ရာသီ လာချိန်မှာ ဘယ်လိုအစားအစာတွေကိုရှောင်ပြီး၊ ဘာတွေကိုတော့ စားပေးနိုင်သလဲ

အမျိုးသမီးများရဲ့ အာဟာရလိုအပ်ချက်တွေဟာ ရာသီလာချိန်တစ်လျှောက်လုံး ပြောင်းလဲနေပြီးတော့ ဒါဟာ ဟော်မုန်းအတက်အကျဖြစ်ခြင်း အကြောင်းအရင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် သွေးဆင်းချိန်မှာ ပဓာနကျတဲ့ သတ္တုဓာတ်တွေနဲ့ ဗီတာမင်တွေကိုလည်း ဆုံးရှုံးသွားနိုင်ပါတယ်။ အခုလိုဆုံးရှုံးမှုကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်များက အမျိုးသမီးများရဲ့ ရာသီချိန်မှာ အာဟာရမျှတစွာ စားသုံးပေးဖို့ကို အမြဲတိုက်တွန်းနေရတာဖြစ်ပါတယ်။ ရာသီလာချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ဗိုက်အောင့်ခြင်း၊ ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို တိုက်ထုတ်ဖို့အတွက် တစ်ချို့သောအစားအစာများက သင့်ကို ကူညီပေးနိုင်ပါတယ်။

ဒါဆိုရင် အမျိုးသမီးတွေအတွက် အင်မတန်အရေးကြီးတဲ့ ရာသီချိန်မှာ ဘယ်လိုအစားအစာတွေကို စားသင့်ပြီး၊ ဘယ်လိုအစားအသောက်တွေကို ရှောင်ကြဉ်ရမလဲဆိုတာကို အခုပဲပြောပြပေးချင်ပါတယ်။

ရာသီချိန်မှာ စားပေးသင့်တဲ့ အစားအစာများ

ပန်းဂေါ်ဖီစိမ်း

ဓမ္မတာချိန်မှာ ဆုံးရှုံးမှုအများဆုံးသတ္တုဓာတ်ကတော့ သံဓာတ်ဖြစ်တာကြောင့် ကုန်ဆုံးသွားတဲ့ပမာဏကို ပြန်လည်ဖြည့်တင်းဖို့အတွက် ပန်းဂေါ်ဖီစိမ်းက ကူညီပေးပါလိမ့်မယ်။ သံဓာတ်အပြင်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ကလည်း ပါဝင်သေးတာကြောင့် ဖောရောင်ခြင်း၊ အစာမကြေခြင်းတို့ကို သက်သာစေကာ တင်းမာနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေမှာဖြစ်ပါတယ်။

ငှက်ပျောသီး

ရာသီချိန်မှာ သရေစာအနေနဲ့ စားပေးသင့်တာကတော့ ငှက်ပျောသီးတွေပဲဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖိုက်ဘာတို့ ကြွယ်ဝတာကြောင့် ပုံမှန်မဟုတ်တဲ့ အူသိမ်အူမ လှုပ်ရှားမှုတွေ၊ ဝမ်းလျှောခြင်းနှင့် အခြားသရေစာတွေစားချင်စိတ်ကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။

ချောကလက်အမည်း

ချောကလက်အမည်းမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ Antioxidants တို့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် သွေးစီးဆင်းမှုကို အကျိုးကျေးဇူးဖြစ်စေကာ သွေးကြောတွေကိုပြေလျော့စေမှာပါ။

ဆယ်လ်မွန်ငါး

အိုမီဂါသရီးပါဝင်တဲ့အပြင် ပရိုတင်းလည်း ကြွယ်ဝတာကြောင့် ရောင်ရမ်းခြင်း၊ ဗိုက်အောင်ခြင်းတွေကို သက်သာစေဖို့နဲ့ ပုံမှန်မဟုတ်တဲ့ရာသီချိန်တွေအတွက် ဆယ်လ်မွန်ငါးကိုလည်း စားပေးသင့်ပါတယ်။

ဂျင်း

ရောင်ရမ်းမှုကို ထိန်းချုပ်ဖို့အတွက် ဂျင်းကအကူအညီပေးနိုင်သလို ရာသီချိန်မှာ ခံစားရတဲ့ ဝေဒနာကိုလည်း လျော့နည်းစေမှာဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ဂျင်းတစ်ပြားကို လက်ဖက်ရည်ကြမ်းထဲမှာထည့်သောက်ပေးခြင်းဖြင့် ဗိုက်အောင့်ခြင်းကို သက်သာစေမှာပါ။

လိမ္မော်သီးနှင့် လီမွန်သီး

ရာသီချိန်မှာ အချိုစားချင်စိတ်ကို လျော့ချနိုင်ဖို့ရယ်၊ ဗီတာမင်သုံးစွဲမှုကို မြှင့်တင်ဖို့ရယ်အတွက် အသီးများများစားပေးပါ။ အချဉ်ဓာတ်ရှိတဲ့ အသီးတွေကတော့ အကောင်းဆုံးပါပဲ။ ဗီတာမင်တွေအပြင် ဖိုက်ဘာနဲ့ ရေဓာတ်လည်းပါဝင်လို့ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးကာ အစာမကြေမှာလည်း မပူရတော့ပါဘူး။

ရာသီချိန်မှာ ရှောင်ကြဉ်ရမယ့် အစားအစာများ

နို့

ရာသီလာတိုင်း ဗိုက်အောင်ခြင်းကို ခံစားရတတ်တယ်ဆိုရင် နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ နို့မှာ အစာခြေဖျက်ရခက်ခဲတဲ့ သကြားတစ်မျိုးပါဝင်တာကြောင့် ဖောရောင်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် မူးဝေအော့အန်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

သကြားလုံးနဲ့ သရေစာများ

ကိုယ်ကြိုက်တဲ့အစားအစာတွေကို စားရတာက စိတ်ပျော်စရာအကောင်းဆုံးဆိုပေမယ့်လည်း ရာသီချိန်မှာ စားမိမယ်ဆိုရင်တော့ ဖောရောင်ခြင်း၊ ဂတ်စ်ထခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ကဖိန်းဓာတ်

ရာသီချိန်မှာ ကော်ဖီသောက်မိခြင်းက ရာသီကြာချိန်ကို ပိုပြီးရှည်ကြာစေနိုင်ပါတယ်။ ဒါ့အပြင် ရာသီမလာချိန်မှာ ခံစားရတဲ့နာကျင်မှုတွေကို မခံစားချင်ဘူးဆိုရင်တော့ ရာသီမလာခင်နဲ့ လာနေချိန်မှာ ကော်ဖီမသောက်ပါနဲ့။

အပူအစပ်များ

အရမ်းစပ်တဲ့ အစားအစာတွေကို စားခြင်းက အစာအိမ်အတွင်းမှာ နေမသာထိုင်မသာဖြစ်စေနိုင်တာကြောင့် ဘယ်လောက်ပဲအစပ်ကြိုက်ကြိုက် ရာသီချိန်မှာ‌တော့ လုံးဝမစားမိပါစေနဲ့။

Credit:

Be the first to comment

Leave a Reply

Your email address will not be published.

*