

ငုပင်မှရသော ငုရွက်သတ္တုရည်ကို လိမ်းကျံပေးပါ။

ပူစီနံရွက် (ပူဒီနာ)ကို အရည်ညှစ်ပြီး သုတ်လိမ်းပေးပါ။ ပူဒီနာရွက်ကို စားပေးလျှင်

ရေယုန်နာ ကိုက်ခဲခြင်း သက်သာပြီး အရောင်ကျစေသည်။

သံပရာရည်နှင့် ပျားရည်ရောစပ်၍ သုတ်လိမ်းပေးလျှင် ရေယုန်နာ ပြန့်ပွားခြင်းကို တားဆီးနိုင် သည်။

ရေသဖန်းပင်ကို ဓားဖြင့်ထစ်ပါက အစေးအဖြူများ ထွက်လာမည်။ ထိုအစေးဖြင့် သုတ်လိမ်းပေးပါ။

ခွေးတောက်ရွက်ကို မီးကင်ပြီး အရည်ညှစ်၍ သုတ်လိမ်းပေးပါ။

ရေသဖန်းရွက်ကို ပြာချ အုန်းဆီဖြင့် လိမ်းပါ။

ညောင်ဗောဓိ အမြစ်ခေါက်ကို ရေဖြင့် ထက်ဝက်ခမ်းအောင် ကျို၍သောက်လျှင် ရေယုန်ကြီးနာ ပျောက်၏။

ရေယုံ မကြာခနပေါက်လျှင် ကိိုယ်တွင်းငုပ်လျှိုးနေသော ရောဂါကြီးများရှိတတ်သည်။ သတိထားကုသပါ။ ဆေးမြီးတိုနှင့်မရပါ။

HIV ကဲ့သို့ရောဂါကြီးများရှိိသူတွင် ဆင်ရေယုံကြီးများပေါက်တတ်သည်။ ကိုယ်ခံအားကျသည့်အချိန်တွင် ရေယုံသည်ပြန့်ပွားလွယ်သည်။

ကြည်လွင်မြင့်(မုဒြာ)

credit:မူရင်း

Zawgyi

ေရယုန္ေပါက္လွ်င္ ေဆးနည္း

ဆရာႀကီးရွင့္သမီးအေမရဲ႕မ်က္ႏွာမွာ ေရယုံေပါက္ေနပါတယ္။ တစ္ျဖည္းျဖည္း

မ်က္ႏွာတစ္ျခမ္းလုံးပ်ံ့လာေနပါၿပီရွင့္ေပ်ာက္နိုင္မဲ့ေဆးနည္းေလးသိခ်င္ပါတယ္။

သူမ်ားေတြက မန္းရင္ေပ်ာက္တယ္ေျပာလို႔မန္းတဲ့ဆရာမသြားျပတာလည္းမေပ်ာက္လို႔ပါရွင့္၊ သူမ်ားေတြက

ဆင္ေရယုံဆို မန္းလို႔မေပ်ာက္ဖူးေျပာလို႔ စိုးရိမ္လို႔ပါရွင့္။ လမ္းၫႊန္ေပးပါဆရာရွင့္။

ေရယုန္ေပါက္လွ်င္

ေရယုန္သည္ အပူနာပင္ျဖစ္သည္။ ကိိုယ္အပူခ်ိန္ေငြ႕ေငြ႕ႏွင့္ ဖ်ားလာတက္သည္။ သို႔ေသာ္ ေရယုန္ ပိုးသည္ အဖ်ားပိုးေတာ့ မဟုတ္ေပ။

အေရျပားႏွင့္ အာ႐ုံေၾကာမ်ားကိို ေရာင္ေစေသာ ပိုးသာျဖစ္သည္။

ေရယုန္ျဖစ္လွ်င္ ေရမခ်ိဳးရ၊ ေရထိိလွ်င္ ပြားတက္သည္ဟု ဆိုၾကသည္။ အမွန္က ေရမခ်ိဳးလွ်င္ ကိုယ္အပူခ်ိန္ ပိုတက္လာၿပီး ဖ်ားနိုင္သည္။

ေရခ်ိဳးေပးၿပီး အနာေပၚတြင္္ ေရမတင္ေအာင္ ဝါဂြမ္းျဖင့္ သုတ္ ေပးျခင္းသာ အေကာင္းဆုံး ျဖစ္သည္။

အနာသန႔္စင္သည့္ ေဆးရည္မ်ား ေရေျခာက္ၿပီးေနာက္ သုတ္လိမ္း ေပးပါ။

ေရယုန္အတြက္ ျမန္မာ့ရိုးရာ ေဆးနည္းတိုမ်ား

ကင္းမုံ႐ြက္ကို သန႔္စင္ေအာင္ ေရေဆးၿပီး သတၱဳရည္ညွစ္ယူ အနာေပၚတြင္ မၾကာခန သုတ္လိမ္း ေပးပါ။

အရည္ဆြတ္ေပးပါက ေရယုန္နာ ေျခာက္ၿပီး မျပန႔္ပြားနိုင္။

ကြၽန္းသားမီးေသြးကို အမႈန႔္ေထာင္းေျခ၊ အုန်းဆီ​ျဖင့္ေဖ်ာ္ၿပီး ေရယုန္အနာတြင္ သုတ္လိမ္းေပးပါ။

ေလးညွင္းပြင့္ကို အမႈန႔္ေထာင္းၿပီး အနာေပၚတြင္ ျဖဴးေပးပါ၊ သိို႔မဟုတ္ ေသြးလိမ္းပါ။

ပိစပ္႐ြက္၊ ကုကၠိဳ႐ြက္မ်ား ျပဳတ္၍ ေရယုန္အနာကို ဖန္ေဆးေပးနိုင္သည္။

ႏႈတ္ခမ္းေထာင့္တြင္ ေပါက္ေသာ ရေယုန်နာကို ထမင္းအိုးတည္ၿပီး ပြက္ေသာအခါ

ရသည့္အျမဳပ္ ျဖင့္ ခံနိုင္သမွ် အပူခံၿပီး တို႔ေပးလွ်င္ ေပ်ာက္ကင္းနိုင္သည္။

ေၾကာင္ပန္း႐ြက္ အရည္ညွစ္ လိိမ္းပါ။ ေသာက္လည္းေသာက္ပါ။

ကြမ္း႐ြက္ကို ေခ်ၿပီး အဖတ္ေလးမ်ားျဖစ္ေအာင္ ျပဳလုပ္၍ ကပ္ေပးပါ။

ကုကၠိဳေခါက္အမႈန႔္ကို ေထာပတ္ႏွင့္ ေဖ်ာ္၍လိမ္းပါ။

ငုပင္မွရေသာ ငု႐ြက္သတၱဳရည္ကို လိမ္းက်ံေပးပါ။

ပူစီနံ႐ြက္ (ပူဒီနာ)ကို အရည္ညွစ္ၿပီး သုတ္လိမ္းေပးပါ။ ပူဒီနာ႐ြက္ကို စားေပးလွ်င္

ေရယုန္နာ ကိုက္ခဲျခင္း သက္သာၿပီး အေရာင္က်ေစသည္။

သံပရာရည္ႏွင့္ ပ်ားရည္ေရာစပ္၍ သုတ္လိမ္းေပးလွ်င္ ေရယုန္နာ ျပန႔္ပြားျခင္းကို တားဆီးနိုင္ သည္။

ေရသဖန္းပင္ကို ဓားျဖင့္ထစ္ပါက အေစးအျဖဴမ်ား ထြက္လာမည္။ ထိုအေစးျဖင့္ သုတ္လိမ္းေပးပါ။

ေခြးေတာက္႐ြက္ကို မီးကင္ၿပီး အရည္ညွစ္၍ သုတ္လိမ္းေပးပါ။

ေရသဖန္း႐ြက္ကို ျပာခ် အုန္းဆီျဖင့္ လိမ္းပါ။

ေညာင္ေဗာဓိ အျမစ္ေခါက္ကို ေရျဖင့္ ထက္ဝက္ခမ္းေအာင္ က်ိဳ၍ေသာက္လွ်င္ ေရယုန္ႀကီးနာ ေပ်ာက္၏။

ေရယုံ မၾကာခနေပါက္လွ်င္ ကိိုယ္တြင္းငုပ္လွ်ိုးေနေသာ ေရာဂါႀကီးမ်ားရွိတတ္သည္။ သတိထားကုသပါ။ ေဆးၿမီးတိုႏွင့္မရပါ။

HIV ကဲ့သို႔ေရာဂါႀကီးမ်ားရွိိသူတြင္ ဆင္ေရယုံႀကီးမ်ားေပါက္တတ္သည္။ ကိုယ္ခံအားက်သည့္အခ်ိန္တြင္ ေရယုံသည္ျပန႔္ပြားလြယ္သည္။

ၾကည္လြင္ျမင့္(မုျဒာ)

credit:မူရင္း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *